Chapter (15) ကူညီပါရစေ ...

3.4K 23 0
                                    


ကူညီပါရစေ ...

@@@@@@@

ယွန်းနဲ့အတူ ကျွန်တော်တို့ ထိုင်နေကြ မွန်းဆန်းနား မှာပေါ့ ...။

" ကို .. ပြောဦးမယ်။ မဇင်လေ .. ခုတလော ဘာတွေဖြစ်နေလဲမသိဘူး။ ဆံပင်ရှည်လာတာ မညှပ်ဘူးတော့။
သူ အရင်ကဆို နည်းနည်းရှည်ရင် ဘိုကေ သွားညှပ်နေကြ။ အခု .. ရှည်လာတာကို မညှပ်သေးဘူး သိလား "

သိတာပေါ့ မဇင် စတင်ပြောင်းလဲနေပြီပဲ။ ကောင်းပါတယ် .. သူဖြစ်ချင်တာကို ဖြစ်အောင် လုပ်နိုင်ပါစေလို့
စိတ်ထဲကနေ ဆုတောင်းပေးလိုက်တယ်။

" နောက်ပြီး .. အနေထိုင်လဲ ပြောင်းလာတယ်။ အရင်ကဆို လမ်းလျှောက်ရင် ယောက်ျားပုံစံနဲ့ အရမ်းမြန်တာ။ အခု လမ်းလျှောက်ရင် နွဲ့တဲ့တဲ့ နဲ့ သိလား။ ငါ့အစ်မ ဘာဖြစ်နေတာလဲ မသိဘူး။ မိန်းမစိတ်များ ပေါက်နေလား .. အာ မဖြစ်နိုင်ဘူး။ သူက ငယ်ကတည်းက ယောက်ျား ဖြစ်ချင်နေတာ။ အိမ်ကလူတွေလဲ သူ့ကြည့်ပြီး အံ့သြနေတယ်။ သူကတော့ ခပ်တည်တည်ပဲ။ မီးဖိုချောင်မှာလဲ သူ့ဘာသာ ကြော်လှော်နေတယ်။ အရင်ကဆို မမဖြူက သူ့အတွက် အကုန် လုပ်ပေးရတာ။ ခု သူစားချင်တာ သူ့ဘာသာ လုပ်စားနေတာတော့ "

" ကောင်းတာပေါ့ .. မဇင် ပြောင်းလဲလာတာ ယွန်းတို့ ဝမ်းသာရမှာပေါ့ "

" မေမေ ကတော့ သူ့သမီး မိန်းမစိတ် ပေါက်နေလားဆိုပြီး ကြိတ်ဝမ်းသာနေတယ်။
နောက်ပြီး .. ပြောရဦးမယ် .. ဟိ .. အိမ်က အတင်းတွေ ကိုနဲ့ တုတ်လိုက်ဦးမယ် "

" ပြောပါဦး .. "

" လွန်းလေ .. အခုတလော အရမ်းငြိမ်တာပဲ။ ယွန်းနဲ့ ရန်လဲ မဖြစ်တော့ဘူး။ ယွန်းကိုလဲ အလိုလိုက်နေတယ်။ တစ်နေ့က ယွန်းအတွက်ဆိုပြီး မုန့်တွေ အများကြီး ဝယ်လာတယ်။ အရင်က သူ မုန့်ဝယ်လာလို့ ယွန်း တောင်းစားရင် မကျွေးဘူး .. ရန်ဖြစ်ရတယ်။ စားချင် ကိုယ့်ဘာသာ ဝယ်တဲ့။ အခုတော့ ယွန်းအတွက် မုန့်တွေ အများကြီး ဝယ်ပေးတယ်။ ယွန်းကိုလဲ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်တယ်။ သူလဲ ပြောင်းလဲလာတယ်။ အိမ်မှာ ဘာတွေဖြစ်နေလဲ သိတော့ဘူး "

ဒီတစ်ခါတော့ ယွန်းစကားကြောင့် ကျွန်တော် နေရခက်သွားသည်။ လွန်းတစ်ယောက် ကျွန်တော်နဲ့ ပတ်သက်မိလိုက်လို့ သူ့ညီမလေးကို အားနာပြီး အရင်ထက် ပိုဂရုစိုက်နေတာဖြစ်မယ်။ ရုတ်တရက် လွန်းကို ကျွန်တော် သတိရသွားသည်။ လွန်း .. အဆင်မှ ပြေရဲ့လား။ လွန်းနဲ့ ပါရာဒိုက်ဟိုတယ်မှာ တွေ့ပြီးကတည်းက အဆက်သွယ် မရတာ ကြာပြီ။ ကျွန်တော့်ဆီ ဖုန်းလဲ မဆက်ဘူး။ ကျွန်တော်လဲ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဖုန်းမဆက်ရဲဘူး။ လွန်းတစ်ယောက် ဘာတွေဖြစ်နေမလဲ ...။

