Chapter (14) VIP အနှိပ်သည် ...

4.1K 24 0
                                    


VIP အနှိပ်သည် ...

@@@@@@@@@

" အေး ဟုတ်တယ် .. အဲ့နားလေး သား .. ကျွတ် .. ကျွတ် .. "

" ဖေဖေ .. သက်သာရဲ့လား .. "

" အေး .. သက်သာပါတယ်ကွာ။ အသက်ကြီးလာတော့ ဘာမှမကောင်းတော့ဘူး။
ဒီ ကျီးပေါင်းရောဂါလဲ ဘယ်တော့မှ ပျောက်မှာ မဟုတ်ပါဘူးကွာ "

" အဖေကလဲ .. သေလောက်တဲ့ ရောဂါ မဟုတ်ပါဘူးဗျာ။ ဘယ်နား နှိပ်ပေးရဦးမလဲ "

" ရပြီ .. သက်သာသွားပြီ။ သြော် .. ငါ့သားကို ပြောရဦးမယ်။ မနေ့က အဖေ့နယ်က အိမ်ကို ငွေနှင်းမှိုခြောက်တွေ ပို့ထားတယ်။ အဲ့ဒါ အများကြီးဆိုတော့ မင်းအမေက မင်းကောင်မလေးအိမ်ကို တစ်ဝက်ခွဲပေးချင်လို့ ငါ့သား ဆိုင်သွားရင်း ဝင်ပို့ပေးပါလား။ ဒီနေ့က ဥပုသ် နေ့ဆိုတော့ မင်းယောက္ခမကြီး ဥပုသ်စောင့်ရင် နေ့လည်စာ မမှီလိုက်မှာစိုးလို့ မနက်ပိုင်းပဲ အရောက်ပို့ပေးလိုက် "

" ဟုတ် .. ဆိုင်သွားရင်း ဝင်ပို့လိုက်မယ်။ ခြေထောက်တွေ မုံညှင်းဆီ လူးပေးဦးမယ် "

" အေး .. သာဓု .. သာဓု .. သာဓုပါကွာ။ ငါ့သားလဲ အဖေ့ကို ပြုစုတာနဲ့ အတော်တောင် နှိပ်တတ်နေပြီ "

" သား သူငယ်ချင်း မြင့်နိုင် ကို သိတယ်မလား။ သူက အခု တိုင်းရင်းဆေး အကြောပြင်ဆရာလေ။
အဲ့ဒါ သူ့ဆီသွားပြီး အနှိပ်ပညာ နည်းနည်းပါးပါး သင်ထားတာ။ အဖေက အနှိပ်လွှတ်တာမှ မဟုတ်တာ "

" အေး .. သာဓုပါကွာ။ ကဲ မုန့်ညှင်းဆီ လိမ်းပြီးရင် လက်တွေသေချာဆေးပြီး အလုပ်သွားတော့ "

" ဟုတ် .. "

............................။

ကျွန်တော် ယွန်းတို့ အိမ်ကို မရောက်တာကြာပြီ။ ယွန်တို့ အိမ်ရှေ့ရောက်တော့ အိမ်တံခါးတွေ အကုန် ပိတ်ထားသည်။ ဘယ်သူမှ မရှိကြဘူးလား။ စိတ်ထဲမှာတော့ ယွန်းနဲ့အတူ လွန်းကိုပါ တွေ့ချင်နေမိသည်။ လွန်းနဲ့ ပါရာဒိုက်မှာ ဇာတ်လမ်းတွေ ရှိခဲ့ပြီးနောက် ကျွန်တော်လဲ သူတို့နှစ်ယောက်ကို မျက်နှာပူတာမို့ အိမ်ကို အလည်မသွားပဲနေခဲ့သည်။ ဒီနေ့တော့ ဖေဖေ ပို့ခိုင်းတဲ့ ငွေနှင်းမှိုခြောက်တွေကို နေ့လည်စာ အမှီ ပို့ပေးရမှာမို့ ဆိုင်သို့ ထွက်လာရင်း ယွန်းတို့အိမ်ကို အရင်ဝင်ပို့လိုက်သည်။

ခြံရှေ့ရောက်တော့ ကျွန်တော် ယွန်းကို လှမ်းခေါ်လိုက်သည်။

" ယွန်းရေ .. ယွန်း .. "

" လာပြီ .. "

အိမ်ထဲကနေ တံခါးဖွင့်သံကြားလိုက်ပြီး မမဖြူ ထွက်လာသည်။

" ကိုပြည့် .. အိမ်အလည်လာတာလား "

" အင်း အလည်လာရင်း ဒီမှာ ဖေဖေက ငွေနှင်းမှိုခြောက်တွေ ပို့ခိုင်းလိုက်လို့ပါ။ ဒီနေ့က ဥပုသ်နေ့ဆိုတော့
မမဖြူတို့ ဥပုသ်စောင့်ရင် နေ့လည်စာ အမှီစားရအောင် ဆိုင်ကိုသွားရင်း တစ်ခါတည်း ဝင်ပို့လိုက်တာ "

" ကဲ .. ဒါဆိုလဲ အိမ်ထဲ ဝင်ပါဦး "

" မမဖြူ .. တစ်အိမ်လုံးလဲ တိတ်ဆိတ်လို့ ဘယ်သူမှ မရှိဘူးလား "

