အိမ်တွင်းဖြစ် Party ...
@@@@@@@@@@
အိပ်ယာနိုးနိုးချင်း ပြတင်းပေါက်ကို ဖွင့်လိုက်တော့ နွေရဲ့ လေပြေရူးက တံခါးမခေါက်ပဲ အခန်းထဲသို့ ပြေးဝင်လာတော့သည်။ ဥသြငှက်သံနဲ့အတူ သင်္ကြန် ရနံ့လေးကို ကျွန်တော် ရှူလိုက်မိသည်။ သင်္ကြန်ရောက်ဖို့ တစ်ရက်သာ လိုတော့သည်။ ဒီနေ့ကစပြီး နှစ်ဆန်း (၃)ရက်နေ့အထိ ဆိုင်ပိတ်ကာ အလုပ်နားထားသည်။
ဝင်းအောင်က လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက မပြန်တာကြာပြီဖြစ်တဲ့ သူ့မိဘများရှိရာ နယ်မြို့သို့အလည်ပြန်သည်။ သင်္ကြန်ကို မကဲပဲ မနေနိုင်လို့ အကြတ်နေ့မှ ပြန်လာပြီး လည်မယ်လို့ ပြောသွားသည်။ ကျွန်တော်ကတော့ ယွန်းနဲ့အတူ သင်္ကြန် ကို ဖြတ်သန်းဖို့ စီစဉ်ထားသည်။ မမဖြူက သူ့အမေနဲ့ သင်္ကြန်တွင်း တရားစခန်း ဝင်လေ့ရှိသည်။ အိမ်မှာ ယွန်းရယ် လွန်း နဲ့ မဇင် တို့ သုံးယောက် ကျန်ခဲ့သည်။ မမဖြူက သူ့သမီးတွေကို စောင့်ရှောက်ပေးဖို့ မှာသွားခဲ့သည်။
ကျွန်တော် ယွန်းဆီကို ဖုန်းဆက်လိုက်သည်။
" ကို .. ပြော "
" မနက်ဖြန် အကြိုနေ့ဆိုတော့ ယွန်းတို့ ဘာအစီစဉ် ရှိလဲ "
" မနက်ဖြန် ယွန်းတို့ညီအစ်မတွေ အိမ်သန့်ရှင်းလေး လုပ်မယ်။ တစ်နေကုန် လုပ်ရမှာဆိုတော့ ယွန်း မအားလောက်ဘူး။ တစ်နှစ်လုံး ဒီအချိန်ပဲ တစ်အိမ်လုံး သန့်ရှင်းရေး လုပ်ဖြစ်တာလေ။ ကို လာမယ်ဆို အကျနေ့ လာခဲ့ပါလား။ အဲ့နေ့ကျ ယွန်းတို့ အိမ်မှာပဲ ပျော်ပျော်ပါးပါး သောက်ကြ စားကြတာပေါ့။ ဟိ .. မေမေ နဲ့ မမဖြူလဲ မရှိတော့ လွတ်လွတ်လပ်လပ်ပဲ "
" အိုကေ ဒါဆိုလဲ ကို အကျနေ့မှ ယွန်းတို့ဆီ လာခဲ့မယ် "
" လာရင် ဘီယာ ဝယ်ခဲ့ဦး။ ပျော်ပျော်ပါးပါး အိမ်မှာပဲ ကဲ ကြတာပေါ့။
အဲ့နေ့ကျ လွန်းက ဟော့ပေါ့ လုပ်မယ်ပြောတယ်။ ကျန်တာ ဘာမှ မဝယ်ခဲ့နဲ့တော့ .. "" အိုကေ .. ဘီယာ တစ်ဖာဆို တော်ပြီလား .. "
" အာ .. နည်းတယ် နှစ်ဖာ ဝယ်ခဲ့ .. ခစ် .. ခစ် .. (၃)ရက်လုံး သောက်မယ် "
ВЫ ЧИТАЕТЕ
ရင်ဝှက်ကဗျာ ( Yin Wat Kabyar )
Любовные романыရင်ဝှက်ကဗျာ က 18+ Erotic Romance Novel ဖြစ်ပါတယ်။ ရသစုံ ခံစားရမယ့် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။ Erotic Novel ဖြစ်တာမို့ sexual pleasure တွေ ပါပြီး အသက်(၁၈)နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် တောင်းဆိုပါတယ်။ ချစ်တတ်တဲ့သူနဲ့ အချစ်ခံရတဲ့သူတွေ အကြောင်းကို လှပ...