" ကို .. ဘာတွေ စဉ်းစားနေတာလဲ .. ယွန်း ပြောတာ မကြားဖူးလား .. "

" ဟင် .. ဘာပြောလိုက်တာလဲ ယွန်း "

" တွေ့လား .. ဒီက ပြောနေတာကို စိတ်မဝင်စားဘူး သူ့အလုပ်ကြောင်းပဲ တွေးနေတာမလား။ မေမေက ရွာပြန်ချင်တယ်တဲ့ .. မေမေရဲ့ အဖေ ယွန်းတို့ အဖိုးရဲ့ ဇာတိလေ။ ရွှက်ပန်ကုန်း ရွာတဲ့။ ဒီမြို့နဲ့ သိပ်မဝေးဘူး။ အဲ့ဒါ ယွန်းတို့ကို ကိုအားတဲ့နေ့ လိုက်ပို့ပေးပါလား။ ရွာမှာ တစ်ညတော့ အိပ်ရမယ်။ နေ့ချင်းပြန်ကျ ပင်ပန်းတယ်လေ။ လိုက်ပို့ပေးမှာလား .. "

" အင်း .. လိုက်ပို့ပေးမယ်လေ .. ဘယ်တော့ သွားချင်တာလဲ "

" ကို အားတဲ့နေ့ သွားမယ်လေ။ မေမေက အရမ်းသွားချင်နေတာ။ ဟိုမှာ သူ့အမျိုးတွေ အများကြီး ရှိတယ်။
မတွေ့ရတာ ကြာလို့ လွမ်းနေလေရဲ့။ လိုက်ပို့ပေးလိုက်ပါ ကိုရယ် .. ယွန်းတို့ အတူတူသွားကြတာပေါ့ "

" တစ်မိသားစုလုံး သွားမှာလား .. "

" အင်းပေါ့ .. ကို့ကားနဲ့ဆို အားလုံးဆန့်တယ်။ ယွန်းအိမ်က ကားက သေးတော့ အကုန် မဆန့်ဘူး။
အဲ့ကြောင့် ကို့ကို လိုက်ပို့ခိုင်းတာ။ သွားမယ်ဆို တစ်မိသားစုလုံး သွားချင်တာပေါ့ "

" အိုကေလေ .. ကို အားတဲ့နေ့ လိုက်ပို့ပေးမယ် "

" ဟုတ် .. ဒါဆို ကို လိုက်ပို့ပေးမယ်လို့ မေမေ့ကို ပြောထားလိုက်မယ်နော် "

" အင်း .. ယွန်း ပြန်ကြရအောင်။ ကို အလုပ်ကိစ္စနဲ့ သွားစရာ ရှိသေးတယ် "

တကယ်တော့ ကျွန်တော် ဒီနေ့ ဘာအလုပ်မှ ထွေထွေထူးထူး မရှိပါဘူး။ ဒါပေမယ့် လွန်း အကြောင်း တွေးမိပြီး ယွန်းကို မျက်နှာပူနေတာမို့ ပြန်ချင်တာနဲ့ လိမ်လိုက်ရတော့သည်။ ကျွန်တော်နဲ့ ယွန်း .. မွန်းဆန်းနားကနေ ထွက်လာခဲ့ကြသည်။ ယွန်းက သူ့ကားနဲ့ လာတာမို့ သူ့ဘာသာ ပြန်သွားသည်။ ကျွန်တော်လဲ အိမ်သို့ ကားမောင်းလာခဲ့သည်။ ကားမောင်းရင်း ဖုန်းဝင်လာလို့ ကိုင်လိုက်သည်။

( .............. )

" ဟယ်လို .. "

" ကိုပြည့်လား .. "

" ဟုတ်ကဲ့ .. ဘယ်သူလဲ မသိဘူး "

" ငါ .. အဲ .. မမဇင်ပါ .. "

" ဟုတ် .. မမဇင် .. ဖုန်းနံပါတ်က စိမ်းနေတော့ မသိဘူးဖြစ်သွားတယ် "

" အင်း .. မမဇင် မင်းဖုန်းနံပါတ်ကို ယွန်းဖုန်းထဲကနေ ခိုးမှတ်ထားတာ။ မင်း အခု အားလား .. "

" ဟုတ် .. ဘာဖြစ်လို့လဲ .. "

" ဟို .. အားရင် မမဇင် ကို ခဏလောက် လာတွေ့ကွာ "

" ဟုတ် ဘယ်ကိုလာရမလဲ .. အိမ်ကိုလား မမဇင် "