" အေး .. မရှိကြဘူး။ ဥပုသ်နေ့ ဒီချိန်ဆို ဒီလိုပဲ။ ယွန်းက သူ့အလုပ်အတွက် လိုအပ်တာတွေ ဥပုသ်နေ့တိုင်း မြို့ထဲ သွားဝယ်တယ်။ မိဇင် နဲ့ လွန်းက ဈေးသွားတယ်လေ။ မမဖြူတို့က နေ့တိုင်း ဈေးမသွားနိုင်ဘူး။ ဥပုသ်တစ်ခါ ဈေးသွားပြီး လိုအပ်တာ အကုန်ဝယ်တယ်။ မေမေက လမ်းထိပ် ဓမ္မာရုံမှာ သီလယူ တရားနာပေါ့။ မမဖြူကတော့ အိမ်စောင့်။ အားလုံး ခုနကမှ ထွက်သွားကြတာ။ မင်းနဲ့ ရှေ့ဆင့်နောက်ဆင့်ပဲ "

" သြော် .. ဒါဆိုလဲ ကျွန်တော် ကြာကြာမနေတော့ပါဘူး။ ရော့ မမဖြူ .. ငွေနှင်းမှိုခြောက်တွေ .. "

" အေး ကျေးဇူးပါပဲ။ မေမေက ငွေနှင်းမှိုကြော်လေး သိပ်ကြိုက်တာ။ နေ့လည်ကျ ကျွေးလိုက်မယ်နော် "

" ဟုတ် .. ဒါဆို ကျွန်တော် ပြန်တော့မယ် "

" အေးအေး မောင်လေး .. "

ကျွန်တော်လဲ အိမ်ပေါက်ဝကနေ လှည့်ပြန်မယ် အလုပ် ........။

" အမယ်လေး .. အား .. ကျွတ် .. ကျွတ် .. အာ့ လာလာ .. အမယ်လေး ... နာလိုက်တာ .. "

" ဟာ မမဖြူ .. ဘာဖြစ်တာလဲ .. "

" ကြွက်တက်သွားတာ .. အမယ်လေး နာလိုက်တာ .. လုပ်ပါဦး ကိုပြည့်ရယ် .. အမယ်လေးတော့ .. "

ကျွန်တော်လဲ မမဖြူကို ဧည့်ခန်းထဲသို့ တွဲကာ ခေါ်လာခဲ့သည်။ မမဖြူက အတော် နာနေပုံပဲ။ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ သူ့ကို သေချာထိုင်ခိုင်းပြီး ခြေသလုံး ကြွက်သားကို ကြည့်လိုက်တော့ ညာဘက်ခြေသလုံး ကြွက်သားမှာ အနည်းငယ် ဖုထွက်နေလေသည်။ ကြွက်တက်ရင် ခြေထောက်ကို အောက်ကို စိုက်ထားရပြီး ဒူးခြိုင့်ကနေ အားနဲ့ အောက်သို့ တက်နေတဲ့ ကြွက်သားကို ဖိချပေးရသည်။ နာနာဖိချလေ အမြန်သက်သာလေပေါ့။

" မမဖြူ .. ကန်တော့နော် .. အမြန်ဖိချမှ ရမယ်။ မဟုတ်ရင် နာနေမှာ "

ကျွန်တော်လဲ လက်နှစ်ဖက်ကို သုံးကာ အားထည့်ပြီး ဖိချပေးလိုက်သည်။ မမဖြူက ဆိုဖာပေါ် ကျောမှီရင်း တဆာဆာ အော်နေတော့သည်။ (၁၀)ခါလောက် အကြိမ်ကြိမ် ဖိချလိုက်တော့ ဖုထွက်နေတဲ့ ကြွက်သားမှာ တဖြေးဖြေး ပျော့လာသည်။ ကြွက်သားပျောက်သွားပေမယ့် ဒဏ်ကတော့ ကျန်နေဦးမည်။

" အမယ်လေး .. နာလိုက်တာ။ ဒီလို မဖြစ်တာကြာပြီ။ ခုနက အိမ်ထဲ လှည့်အဝင် ခြေခေါက်ပြီး ကြွက်တက်သွားတာ .. အား .. ကျွတ် .. ကျွတ် .. ငါ့မောင်ရယ် ကျေးဇူးတင်ပါတယ်။ မင်းရှိနေလို့သာ မဟုတ်ရင် မမဖြူ တစ်ယောက်တည်း သေလောက်အောင် ခံရမှာ။ ရပြီ .. မောင်လေး .. နည်းနည်း သက်သာသွားပြီ .. ဟင်း ... "

" မမဖြူ ခြေထောက်ကို အပေါ်မမြှောက်သေးနဲ့ဦး။ အောက်ကိုပဲ ချထား .. ရတယ် ကျွန်တော့်ကို အားမနာနဲ့ ကျွန်တော်က အဖေ့ကို အမြဲနှိပ်ပေးနေကြမို့ ဒါတွေ အကုန်တတ်တယ်။ အကြောပြင်ဆရာ တစ်ယောက်ဆီမှာလဲ သေချာ သင်ထားတာလေ။ အဖေက ကျီးပေါင်းသမား မမဖြူရဲ့ .. ကျွန်တော်ပဲ အမြဲနှိပ်ပေးနေရတာ .. "

" ဟယ် .. ဟုတ်လား .. တူလိုက်တာ။ မမဖြူမှာလဲ ကျီးပေါင်း ရှိတယ်။ အရမ်းမပြင်းပေမယ့် ..
တစ်ခါတစ်လေဆို အရမ်းအနှိပ်ခံချင်တာ နဲ့ မိဇင် ကိုပဲ နှိပ်ခိုင်းရတယ်။ သူ့ခိုင်းရတာလဲ သိတဲ့အတိုင်း
စိတ်ပါတစ်ချက် မပါတစ်ချက်နဲ့ .. နှိပ်ပေးတာကိုပဲ ကျေးဇူးတင်နေရတယ် ငါ့မောင်ရယ် "

