Chapter (2) လူအ Valentine's ...

8.5K 71 0
                                    


လူအ Valentine's ...

@@@@@@@@@


ယွန်း နဲ့ ကျွန်တော်တို့ရဲ့ ပထမဆုံး V-Day လေး ရောက်လို့လာခဲ့ပြီ။ ချစ်သူသက်တမ်း (၆)လ အကြာမှာပေါ့။ V-Day မှာ သူများတွေလို

အင်္ကျီဆင်တူတွေ ဘာတွေ မလုပ်ခဲ့ကြပါ။ ကျွန်တော်တို့နှစ်ယောက်စလုံး အဲ့ဒါတွေ ဝါသနာ မပါဘူး။ V-Day မှာ အမှတ်တရလေးအဖြစ် အတူတူ ရှိနေချင်လို့ နှစ်ယောက်သား Date လုပ်ခဲ့ကြတယ်။ ထုံးစံအတိုင်း မွန်းဆန်းနား ဆိုင်လေးမှာပေါ့။ ယွန်းက ကျွန်တော့် ရင်ခွင်ထဲ ခေါင်းလေး မှီနေရင်း ကျွန်တော်တို့ ထွေရာလေးပါး လျောက်ပြောနေကြတယ်။ အဲ့ဒီလို ဦးတည်ရာမရှိ လျောက်ပြောနေရတာကိုက အရသာလေ။

" .............. " (ဖုန်းမြည်သံ)

ကျွန်တော့်ဆီ ဖုန်းဝင်လာလို့ ဖုန်းကိုင်လိုက်တယ်။

" ပြည့်စိုး .. မင်း အခု ဘယ်မှာလဲ .. "

" ငါ .. ယွန်းနဲ့ မွန်းဆန်းနားမှာ ရှိနေတယ် .. "

" အေး .. အားတော့နာပါတယ်ကွာ။ ငါ့ကို တစ်ခုလောက် ကူညီပါဦး။ မင်း ဆိုင်ကို ပြန်လာတော့မယ်ဆိုရင် ငါ့တိုက်ခန်းမှာ စာရင်းစာအုပ်လေး ဝင်ယူခဲ့ပေးပါလား။ ငါ မနက်က မေ့ကျန်ခဲ့လို့ကွာ။ အခု အရေးကြီး ကိစ္စရှိလို့ အိမ်ဘက်ကို မလာနိုင်တော့ဘူး။ မင်း ပြန်မှ ဝင်ယူခဲ့ပေး "

" အေး .. ရပါတယ်။ ငါ ဝင်ယူခဲ့ပေးမယ်။ ဒါပဲလား ဘာမှာဦးမလဲ "

" မမှာတော့ပါဘူးကွာ .. မင်းသာ ချစ်သူလေးနဲ့ အေးဆေးပျော်ခဲ့။ ဆိုင်မှာ လူကျနေလို့ နောက်မှပဲ ပြောတော့မယ် ဒါပဲနော် .. "

ကျွန်တော်နဲ့ အလုပ်အတူလုပ်တဲ့ ဝင်းအောင်က အကူညီလှမ်းတောင်းခြင်းဖြစ်သည်။ သူက ကွန်ဒိုတိုက်ခန်းတစ်ခုမှာ တစ်ယောက်တည်းနေသည်။ ကျွန်တော်လဲ အိမ်မှာ မအိပ်ချင်တဲ့နေ့တွေဆို သူ့တိုက်ခန်းမှာ သွားပြီး အိပ်လေ့ရှိသည်။ အဲ့ဒီတိုက်ခန်းက ကျွန်တော့်ရဲ့ ဒုတိယအိမ်ဆိုလဲ မမှားပေ။

" ကို .. ဘယ်သူဆက်တာလဲ .. "

" ဆိုင်က ကိုယ့်သူငယ်ချင်း ဝင်းအောင် ဆက်တာပါ။ ဆိုင်ကို ပြန်လာရင် သူ့တိုက်ခန်းကနေ စာရင်းစာအုပ်ကျန်ခဲ့လို့ ဝင်ယူခဲ့ပေးဖို့ပြောတာ .. "

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Tempat cerita menjadi hidup. Temukan sekarang