" အိမ်မဟုတ်ဘူး .. မြို့ထဲ (၁၂)လမ်းက Queen အလှပြင်ဆိုင်ကို လာခဲ့။
မမဇင်လဲ အိမ်ကနေ အခု ထွက်ခဲ့မှာ။ အဲ့ရောက်မှ ဆုံကြတာပေါ့။ လာမယ်မလား .. "

" ဟုတ် .. ခဏနေမှ ရောက်မယ်။ အခု အဲ့ဘက် လမ်းမသင့်သေးလို့ .. "

" အင်း ရတယ် ဖြေးဖြေးလာ။ ဒါပဲနော် .. မမဇင် စောင့်နေမယ် "

မဇင်တစ်ယောက် အပြောဆို အတော် ပြောင်းလဲသွားသည်။ အရင်လို မာဆတ်ဆတ် မဟုတ်တော့ပဲ စကားပြောပုံက မိန်းမတစ်ယောက်လို ဖြစ်လာသည်။ ဘာလို့ ကျွန်တော့်ကို ချိန်းလဲ မသိဘူး။ ကျွန်တော် ကား ပြန်ကွေ့ကာ မြို့ထဲဘက် မဇင်ပြောတဲ့ အလှပြင်ဆိုင်သို့ ထွက်လာခဲ့သည်။ လမ်းပိတ်နေတာမို့ (၄၅)မိနစ်လောက် မောင်းလိုက်ရသည်။ အလှပြင်ဆိုင်ရောက်တော့ ဆိုင်ဧည့်ခန်းမှာ မဇင် ကို တွေ့လိုက်သည်။

" မဇင် .. ကျွန်တော် ရောက်ပြီ။ ကားပိတ်နေလို့ နည်းနည်းနောက်ကျသွားတယ် "

မဇင်က မဂ္ဂဇင်းတစ်အုပ် ဖတ်နေရာက ကျွန်တော့်ကို မြင်တော့ ပြုံးပြသည်။

" ရပါတယ်ကွာ။ ကိုပြည့် .. မင်းကို လာခိုင်းရတာ အားနာပါတယ်။ မမဇင်လဲ အကူညီတောင်းစရာဆိုလို့ မင်းပဲ ရှိတာမို့ပါ။ ဘယ်သူ့ကိုမှ အကူညီတောင်းလို့ မဖြစ်လို့လေ။ ထိုင်ပါဦး .. ဒီမှာ ကော်ဖီရတယ် သောက်ဦးမလား "

" မသောက်တော့ပါဘူး .. ဘာ ကူညီပေးရမလဲ ပြောလေ "

" ဟို .. ဟင်း .. ရှက်မနေတော့ပါဘူးကွာ။ မင်းက မမဇင်အကြောင်း အကုန်သိနေပြီပဲ။ မင်းပြောတဲ့ ဆံပင်အရှည် နဲ့ အလှပြင်လိုက်ရင် မမဇင်က မိန်းမတစ်ယောက်လို ဖြစ်သွားမယ်ဆိုတာလေ။ အဲ့ဒါအခု မမဇင် မင်းပြောသလို လုပ်ကြည့်မလို့ .. နောက်ပြီး ... မမဇင်ရဲ့ ပြောင်းလဲသွားမယ့် ပုံစံကို မင်းကို ပထမဆုံး မြင်ဖူးစေချင်တယ်။ အခု မင်းကြောင့် မမဇင် အများကြီး ပြောင်းလဲနေပြီ။ အိမ်မှာလဲ မမဇင်ကို ကြည့်ပြီး တစ်မိသားစုလုံး အံ့သြနေတယ်ထင်တယ်။ မမဇင်အတွက် ခက်ခဲပေမယ့် ကြိုးစားပြီး လုပ်နေတယ် "

" အခုလို ကြားရတာ ဝမ်းသာတယ်ဗျာ။ မမဇင်ရဲ့ ပြောင်းလဲမှုကို ကျွန်တော်လဲ ကြိုဆိုပါတယ် "

" အခု ဆံပင်တုတတ်ပြီး အလှပြင်ကြည့်မလို့ စောင့်နေတာ။ မင်းမလာသေးလို့ မလုပ်သေးတာ။ ပြီးရင်တော့ အကုန်ပြန်ဖျက်ပြီး မူလပုံစံနဲ့ အိမ်ပြန်ရမှာပဲ။ အိမ်မှာလဲ မလုပ်ရဲတော့ ဆိုင်ပဲ လာခဲ့တာ။ နောက်ပြီး ဒီနေ့ မမဇင်ကို အချိန်ထပ်ပေးပါလား .. မမဇင် လုပ်ချင်တာတွေ ရှိသေးတယ်။ မမဇင် ဘေးနားမှာ မင်းရှိနေရင် အားရှိသလို ခံစားရတယ်။ မအားရင်လဲ ပြောနော် .. ဘာမှ မဖြစ်ဘူး .. "