ကျွန်တော့်လက်တွေကို ခရင်းခွပုံ လုပ်ပြီး မမဖြူရဲ့ ခြေသလုံးတစ်လျှောက်ကို သေချာ နှိပ်ပေးလိုက်သည်။ အိမ်မှာ အဖေ့ကို ပြုစုပေးတဲ့အတိုင်း သေချာ လုပ်ပေးလိုက်တယ်။ မမဖြူက ခဏတော့ ငြိမ်ခံနေပြီး ကျွန်တော့်ကို အားနာတယ်ထင်ပါရဲ့ ...။

" ရပြီ .. မောင်လေး .. အားနာလိုက်တာကွယ်။ သက်သာသွားပါပြီ .. "

ကျွန်တော်လဲ သူနေရခက်နေမှာစိုးလို့ အနှိပ်ရပ်လိုက်ပြီး မမဖြူနဲ့ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်သည်။

" အဖေကတော့ ဂုတ်ကျီးပေါင်း ဖြစ်တာ။ တစ်ချိန်လုံး ဂုတ်ပဲ နှိပ်ပေးနေရတာ။ မမဖြူကရော .. "

" အင်း .. ပြောရမှာ ရှက်ပေမယ့် ရောဂါအနေနဲ့ပြောပြရရင် မမဖြူက သွေးဆုံးတာ မကြာသေးတော့ သွေးဆုံးကိုင်ပြီးကတည်းက ခါးအောက်ပိုင်းတွေ နာလာတယ်။ ခါးကြော ၊ ပေါင်ကြော နဲ့ ခြေသလုံးတွေပေါ့။ တစ်ခါတစ်လေ ခြေဖဝါးတွေထိ အပူတွေခဲပြီး အရမ်းနေရခက်တာ။ မိန်းမတိုင်း မကြုံရပေမယ့် မမဖြူ ကံဆိုးတယ်ပဲ ဆိုပါတော့ကွယ်။ သွေးဆုံးကိုင်ပြီးကတည်းက ခုချိန်ထိ သက်သာတယ်မရှိပါဘူး။ ဆေးခန်းပြကြည့်တော့ ခါးအောက်ပိုင်း ကျီးပေါင်းဖြစ်ချင်နေတာလို့ပြောတယ်။ ဆေးခန်းသွားတိုင်း အပေါ်ယံလောက် ဆေးလူးပေးပြီး သောက်ဆေးတွေပဲ ပေးတယ်။ မသက်သာပါဘူးကွယ်။ ဒီရောဂါက အနားမှာ သေချာ လုပ်ပေးတဲ့သူရှိမှပါ "

" သြော် .. ဖြစ်ရလေဗျာ။ အခုရော ဘယ်လိုနေသေးလဲ "

" အင်း .. ဒီရက်ပိုင်း ကျီးပေါင်းပြန်ထနေတာ ကြာပြီ။ မနေ့ညကပဲ မိဇင်ကို ပေါင်တွင်းကြောတွေ တက်လာလို့ အိပ်မရတာနဲ့ နှိပ်ခိုင်းရသေးတယ်။ ဒီလိုပဲ သူနှိပ်ပေးနေတုန်း ကြိုးစားပြီး အိပ်ပျော်အောင် အိပ်ရတယ်။ ကြွက်တက်တာတော့ ဒီနေ့မှဖြစ်တာ။ သိပ် မသက်သာပါဘူး။ ဟင်း ... လုံးဝပျောက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလား မသိပါဘူးကွယ် "

" နှိပ်ရုံနဲ့ မရဘူး မမဖြူရဲ့ .. ဆေး သေချာလိမ်းမှဖြစ်မှာ။ အကောင်းဆုံးကတော့ သဘာ၀ မုံညှင်းဆီပဲ။ အကြောလိမ်းဆေး နည်းနည်းရောပြီး မုံညှင်းဆီကို အသားထဲထိ စိမ့်နေအောင် လူးပေးနိုင်မှ သက်သာတာ။ မဟုတ်ရင် အပေါ်ယံ ဘယ်လောက် နှိပ်နှိပ် .. နှိပ်တုန်း သက်သာပြီး နောက်ရက် ပြန်ဖြစ်တာပဲ။ ကျွန်တော်ဆို အိမ်မှာ အဖေ့ကို မုံညှင်းဆီ အမြဲလူးပေးရတယ်။ လူးတဲ့အခါလဲ နာနာဖိလူးမှ ရတာ။ အသားထဲ စိမ့်ဝင်လေ သွေးလေပွင့်ပြီး နေလို့ကောင်းလေပဲ "

" ဒီအိမ်မှာတော့ မင်းပြောသလို အသားထဲ စိမ့်နေအောင် လူးပေးနိုင်တဲ့သူ မရှိဘူး။ အားလုံးက မိန်းမတွေချည်းမို့ မိန်းမအားလောက်ပဲ သုံးနိုင်တယ်။ မင်းပြောသလို အနှိပ်ခံဖို့ဆိုရင် ဆေးခန်းပဲ ပြေးရတော့မှာပဲ .. အာ့ .. အမယ်လေး .. ကြွက်တက်တဲ့ ဒဏ်က မပျောက်သေးဘူး .. ခါးတွေက နာလာပြန်ပြီ .. "

" ဟင်း .. မမဖြူရယ် .. ရောဂါလဲသိ .. ဝေဒနာလဲ ရှိနေမှတော့ ရအောင် ကုရမှာပေါ့။ ကဲ .. ကျွန်တော့်ကို ကိုယ့်မောင်လေးလို့ သဘောထားပေးဗျာ။ မုံညှင်းဆီ ရှိတယ်မလား။ ကျွန်တော် အခု လိမ်းပေးမယ်။ ပေါင်ကြောနဲ့ ခြေသလုံးတွေ လိမ်းလိုက်ရင် သက်သာသွားမှာ။ မမဖြူသာ ခွင့်ပြုရင် သေချာလိမ်းပေးပါရစေဗျာ။ ကျွန်တော် ဒီရောဂါအကြောင်း သေချာသိနေလို့ပါ "

