ငှက်ကလေးတစ်ကောင် ဖမ်းမိတယ် ...
@@@@@@@@@@@@@@@@@
" Lady and Gentleman, please welcome to our show. Tonight ..... "
Model Show စလေပြီ။ ဝင်းအောင်ကတော့ သုသုနဲ့ သာယာကာ ငြိမ့်နေသည်။ ကျွန်တော်လဲ မကြည့်ရတာ ကြာပြီဖြစ်တဲ့ Show လျှောက်တာကို သေချာကြည့်ဖို့ အားမွေးလိုက်သည်။ ကျွန်တော်တို့ ဝိုင်းက စတိတ်စင်နဲ့ အရမ်းမဝေးတာမို့ Show ပွဲကို သေချာ မြင်နေရသည်။ DJ က သံစဉ်ပြောင်းသွားပြီး Show လျှောက်မယ့် မော်ဒယ်လေးများ တန်းစီပြီး ထွက်လာသည်။
တစ်ယောက်ပြီး တစ်ယောက် လမ်းလျှောက်ပြရင်း နောက်ခံစကားပြောသူက မော်ဒယ်တစ်ယောက်ချင်းဆီကို နာမည်နဲ့တကွ မိတ်ဆက်ပေးနေသည်။ စော်တွေက အကုန် လန်းနေတော့သည်။ တစ်ချို့ဆို အပြင်က မင်းသမီးတွေတောင် မမှီ။ မိုက်ချက်။ တကယ့် အလန်းလေးတွေ။ ကျွန်တော်လဲ ဘီယာ မော့ရင်း အရသာခံကာ ကြည့်နေသည်။
" ရှင်နွေနှောင်း ဖြစ်ပါတယ် ..... "
ဟင် .. မဟုတ်သေးပါဘူး။ ငါပဲ အမြင်မှားတာလား။ ရှင်နွေနှောင်း ဆိုတဲ့ ကောင်မလေးကို မြင်တော့ ကျွန်တော် မတ်တပ် ထရပ်လိုက်မိသည်။
ဘာလို့လဲဆိုတော့ ရှင်နွေနှောင်းက ကျွန်တော့်ချစ်သူ ယွန်းနဲ့ တစ်ပုံစံတည်းဖြစ်နေသည်။ ငါ မူးနေပြီထင်တယ်။ ဘယ်လိုဖြစ်ပြီး ယွန်းကို မြင်လိုက်ရတာလဲ။ ကျွန်တော် မျက်လုံးများပွတ်လိုက်ပြီး နောက်တစ်ခါ သေချာကြည့်လိုက်သည်။ ရှင်နွေနှောင်းက တစ်ပတ်ပြန်လျှောက်ကာ စတိတ်စင်ရှေ့ ပြန်ရောက်လာသည်။ ဟင် .. ဟုတ်တယ် .. ယွန်း မှ ယွန်းအစစ် .. အာ မဟုတ်သေးပါဘူး။ မဖြစ်နိုင်ဘူး .. မဖြစ်နိုင်တာကွာ။
ရှင်နွေနှောင်း အထဲကို ပြန်ဝင်သွားတော့ ကျွန်တော့်စိတ်ထဲ ဒွိဟတွေ များနေတာမို့ Club အပြင်ဘက်ကို ထွက်ပြီး ယွန်း ဆီကို ဖုန်းခေါ်ကြည့်သည်။ မဖြစ်နိုင်ပါဘူး .. ဒါပေမယ့် တူလွန်းတယ်။ ငါ မူးနေပြီလား ..။
( ................ )
" ဟယ်လို .. ကို .. ပြန်ရောက်ပြီလား။ ညနက်နေပြီနော် .. "

ВЫ ЧИТАЕТЕ
ရင်ဝှက်ကဗျာ ( Yin Wat Kabyar )
Любовные романыရင်ဝှက်ကဗျာ က 18+ Erotic Romance Novel ဖြစ်ပါတယ်။ ရသစုံ ခံစားရမယ့် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။ Erotic Novel ဖြစ်တာမို့ sexual pleasure တွေ ပါပြီး အသက်(၁၈)နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် တောင်းဆိုပါတယ်။ ချစ်တတ်တဲ့သူနဲ့ အချစ်ခံရတဲ့သူတွေ အကြောင်းကို လှပ...