" အားပါတယ် .. မမဇင် လုပ်ချင်တာ ပြောပါ။ ကျွန်တော် ကူညီပေးပါမယ် "

" ကျေးဇူးပဲ ကိုပြည့် .. ဒါဆို မမဇင် သွားပြင်လိုက်တော့မယ်။ ခဏ စောင့်ဦးနော် "

" ဟုတ် .. အေးဆေး လုပ်ပါ "

အပျိုကြီး အလှပြင်ခန်းထဲ ဝင်သွားလေပြီ။ ဘယ်လိုပုံစံ နဲ့ ပြန်ထွက်လာမလဲ မသိ။ ကျွန်တော်လဲ သူ ပြောင်းလဲသွားမယ့်ပုံစံကို စိတ်ဝင်စားနေသည်။ ဒါပြီးရင် ဘာများ ကူညီခိုင်းဦးမလဲ မသိဘူး။ ကဲပါ .. ဒီနေ့ အားနေတာပဲ။ အပျိုကြီး စိတ်တိုင်းကျ နေပေးရုံပေါ့။ မဇင် တော်တော် ပြောင်းလဲနေပြီပဲ။
အခုတော့ မဇင်က ကျွန်တော့်ကို သူ့အတွင်းရေး သိသူမို့ ပွင့်ပွင့်လင်းလင်း ဆက်ဆံနေသည်။

နာရီဝက်လောက် ကြာတော့ အလှပြင်အခန်းထဲကနေ မဇင်ရဲ့ ခေါ်သံကို ကြားလိုက်သည်။

" ကိုပြည့်ရေ .. ဝင်ခဲ့ပါလား "

ကျွန်တော်လဲ ဖတ်နေတဲ့စာအုပ်ကို ချလိုက်ပြီး မဇင် ရှိရာကို သွားလိုက်သည်။ မဇင်က ခါးလည်လောက်ရှိတဲ့ ဆံပင်တု တပ်ထားပြီး ကျွန်တော့်ကို ကျောပေးထားသည်။ အပျိုကြီးခမျာ ချက်ချင်း မပြရဲဘူး ရှက်နေပြန်ပြီ။

" မဇင် .. ဒီဘက် လှည့်ပါဦးဗျ "

မဇင် လှည့်ပြလိုက်တော့ ကျွန်တော် တကယ်ပဲ အံ့သြသွားရသည်။ တကယ် လှသွားတာဟ။ မြင်နေကျ မဇင် မဟုတ်တော့ပဲ အခုမှ တွေ့ဖူးတဲ့ မမ ချောချောတစ်ယောက် ဖြစ်သွားသည်။ မိတ်ကပ် ပါးပါးလိမ်းထားပြီး မျက်တောင်တုတတ်ကာ နှုတ်ခမ်းနီ ပန်းရောင် ရင့်ရင့်နဲ့ မဇင်ရဲ့ မျက်နှာက ချောမောလှပတဲ့ မာနကြီးကြီး မမ တစ်ယောက် ပုံစံဖြစ်နေသည်။ မဇင် လှချက်ဗျာ ...။

" လှလိုက်တာဗျာ .. တကယ်ပြောတာ .. မဇင် အရမ်းချောတာပဲ "

မဇင် ကျွန်တော့်စကားကြားတော့ ရှက်သွားသည်။ သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်ရင်း ပြောင်းလဲသွားတဲ့ သူ့အလှတရားကို ကျေနပ်နေပုံရသည်။ ကျွန်တော် မဇင်နား ကပ်သွားလိုက်ပြီး သေချာကြည့်လိုက်သည်။

" ကိုပြည့် .. အဲ့လိုကြီး စိုက်မကြည့်နဲ့ကွာ။ ငါ .. အာ .. မမဇင် မနေတတ်ဘူး။ မင်းကလဲ .. ကြည့်နေလိုက်တာ "

" အံ့သြလို့ပါဗျာ .. မဇင် နောက်ဆို ဒီလိုပဲ နေပါလား။ အရမ်းချောတယ် .. ငါ့မမ အရမ်းလှ "

" ဟာကွာ .. အခုတော့ မနေချင်သေးဘူး။ ဒီပုံစံနဲ့သာ အိမ်ပြန်သွားရင် ရပ်ကွက်ထဲက ခွေးတောင် မမဇင်ကို
မှတ်မိမှာမဟုတ်ဘူး။ တော်ပြီး ပြန်ဖျက်လိုက်တော့မယ်။ ပြီးရင် မမဇင် ကို Shopping Centre လိုက်ပို့ပေးပါလား။ မမဇင် ဝယ်စရာလေးတွေ ရှိလို့ လိုက်ပို့ပေးဦးနော် "