မမဖြူက တစ်ချက် တွေဝေသွားသည်။ ခံစားနေရတဲ့ ဝေဒနာကို သူ အရမ်းပျောက်ချင်မှာ သေချာသည်။ သို့သော်လဲ သူ့မှာ ကျွန်တော့်ကို အားနာနေသလို သွေးမတော် သားမစပ်တဲ့သူမို့ ခိုင်းရမှာ စိုးရွံ့နေပုံရသည်။ ကျွန်တော်လဲ တကယ်ပဲ သက်သာစေချင်လို့ စေတနာစကား ပြောလိုက်မိခြင်းဖြစ်ပါသည်။ သို့သော် ကိုယ် နှိပ်ပေးရမှာက ၄၀ ကျော် သွေးဆုံးခါစ အပျိုကြီးတစ်ယောက်ဆိုတာ သတိမေ့သွားသည်။

" ရ .. ရပါတယ် ကိုပြည့် .. နေပါစေ .. မမဖြူ နောက်နေ့မှ ဆေးခန်းသွားလိုက်ပါမယ်။
တော်ကြာ အိမ်ကလူတွေ ပြန်လာလို့ မင်းနှိပ်ပေးနေတာတွေ့ရင် မမဖြူကို ဝိုင်းပြောနေကြဦးမယ် "

" ခုနကမှ အားလုံး အိမ်က ထွက်သွားကြတာဆို .. ပြန်မလာလောက်သေးပါဘူး။
တစ်ခါလောက် အနှိပ်ခံကြည့်လိုက်ပါလားဗျ။ သက်သာစေရမယ်လို့ ကျွန်တော် အာမခံတယ် "

" ရပါတယ်ကွယ်။ အင်း မင်းကလဲ ကူညီချင် .. မမဖြူကလဲ သင့်တော်ပါ့မလား တွေးနေ ..
နာကလဲနာ .. အမယ်လေး နာလာပြန်ပြီ .. အာ့ .. ကျွတ် .. ကျွတ် .. "

" ကဲပါဗျာ .. သင့်တော်တာ မသင့်တော်တာ နောက်မှ ငါ့အစ်မ .. လောလောဆယ် နာပြန်ပြီမလား။
မုံညှင်းဆီ ဘယ်နားသွားယူရမလဲသာ ပြောပါဗျာ။ မြန်မြန်လိမ်းမှ သက်သာမှာကို .. "

" ဟင်း ... ကဲ .. ဒါဆိုလဲ မီးဖိုချောင် ပန်းကန်စင်နားက ဗီရိုထဲမှာ မုံညှင်းဆီ ပုလင်း ရှိတယ်။
လိမ်းဆေးကတော့ မမဖြူ အခန်းက မှန်တင်ခုံပေါ်မှာရှိတယ်။ မင်းပဲ သွားယူလိုက်ပါတော့ "

" ဟုတ် .. ခဏစောင့်နော် မမဖြူ "

ကျွန်တော် မုံညှင်းဆီပုလင်း နဲ့ အကြောလိမ်းဆေး အမြန်သွားယူလိုက်ပြီး ....။

" မမဖြူ .. ဆိုဖာပေါ် လှဲလိုက်ပါလား။.. ကန်တော့ဗျာ .. ပေါင်ရင်းကနေ လိမ်းရင်တော့ အကောင်းဆုံးပေမယ့် မမဖြူ ရှက်မစိုးလို့ ပေါင်လယ်လောက်ထိတော့ ထဘီလေး ခဏ မပေးထားပါ။ စိတ်ထဲမှာ ဆေးခန်း ရောက်နေတယ်လို့သာ မှတ်လိုက်နော်။ ကျွန်တော့်ကိုလဲ မဇင်လို့သာ သတ်မှတ်လိုက် "

" အင်း .. အင်း .. "

မမဖြူက ကျွန်တော်ပြောတဲ့အတိုင်း ဆိုဖာပေါ် လှဲလိုက်ပြီး သူ့ထဘီစကို ပေါင်လယ်လောက်ထိ မဝင့်မရဲ မပေးလိုက်သည်။ ကျွန်တော် လက်ဖဝါးပေါ် လိမ်းဆေးအနည်းငယ်နဲ့ မုံညှင်းဆီရောကာ နာနာ ပွတ်ခြေ လက်ပူထုတ်လိုက်ပြီး ပေါင်လယ်ကနေ ဖိကိုင်ကာ ဒူးခေါင်းထိပ်ထိ ပွတ်ဆွဲလိုက်သည်။

" မမဖြူ .. နည်းနည်းတော့ နာမယ်နော်။ အောင့်ခံပေး .. "

" အင်း .. အင်း .. အမယ်လေး .. ဖြေးဖြေး ငါ့မောင် "

ကျွန်တော် ပေါင်တံကို ခရင်းခွပုံ ကိုင်လိုက်ပြီး ဆေးလူးရင်း နှိပ်ပေးလိုက်သည်။ မမဖြူမှာ နေရခက်သွားပြီး လက်ကို ရင်ဘတ်ပေါ် မိုးထားကာ တစ်ချက် တစ်ချက် တွန့်သွားတတ်သည်။ ကျွန်တော်လဲ မုံညှင်းဆီ အသားထဲ စိမ့်ဝင်စေဖို့ပဲ အာရုံရောက်နေသည်။ အားနဲ့ဖိလိုက် နှိပ်လိုက်နဲ့။ မမဖြူက မျက်လုံးမှိတ်ထားပြီး တအင်းအင်း နဲ့ နာလဲနာ .. ကောင်းလဲကောင်း ဖြစ်နေပုံပဲ။