" Shopping ထွက်မယ်ဆိုလဲ ဒီပုံစံအတိုင်းလေးနဲ့ လိုက်ခဲ့ပါဗျာ။ အိမ်ပြန်ခါနီးမှ ဖျက်လိုက်ပါလား ..
ပြင်ထားတာ နှမျောစရာကြီး .. လုပ်ပါဗျာ .. ဒီအတိုင်းပဲ သွားရအောင်။ မဇင်လဲ လေ့ကျင့်ပြီးသား ဖြစ်တာပေါ့ "

" အင်း .. မင်း သဘောပဲ။ ဒါဆို အပြင်မှာ ခဏစောင့်နော် .. လိုတာလေး နည်းနည်း လုပ်ပြီး ထွက်လာခဲ့မယ် "

" အိုကေ .. "

မင်ဇင်က တီရှပ် နဲ့ ဂျင်းဘောင်းဘီ အမြဲ ဝတ်လေ့ရှိသည်။ အခု ဆံပင်ရှည်ရှည် မိတ်ကပ်ပါးပါး နဲ့ဆိုတော့
အဆိုတော် မာရဇ္ဖ ရဲ့ ဆွဲအား သီချင်းကို ပြေးသတိရမိသည်။ မဇင်ရေ .. ဒီလိုကျတော့ ခင်ဗျားက သိပ်လှပါလားဗျ။

ကျွန်တော်နဲ့ မဇင် အလှပြင်ဆိုင်ကနေ အနီးဆုံး Shopping Centre တစ်ခုကို သွားလိုက်ကြသည်။ မဇင်က ကားထဲမှာ ဘာမှ မပြောပဲ ငြိမ်ငြိမ်လေး လိုက်လာသည်။ ကျွန်တော်လဲ အချစ်သီချင်းတစ်ပုဒ် ဖွင့်လိုက်ပြီး သီချင်းနားထောင်ရင်း ကားမောင်းလာခဲ့သည်။ Shopping Centre ရောက်တော့ ကားပါကင်ထိုးလိုက်သည်။

" မဇင် .. ဘာ ဝယ် ချင်လို့လဲ "

" မင်း မရယ်နဲ့နော် .. "

" မရယ်ပါဘူး .. ပြော "

" မိန်းကလေး အဝတ်စားတွေ ဝယ်မလို့။ ဂါဝန် တို့ စကပ်တို့ပေါ့ .. မမဇင်မှာ အဲ့ဒါတွေ တစ်ခါမှ မဝတ်ဖူးဘူး။ ဝယ်လဲ မဝယ်ဖူးဘူး။ အဲ့ဒါ ဘယ်သူမှ မသိအောင် ခိုးဝယ်မလို့။ တစ်ခါမှ မဝယ်ဖူးတော့ ကိုယ် နဲ့လိုက် မလိုက် မကြည့်တတ်ဘူး။ အဲ့ဒါ မင်းက မမဇင်နဲ့ လိုက်ရဲ့လားဆိုတာ ကြည့်ပေးကွာ။ ဖြစ်တယ် မလား "

" ဖြစ်ပါတယ် .. မဇင်ကို ကျွန်တော် အစအဆုံး ကူညီပေးမယ်။ မဇင်သာ မိန်းကလေးပုံစံ အမြန်ဆုံး ပြောင်းလဲပြီး အားလုံးကို ချပြလိုက်စမ်းပါဗျာ။ အခု ဒီမျက်နှာသာ အိမ်ကလူတွေ မြင်ရင် အရမ်းဝမ်းသာကြမှာ။ ကျွန်တော်တောင် ဘာလို့မှန်း မသိဘူး ပျော်နေတယ် .. ဟီး "

" အမယ် .. မင်း တော်တော် စကားတတ်တယ်။ မင်းနဲ့တွေ့ရင် မမဇင် စိတ်ချမ်းသာရတယ်။
ကိုပြည့် .. မင်းက တစ်ဖက်လူကို စိတ်ချမ်းသာအောင် အရမ်းပြောတတ်တာပဲ "

" မတတ်ပါဘူးဗျာ .. အရှိတိုင်း ပြောတာ .. တကယ် "

" ကဲ .. တော်ပြီ .. သွားကြစို့ "

မဇင် ရှက်ရှက်နဲ့ ကားပေါ်ကနေ ဆင်းသွားသည်။ ကျွန်တော်တို့ မဇင် ဝယ်ချင်တဲ့ အဝတ်စားတွေ ဝယ်ဖို့ အဝတ်စားတွေ ရောင်းတဲ့ဘက်ကို ထွက်လာခဲ့ကြသည်။ မိန်းကလေးဝတ်တွေ စုံစုံလင်လင်ရှိတဲ့ ဆိုင်တစ်ခုရောက်တော့ ကျွန်တော်တို့ ဆိုင်ထဲဝင်လိုက်ကြသည်။ မဇင်က တစ်ခါမှ မဝယ်ဖူးသော မိန်းမဝတ်များကို ဘာဝယ်ရမှန်း မသိဖြစ်နေသည်။ ကျွန်တော်က မဇင် နဲ့ လိုက်ဖက်မယ်ထင်တဲ့ ဂါဝန် ဝမ်းစပ်လေး တစ်စုံကို
တွေ့လိုက်လို့ မဇင်ကို ပြလိုက်သည်။

" မဇင် .. ဒါလေး မလှဖူးလား .. မဇင်နဲ့ဆို လိုက်မယ် "

" အင်း .. လှတယ်ကွ .. မင်းက ရွေးတတ်သားပဲ။ နောက်ထပ် ရွေးပေးဦး "

ဒီတစ်ခါတော့ စကပ်တိုတို တစ်ထည်နဲ့ စတိုင်ကျကျ အင်္ကျီတစ်ထည် ရွေးလိုက်သည်။ Office Style ပေါ့။ စကပ်က မဇင်ဝတ်လိုက်ရင် သူ့အရပ်မောင်းနဲ့ဆို ဒူးအထက်လောက် ဖြစ်မည်။ ဝတ်ရဲလောက်မည်ထင်လို့ရွေးပေးလိုက်သည်။ မဇင်က သူ့စိတ်တိုင်းကျ ဘောင်းဘီပွပွတစ်ထည်နဲ့ ဇာအင်္ကျီတစ်ထည် ရွေးလိုက်သည်။ အားလုံး (၃)စုံ ရပြီမို့ မဇင် အဝတ်စားလဲခန်းထဲ အစမ်း ဝတ်ကြည့်ဖို့ ဝင်သွားလေသည်။ သူ့လက်ထဲမှာ ဘော်လီတစ်ထည် ယူသွားတာလဲ တွေ့လိုက်သည်။ ဘော်လီပါ ဝယ်မလို့ထင်တယ်။ မမြင်ချင်ယောင် ဆောင်နေမှ .. မဟုတ်ရင် ရှက်နေဦးမယ်။

ခဏနေတော့ ကျွန်တော် ပထမဆုံး ရွေးလိုက်တဲ့ ဂါဝန်ဝမ်းစပ်လေးနဲ့ ထွက်လာသည်။ မဇင် မြင်လိုက်တော့ " ဟာ " ကနဲ ဖြစ်ရသည်။ ဘာလို့လဲဆိုတော့ တစ်ချိန်လုံး ပြားချပ်နေတဲ့ မဇင်ရဲ့ နို့တွေက အခုတော့ ဖုဖောင်းနေတယ်။ အရှေ့ကို အတော်ထွက်လာပြီး စူစူလေး။

" ကိုပြည့် .. အဆင်ပြေရဲ့လား။ မင်းကလဲ ကြည့်ပဲ ကြည့်နေတယ် .. ပြောဦး အဆင်ပြေလားလို့ "

" ပြေတယ် .. မဇင် နဲ့ လိုက်တယ်။ အခုမှ တကယ့် မိန်းကလေးအစစ်ဖြစ်သွားတယ်။ ဟို .. အဲ့ဒါက ... "

" ဘာလဲကွ .. ဘာ အဲ့ဒါလဲ .. "

" ဘာ .. ဘာမှ မဟုတ်ပါဘူး "

ကျွန်တော် သူ့နို့များကို စိုက်ကြည့်ကာ ပြောနေမှန်း ရိပ်မိသွားသည်။ မဇင် ရှက်သွားပြီး သူ့ရင်ဘတ်ကို လက်နဲ့ ရုတ်တရက် အုပ်လိုက်သည်။ ကျွန်တော် အငမ်းလွန်သွားလေပြီ။ မတတ်နိုင်ဘူး အံ့သြလို့ တစ်ချိန်လုံး သူ့နို့ပဲ ကြည့်နေမိသည်။ ကျွန်တော်လဲ အားနာတာနဲ့ အကြည့်လွှဲလိုက်သည်။

" ဘာလဲ .. မမဇင် ရဲ့ အပေါ်ပိုင်းကြည့်ပြီး အံ့သြသွားတာလား "

ကျွန်တော် ဒဲ့ ကြည့်မိတော့ ဒဲ့ ကြီး အမေးခံလိုက်ရသည။ ဒီက ဘယ်လို ပြန်ဖြေရမှာလဲဗျ။
ဒဲ့တွေ ခုချိန်ထိ လွှတ်တုန်းပါလား။ ကဲ .. ငါလဲ ဒဲ့ ပေါ့ကွာ။

" ဟုတ်တယ် .. အဲ့ဒါမြင်ပြီး အံ့သြသွားလို့ "