" ဘယ်လိုနေလဲ မမဖြူ သက်သာရဲ့လား "

" အေး .. သက်သာတယ်။ ပေါင်အောက်ကနေ အပူတွေ ထွက်ချင်လာသလိုပဲ .. "

" ဟုတ် .. ခဏနေမှ အပူသေချာထုတ်ပေးမယ်။ လောလောဆယ် ဆီ အရင်လူးလိုက်မယ် "

" အေး .. အေး .. မင်း အဆင်ပြေသလိုသာ လုပ် .. အာ့ .. ကျွတ် .. ကျွတ် .. အပေါ်နည်းနည်း .. "

ခဏနေတော့ မမဖြူ တစ်ယောက် ဝေဒနာကို ထိရောက်စွာ ကုသစေချင်လို့လားမသိ။ သူ့ထဘီစကို အပေါ်သို့ နည်းနည်း ဆွဲမ ပေးသည်။ ဆိုလိုတာက ပေါင်ရင်းအထိ အနှိပ်ခံချင်တာလား မမဖြူ။ သူ မရှက်နိုင်ပဲ အနှိပ်ခံချင်လို့ မသိမသာ ဆွဲလှန်ပေးတာဖြစ်မည်။

ကျွန်တော်လဲ သူ့ပေါင်ရင်းထိ မြင်လိုက်တော့ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားရသည်။ ၄၀ ကျော်စ မိန်းမတစ်ယောက်ရဲ့ အောက်ပိုင်းအလှကို တစ်ခါမှ မမြင်ဖူးတာမို့ ဖြစ်မည်။ ဖြူဖြူဖွေးဖွေး လုံးအိနေသော မမဖြူရဲ့ ပေါင်လုံးတွေကို နှိပ်ရတာ အရသာတစ်မျိုး ခံစားမိလာသည်။ မဖြစ်ဘူး .. ဘာလို့ ဒီလိုဖြစ်တာလဲ။ ငါ့စေတနာက အရောင်ဖြူရဲ့သားနဲ့ ဘာဖြစ်လို့ ငါ့စိတ်က အရောင်ဆိုးချင်လာတာလဲ။ နှိပ်နေတဲ့ ကျွန်တော့်လက်တွေက အနှိပ်သည် လက်ကနေ မိန်းမတစ်ယောက်ကို ထိတွေ့ခံစားနေသော လက်များအဖြစ် တဖြေးဖြေး ပြောင်းလဲလို့ လာချေပြီ။

" အင်း .. ကောင်းလိုက်တာ ငါ့မောင်ရယ် .. အမယ်လေး အရသာရှိလိုက်တာ။
အေး ဟုတ်တယ် အဲ့ဒီနေရာတွေ .. အာ့ ... ကျွတ် .. ကျွတ် .. ဟင်း ... "

မမဖြူရဲ့ ဝေဒနာ ငြီးတွားသံက ကျွန်တော့်နားထဲမှာ ကာမငြီးတွားသံတွေ အဖြစ် ပြောင်းလဲပြီး ကြားနေရသည်။ မမဖြူပြောတဲ့ သင့်တော်ပါ့မလားဆိုတဲ့ စကားကို ကျွန်တော် ပြန်ကြားလိုက်သည်။ သူစိုးရိမ်တဲ့အတိုင်း မသင့်တော်တာတွေ ကျွန်တော် တွေးနေမိပါလား။ စိတ်ကို ထိန်းစမ်းကွာ။ စိတ်ကို ထိန်းစမ်းကွာလို့ ပြောနေပေမယ့် ကျွန်တော့်လက်များက မမဖြူ အဆုံးထိ လှန်ပေးထားသော ပေါင်းရင်းများဆီ ချီတက်နေလေပြီ။

ကျွန်တော် ပေါင်ရင်းကို မကိုင်ရဲ ကိုင်ရဲနဲ့ အသာ ကိုင်လိုက်ပြီး ပေါင်ပတ်ပတ်လည်ကို စကောဝိုင်း ရစ်သလို လက်နဲ့ရစ်ပြီး နှိပ်ပေးရင်း ဆေးလူးပေးလိုက်သည်။ ဒါကို မမဖြူ အတော် သဘောကျပုံရသည်။ပေါင်တွင်းကြောအစ ပေါင်ရင်းက ဆိုသည့်အတိုင်း ပေါင်ရင်းကို သေချာလူးပေးလေ နေလို့ကောင်းလေမို့ ပေါင်ရင်းကိုပဲ အာရုံစိုက်ကာ နှိပ်ပေးလိုက်သည်။ စိတ်တွေက ၄၀ ကျော် အပျိုကြီးတစ်ယောက်ရဲ့
ပေါင်လုံးဖွေးဖွေးကြီးကို ကိုင်နေရပါလားလို့ ခံစားနေမိတော့သည်။

" ကိုပြည့် .. မောင်လေး .. အားမနာနိုင်တော့ပါဘူး။ မင်းနှိပ်ပေးတာ ကောင်းလွန်းလို့ မမဖြူ ခဏ မှောက်လိုက်ဦးမယ်။ ပေါင်အောက်ပိုင်းနဲ့ ဒူးခြိုင့်ကို သေချာလေး လူးပေးပါဦး။ အားလဲနာတယ် ကျေးဇူးလဲတင်ပါတယ် ငါ့မောင်ရယ် .. "

" ဟုတ် .. ရတယ် မမဖြူ .. အားမနာပါနဲ့ .. "