" အရင်က အဝတ်အမြဲစည်းထားတာလေ။ မမဇင်က ယောက်ျားလေးလို နေတတ်တော့ အဲ့ဒါကြီး ထွက်နေရင် မနေတတ်ဘူး။ အဲ့ဒါကြောင့် အဝတ်အမြဲစည်းထားတာ။ အခုမှ ဘော်လီနဲ့ နေကြည့် .. အာ .. ငါလဲ ဘာတွေ ပြောမိနေလဲ မသိဘူး။ လှတယ်ဆိုလဲ နောက်တစ်စုံ သွားလဲတော့မယ် "

မဇင်က အခန်းထဲ ပြေးဝင်သွားတော့သည်။ ကျွန်တော်လဲ သူ ကွက်ကွက် ကွင်းကွင်းရှင်းပြလိုက်တော့ နားလည်သွားသည်။ နောက်ထပ် ကျွန်တော် ရွေးပေးတဲ့ Office Style လေး ဝတ်ပြီး ထွက်လာလေသည်။ ဒီတစ်ခါလဲ ကျွန်တော် ပါးစပ် ဟ ရပြန်သည်။ ဖြောင့်စင်းနေတဲ့ ခြေသလုံးဖြူဖြူလေးနဲ့ ပေါင်တံဖွေးဖွေးလေးကို မြင်လိုက်ရသည်။ မဇင်က မိသားစုထဲမှာ အသားအဖြူဆုံးဖြစ်သည်။ တစ်ကိုယ်လုံး ဖွေးဥပြီး အသားရေ အတော်လှသည်။ ကျွန်တော် နောက်တစ်ခါ ငမ်းမိပြန်သည်။

" ဘဝမှာ စကပ်တိုတို ဝတ်ဖြစ်လိမ့်မယ်လို့ တစ်ခါမှ မတွေးမိဘူး။ နေရတော့ ခက်သားဟ။ ဘယ်လိုနေလဲ .. "

" လုံး၀ မိုက်တယ်ဗျာ။ ကျွန်တော် ဟာကနဲ ဖြစ်တာ နှစ်ခါရှိနေပြီ။
ဒီအဝတ်စားနဲ့က .. နေဦး .. မဇင် ဒီမှာ ခဏစောင့် .. ကျွန်တော် ပြန်လာခဲ့မယ် "

ကျွန်တော် ဆိုင်ထဲက လေဒီရှူးဖိနပ်များ တင်ထားတဲ့ ကောင်တာကိုသွားပြီး မဇင် နဲ့ လိုက်ဖက်မယ်ထင်တဲ့
လေဒီရှူး တစ်ရံ ယူလိုက်သည်။ မဇင်နား ပြန်သွားလိုက်ပြီး ...။

" မဇင် .. ဒီရှူးလေး စီးကြည့်လိုက်။ ဒါမှ ဝတ်စုံလေးနဲ့ လိုက်မှာ။ အခုစီးထားတဲ့ ညှပ်ဖိနပ်နဲ့ သိပ်မလိုက်ဘူး "

မဇင်က ကျွန်တော် ပေးတဲ့ ရှူးဖိနပ်ကို စီးကြည့်သည်။ တစ်ခါမှ မစီးဖူးတော့ ခြေထောက်က ချက်ချင်းမဝင်ပဲ ကြပ်နေသည်။ ကျွန်တော်လဲ မနေနိုင်ပဲ မဇင်နား ထိုင်လိုက်ပြီး သူ့ခြေဖနောင့်ကို ကိုင်လိုက်ကာ ရှူးဖိနပ်ထဲ ခြေထောက်ဝင်အောင် ထည့်ပေးလိုက်သည်။

" ဟာ .. ကိုပြည့် .. ရတယ် .. ရတယ် "

မဇင် အနေခက်သွားပြီး ကျွန်တော့်ကို တားသည်။ ကျွန်တော်က သူပြောတာကို ဂရုမစိုက်ပဲ သေချာ စီးပေးလိုက်သည်။

" ရှယ်ပဲ .. အခုမှ လိုက်ဖက်သွားတယ်။ ဂွတ်ပဲဗျာ .. "

ကျွန်တော် လက်မထောင်ပြလိုက်သည်။ မဇင်က ကျွန်တော့်ကို စိုက်ကြည့်နေသည်။ သူ့အကြည့်က တစ်မျိုးပြောင်းနေသည်။ ကျွန်တော့်ကို သဘောကျလို့ ကြည့်နေတဲ့ အကြည့်မျိုး။ ကျွန်တော်လဲ မမြင်ချင်ယောင်ဆောင်လိုက်သည်။ အပျိုကြီးရဲ့ အကြည့်တွေ ...။

" ဖိနပ်ပါ ရွေးပေးလို့ ကျေးဇူးကွာ။ ဒီဖိနပ်လေးလဲ ကြိုက်တယ်။ နောက်ဆုံး တစ်စုံ လဲလိုက်ဦးမယ် "