မမဖြူက သူ့ထဘီစကို ဒူးခေါင်းထိ ပြန်ဖုံးလိုက်ကာ ပက်လက်လှန်ရာကနေ မှောက်ပေးလိုက်သည်။ အဲ့ဒီတော့မှ ကျွန်တော့်ရဲ့ အဖြူရောင်စိတ်တွေ အမဲရောင်နယ်မြေသို့ တမုန်းပြေးသွားလေတော့သည်။ မမဖြူရဲ့ တင်ပါးကြီးက စွင့်ကားနေပြီး တင်ဆုံကြီးက အနောက်သို့ စူထွက်နေလေသည်။ ထဘီအောက်တွင် အကိတ်ဆိုမှ တကယ့် အကိတ်ကြီး။ တစ်ခါမှ ဒီလောက် တောင့်တင်းတဲ့ ဖင်ဆုံကြီးကို အနီးကပ် မမြင်ဖူးပေ။ စိတ်ထဲမှာ ဖင်လုံးကြီး နှစ်ဖက်ကို အားရပါးရ ကိုင်ပစ်လိုက်ချင်တော့သည်။ အဲ့ဒီလောက်ထိ ကျွန်တော့်စိတ်တွေ နက်မှောင်သွားလေသည်။ အသိစိတ်ကို မနည်းထိန်းချုပ်ရင်း ကျွန်တော် မမဖြူရဲ့ ထဘီကို ပေါင်ရင်းထိ ဆွဲလှန်လိုက်တော့သည်။ မြင်ကွင်းက အနာပေါ် တုတ်ကျ သွားသလိုပါပဲ။

" အင်း .. အဲ့နား နာနာလေး နှိပ်ပေး မောင်လေး။ ဟုတ်တယ် အဲ့ဒီနားလေး ..ဟင်း .. ထိတယ် ငါ့မောင် ..
အကြောကို သေချာထိတယ်ကွယ်။ ဒီလိုမျိုး အနှိပ်ခံချင်နေတာ။ အခုမှပဲ ခံရတော့တယ်။ အမယ်လေး .. ကောင်းလိုက်တာ .. "

ကျွန်တော်လဲ ကောင်းနေပြီ မမဖြူရယ်။ ဘာလို့ ဒီလောက် တောင့်ပြီး ဒီလောက် ဖြူဖွေးနေရတာလဲဗျာ။ ပေါင်အောက်မှာရှိတဲ့ မှဲ့လေးတစ်ချို့က ကျွန်တော့်ကို ဖမ်းစားနေပြန်သည်။ ကျွန်တော် ဆက်ပြီး မနှိပ်ရဲတော့ပဲ လက်တွေလဲ တဖြေးဖြေး တုန်လာပြီ။ ဒူးခေါင်းခြိုင့်ဆီသို့ အာရုံပြောင်းကာ နှိပ်လိုက်တော့သည်။ မဟုတ်ရင် ဖင်တုံးကြီးတွေကို ပြေးကိုင်မိတော့မည်။ ဒူးအောက်ပိုင်းက ခြေသလုံး ကြွက်သားတွေကို နာနာလေးဖိဆွဲရင်း ခြေဖဝါးတွေထိ ဆေးလူးပေးလိုက်သည်။ ဒါပေမယ့် ကျွန်တော့်မျက်လုံးများက တင်ဆုံကြီး ဆီသို့။

" ခြေဖဝါးတွေထိ မလူးပါနဲ့ ငါ့မောင်ရယ် .. အားနာလိုက်တာ .. ရတယ် "

" ရပါတယ်ဗျ .. ခြေဖဝါးကလဲ အရေးကြီးတဲ့ ခန္တကိုယ် အစိတ်ပိုင်းထဲမှာ ပါတယ် မမဖြူရဲ့။ တစ်ကိုယ်လုံးက အကြောတွေ ခြေဖဝါးမှာ လာဆုံတယ်လေ။ ဒီနားလေးကို နှိပ်ရင် ခေါင်းကိုက်တာပျောက်တယ်။ ဒီနားလေးက အသဲ၊ ဒီနားက နှလုံး၊ ဒီနားက သရက်ရွက် .. တစ်ခြားနေရာတွေလဲ ရှိသေးတယ်။ ကျွန်တော်က သူငယ်ချင်း အကြောပြင်ဆရာဆီမှာ သင်ထားလို့ သိနေတာ "

" တော်လိုက်တာ ငါ့မောင်ရယ် .. မမဖြူတော့ မင်းနဲ့တွေ့တာ တကယ်ကံကောင်းတာပဲ။
အင်း .. နောက်ဆိုရင်တော့ မင်းကို ဒီလို မခိုင်းရဲပါဘူး။ အိမ်ကလူတွေသိရင် ဝိုင်းဆဲကြမှာ .. "

" သိတော့လဲ ဘာဖြစ်လဲဗျာ .. ကိုယ့်အစ်မကို နှိပ်ပေးတာပဲ "

" အမယ်လေး အခု ဘယ်သူမှမရှိလို့ ရှက်ရှက်နဲ့ အနှိပ်ခံရဲတာ။ အင်း .. ကောင်းလဲကောင်း .. ထိလဲထိ .. မင်းလုပ်တာနဲ့ ငါတော့ အနှိပ်သည် လက်ဆွဲဖြစ်တော့မယ်ထင်တယ်။ မင်းလို နှိပ်တတ်တဲ့ အမျိုးသမီးတစ်ယောက်လောက် ရပ်ကွက်ထဲ ရှာကြည့်ဦးမှပါ။ ခုလိုလေး အနှိပ်ခံလိုက်ရတော့ အတော် အဆင်ပြေတယ် "

" ငါ့အစ်မရယ် .. ကျွန်တော် ရှိနေတာပဲ။ အားမနာနဲ့ နောက်ဆို အမြဲနှိပ်ပေးမယ်။ မမဖြူက တစ်ခြားသူ မသိစေချင်ရင် နောက် ဒီလို ဥပုသ်နေ့မျိုး လူရှင်းတဲ့အချိန် ကျွန်တော် လာနှိပ်ပေးပါ့မယ်ဗျ။ ဝေဒနာကိုတော့ ခါးစည်းမခံပါနဲ့ဗျာ .. "

" အင်း .. ခါးဆိုလို့ .. မင်းကို အားနာပြီး မပြောတာ။ အခု အဓိက နာနေတာ ခါးတွေပဲ။
ဒါပေမယ့် ခါးကိုတော့ မနှိပ်ခိုင်းရက်ပါဘူး ငါ့မောင်ရယ်။ သင့်လဲ မသင့်တော်ပါဘူး။
ကဲ .. ကဲ .. ရပြီ။ တော်တော့နော် .. "

" ဟင်း .. မမဖြူကတော့ ကျွန်တော် ပြောတာကို နားမလည်ဘူး။ ကဲပါဗျာ .. နှိပ်လက်စနဲ့ မထူးပါဘူး "

ကျွန်တော်လဲ ဒီလောက်နဲ့ အဆုံးသတ်လို့ရပေမယ့် စိတ်ရဲ့ စေရာကို မတားဆီးနိုင်ပဲ မမဖြူရဲ့ ခါးကို အဝတ်စားတွေပေါ်ကနေ နှိပ်ပေးလိုက်မိသည်။ အမှန်က ကျွန်တော် တင်ဆုံကြီးကို ကြည့်ရတာ အားမရသေးလို့ဖြစ်သည်။ အစွဲလမ်းဆိုတာ ချက်ချင်းဖျောက်ဖို့ ခက်ပါလား မမဖြူရယ်။ အခိုက်တန့်သာ မြင်လိုက်ရပေမယ့် မမဖြူရဲ့ တင်ဆုံအလှကို ကျွန်တော့် တစ်ဘဝစာ မှတ်မိနေချင်ပြီ။

" အို .. ဟဲ့ .. ငါ့မောင် .. မင်းကလဲ ဇွတ်ပဲတော့။ မလုပ်ပါနဲ့ဆိုနေ .. ဟင်း .. "

" အားတော့နာတယ် မမဖြူ .. နှိပ်မယ့်နှိပ် အကုန်နှိပ်ပေးသွားပါရစေ။ ခဏ သည်းခံပေးပါဗျာ "

မမဖြူတော့ စိတ်ဆိုးသွားလားမသိ။ ကျွန်တော့်လက်တွေကို ကျွန်တော် ကိုယ်တိုင် မထိန်းချုပ်နိုင်တော့။ လက်များက မမဖြူရဲ့ ခါးရှိရာတွင် ဝတ်စားထားသော အပေါ်အင်္ကျီနဲ့အောက်ပိုင်းထဘီကြားကို ဆွဲဟ ပလိုက်သည်အထိ ရဲတင်းလွန်းသွားသည်။ ဒါက လူတစ်ယောက်အတွက် Self control ပျောက်ဆုံးချိန်လို့ခေါ်မလား .. လက်တွေက အလိုလို လှုပ်ရှားနေမိသည်။ မမဖြူကိုလဲ ကျွန်တော် အားမနာနိုင်တော့။
လုပ်ချင်တာကို ဇွတ်လုပ်မိခဲ့သည်။ မမဖြူရဲ့ ထဘီက အနည်းငယ် ပြေသွားပြီး ခါးဖြူဖြူလေး အထင်းသား ပေါ်လာတော့သည်။ ကျွန်တော်လဲ မုံညှင်းဆီ နည်းနည်း ဖြူးကာ ခါးကြောများကို ဝှေ့ကာ ဝိုက်ကာနဲ့ တတ်သမျှ ပညာကုန်သုံးပြီး နှိပ်ပေးလိုက်တော့သည်။

မမဖြူက ထဘီကျွတ်မည် စိုးသောကြောင့် လက်ကို နောက်ပြန်လှန်ပြီး သူ့ထဘီစကို ဆွဲထားလိုက်သည်။ ကျွန်တော့်လုပ်ရပ်ကို ချက်ချင်းပဲ တားဆီးလိမ့်မယ် ထင်ပေမယ့် ကျွန်တော့် အနှိပ်ပညာ သူ့ခါးဆီ ရောက်သွားတော့ သူ ဘယ်လိုမှ မလွန်ဆန်နိုင်ဘူး ဖြစ်သွားပုံရသည်။ ကျွန်တော် နှိပ်ပေးတာကို ဘာမှမပြောပဲ ငြိမ်ခံနေသည်။ အဲ့ဒီချိန်မှာပဲ ကျွန်တော် နောက်တစ်ကြိမ် Self control ပျောက်သွားပြန်ပါသည်။

ဘာလို့လဲဆိုတော့ ထဘီက အောက်ကို ဆက်လျောသွားပြီး မမဖြူရဲ့ အဖြူရောင် အတွင်းခံဘောင်းဘီကြီးကို လက်မဝက်လောက် မြင်လိုက်ရလေသည်။ သွားပြီ .. အကုန်မြင်ရတာထက် ဒီလို တစ်ပိုင်းတစ်စ မြင်လိုက်ရတာက ပိုခံရခက်သည်ဆိုတာ ကျွန်တော့်လိုကြုံမှ သိကြမှာပါ။ ကျွန်တော် တံတွေး မြိုချလိုက်ရင်း .. တစ်ပိုင်းတစ်စ မြင်နေရတဲ့ အတွင်းခံအဖြူလေးကို မနားတမ်း ငမ်းနေမိပါတော့သည်။ မျက်လုံးထဲမှာ မမဖြူတို့ အခန်းထဲတွင် အိမ်သာတက်ခဲ့တုန်းက မြင်တွေ့ခဲ့ရသော အတွင်းခံများ ကျွန်တော့်နားမှာ ဝိုင်းဝိုင်းလည်နေသည်။