နောက်ဆုံး ထွက်လာတော့ အိမ်နေရင်း ပေါ့ပေါ့ပါးပါး စတိုင်မျိုး။ ဇာအင်္ကျီ လက်ပြတ်လေးနဲ့ ဘောင်းဘီ ပွပွတစ်ထည်။ ဒီပုံစံလဲ တစ်မျိုး ချစ်ဖို့ကောင်းနေသည်။ အပျိုကြီး ဒီနေ့ အရမ်းချော အရမ်းလှနေပါလား။ ဒီလိုသာ အစောကြီး ပြောင်းလဲခဲ့ရင် စိတ်ဝင်စားတဲ့ ယောက်ျားတွေ ဝိုင်းဝိုင်းလည်နေမှာ အသေချာပဲ။ အခုမှ သူ့အလှတရားများက သူ့ဆီကို ပြန်ရောက်လာခဲ့သည်။

" ဒါလေးလဲ အဆင်ပြေတယ်။ အိမ်နေရင်း ပေါ့ပေါ့ပါးပါး ဝတ်လို့ကောင်းမယ်။ အခုရွေးထားတာတွေ အကုန်လိုက်တယ်။ အကုန်သာ ယူခဲ့လိုက်တော့။ မဇင် ကျွန်တော် တစ်ခုလောက် တောင်းဆိုချင်တယ် "

" ဘာလဲကွ .. "

" လေဒီရှူးလေးဝတ်ထားတဲ့ စတိုင်လေးကို ကျွန်တော် ဝယ်ပေးပါရစေ။ အမှတ်တရပေါ့။ လက်ခံပါနော် "

" အင်း .. မင်း သဘောပဲ။ မမဇင်ကလဲ မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ မုန့်လိုက်ကျွေးမယ်။ တစ်ခုခု စားပြီးမှ ပြန်ကြတာပေါ့။ မဇင် အိမ်ကထွက်လာတုန်းကအတိုင်း ပြန်ဝတ်လိုက်ဦးမယ်။ မိတ်ကပ်တွေလဲ ဒီဆိုင်က Toilet ထဲမှာ ဖျက်လိုက်တော့မယ် "

" နှမြောစရာကြီးဗျာ ... ဒီအတိုင်းလေး ဝတ်ပြီး အိမ်ပြန်လိုက်ပါလား "

" အာ .. အခု မဝတ်ရဲသေးပါဘူးဆို .. နောက်မှ အိမ်ကလူတွေကို ဖြေးဖြေးချင်း သိသွားအောင် လုပ်မယ် "

" ဒါဆိုလဲ အေးဆေးလုပ်နော်။ ဒီဆိုင်နဲ့ မျက်စောင်းထိုးက မုန့်ဆိုင်မှာ ကျွန်တော် စောင့်နေမယ် "

" အင်း .. သွားစောင့်နေ .. မမဇင် ခဏနေ လာခဲ့မယ် "

ကျွန်တော် မုန့်ဆိုင်မှာ ထိုင်စောင့်ရင်း စိတ်ထဲမှာ မဇင်ရဲ့ အလှကို ပြန်မြင်ယောင်ပြီး သက်ပြင်းချလိုက်မိသည်။

ယွန်း အစ်မတွေနဲ့ ငါ ရေစက် အတော်ပါတာပဲ။ ယွန်းနဲ့ ချစ်သူဖြစ်ခဲ့တယ်။ လွန်းနဲ့လဲ ချစ်သူဖြစ်ခဲ့ပြန်ပြီ။ မမဖြူကိုလဲ မတော်ရာတွေ ထိလိုက်မိတယ်။ အခုလဲ အပျိုကြီး မဇင် နဲ့ ပက်သတ်မိနေပြန်ပြီ။ အပျိုကြီး ကျွန်တော့်ကို သဘောကျနေတယ်ဆိုတာ အကြည့်တွေက တဆင့် ကျွန်တော် ရိပ်မိနေသည်။

မဖြစ်ဘူး .. ဒီတစ်ခါတော့ ငါ ဘယ်လိုနည်းနဲ့မှ ထပ်ပြီး မှားလို့မဖြစ်ဘူး။

မဖြစ်ဘူးနော် ပြည့်စိုးဟိန်း .. မင်း များနေပြီ ..............။

ဟာ .. မေ့နေတာ အခုမှ သတိရတယ်။ မနက်ဖြန် ဥပုသ်နေ့ပဲ။

ဒီတစ်ခါတော့ အိမ်ကနေ မုံညှင်းဆီ စစ်စစ်လေး ယူသွားဦးမှ။

...........................။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Opowieści tętniące życiem. Odkryj je teraz