" ရပြီ ငါ့မောင် .. တော်ပါတော့ကွယ် .. မမဖြူ အနေခက်လာပြီ "

တောင်းပန်ပါတယ် မမဖြူ .. နောက်ဆုံးအကြိမ် .. နောက်ဆုံးအကြိမ်လေး တစ်ခုလောက်တော့ လုပ်ခွင့်ပြုပါဗျာ။

ကျွန်တော် မမဖြူရဲ့ အတွင်းခံ အနားစလေးကို နှိပ်နေရင်း ထိမိတာလိုလို ဘာလိုလိုနဲ့ မသိမသာ ထိလိုက်ပြီး အတွင်းခံ ဘေးလျား တစ်လျှောက်ကို လက်နဲ့ဖိကာ ပွတ်ဆွဲချလိုက်တော့သည်။ အမှန်က ကျွန်တော် ပွတ်ဆွဲချင်သည်က အထက်အောက်ပါ။ ဒါပေမယ့် ရသလောက်လေး ကျွန်တော် ဆင်ကြံ ကြံလိုက်မိသည်။ ဒီလုပ်ရပ်ကို မမဖြူ သတိထားမိမှာ သေချာသည်။ ကျွန်တော့်လက်တွေက သူ့အတွင်းခံ ဘောင်းဘီကို သေချာကြီး ကိုင်လိုက်မှန်း မမဖြူ သတိထားမိသွားလား။

ကျွန်တော် လုပ်ချင်တာလုပ်ပြီးမှ စိုးရိမ်စိတ်တွေ ပေါ်လာတော့သည်။ ကျွန်တော် ရနေတဲ့အခွင့်ရေးကို အဆုံးထိ အသုံးချခဲ့မိသည်။

တောင်းပန်ပါတယ် မမဖြူ။ သိသာသွားလားဗျာ။

သိသာသွားပုံကတော့ မမဖြူ မှောက်ရာကနေ ဇတ်ကနဲ ထထိုင်သွားသည်အထိပါပဲ။

" အားနာလိုက်တာ မမဖြူ .. ကျွန်တော် အနှိပ်လွန်သွားတယ်။ မတော်လို့ပါနော် .. "

" အင်း .. ရ .. ရတယ် .. "

" ဘယ်လိုနေသေးလား ခါးနာတာ သက်သာလား။ တစ်ခြားရော ဘယ်လိုနေသေးလဲ "

" အင်း .. အကုန် သက်သာသွားပြီ။ မောင်လေး .. ပြန်တော့နော်။
မမဖြူ .. အတော် သက်သာသွားပြီ။ ကျေးဇူးအရမ်းတင်ပါတယ် "

" ရပါတယ်။ ဒီမှာပဲ ခဏလှဲနေပြီး အနားယူလိုက်နော်။ ခြေထောက်ကိုတော့ အောက်ကို ခဏချပေးထား။
အပေါ်ပြန်မြှောက်မိရင် ကြွက်ပြန်တက်တတ်တယ်။ သက်သာသွားရင်လဲ ကျွန်တော် ပြန်တော့မယ်နော် "

" အေး .. အေး .. ကောင်းပြီ .. ပြန်တော့နော် .. မမဖြူ လိုက်မပို့နိုင်တော့ဘူး။
မင်းဘာသာ ခြံတံခါးကို သေချာလေး ပြန်ပိတ်ပေးခဲ့တော့ "

" ဟုတ် .. သွားပြီနော် "

ကျွန်တော်လဲ လုပ်ချင်တာ လုပ်လိုက်မိလို့ မျက်နှာပူပူနဲ့ အမြန်ပြန်ချင်နေသည်။ မမဖြူ အတော် လန့်သွားပုံရသည်။ စကားကို မနည်းပြောနေရမှန်း ကျွန်တော် သိသည်။ တောင်းပန်ပါတယ် မမဖြူ။ 

အနေခက်ပြီး အိန္ဒြေပျက်သွားခဲ့ရင် ကျွန်တော့်ကို ခွင့်လွှတ်ပါ။

ကျွန်တော် အိမ်ပေါက်ဝနားရောက်တော့ ဧည့်ခန်းထဲကနေ မမဖြူရဲ့ ခေါ်သံကို ကြားလိုက်ရသည်။

" ကိုပြည့် .. မောင်လေး "

" ဟုတ် .. မမဖြူ "

" ဟို .. ဟိုဒင်း ... နောက်တစ်ခါ ဥပုသ်နေ့ကျ .. မင်း ဒီလိုပဲ လာနှိပ်ပေးနိုင်မလားဟင် .. "

ဟင် .. ကျွန်တော့် တင်ဆုံကြီးကို နောက်တစ်ခါ ပြန်မြင်ရဦးမှာပါလား။

" ဟုတ် .. လာနှိပ်ပေးမယ် မမဖြူ .. အဲ့ခါကျ ကျွန်တော် အပူတွေပါ သေချာထုတ်ပေးပါ့မယ် "

" အင်း .. ဒီအချိန်ပဲနော် .. သိတယ်မလား .. "

" ဟုတ် .. သိတယ် မမဖြူ .. ကျွန်တော် သိပါတယ်ဗျ "

ကျွန်တော် သိပါတယ် မမဖြူ။ မမဖြူ ဘာကိုပြောချင်လဲဆိုတာ ကျွန်တော် သေချာသိပါတယ်ခင်ဗျ။

........................။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Donde viven las historias. Descúbrelo ahora