Chapter (16) ချစ်သင်္ကေတ ...

3.9K 24 0
                                    


ချစ်သင်္ကေတ ...


@@@@@@@@

ဥပုသ်နေ့။

ဒီလိုအချိန် ဒီနေရာကို ကျွန်တော် ပြန်ရောက်လာခဲ့သည်။ ခြံထဲသို့ မဝင်ခင် အပြင်ကနေ အခြေနေကို သေချာကြည့်လိုက်သည်။ အရင်တစ်ခါလို အားလုံး ထွက်သွားကြပြီထင်တယ်။ အိမ်တံခါးတွေ အကုန် ပိတ်ထားသည်။ မမဖြူကို လှမ်းခေါ်ကြည့်လိုက်သည်။

" မမဖြူ .. မမဖြူ "

" ကိုပြည့် .. တံခါးဖွင့်ထားတယ်။ ဝင်ခဲ့နော် "

အိမ်ထဲကနေ မမဖြူ အော်ပြောလိုက်သည်။ ခြံတံခါးသော့ခတ်မထားလို့ ကျွန်တော်လဲ အသာတွန်းရင်း အိမ်ထဲ ဝင်ခဲ့လိုက်သည်။ ဧည့်ခန်းရောက်တော့ မမဖြူက ကျွန်တော့်အတွက် သံပရာရည်တစ်ခွက် ဖျော်လာကာ စားပွဲပေါ် ချပေးလိုက်သည်။

" သံပရာရည်လေး သောက်ဦး။ လက်ထဲက ဘာကြီးလဲ .. "

" မုံညှင်းဆီ ပုလင်းပါ။ နယ်ကနေ အဖေကိုယ်တိုင် မှာထားတဲ့ ဆုံနဲ့ ကြိတ်တဲ့ ဆုံဆီ စစ်စစ် မမဖြူ။
ဒီကဟာတွေထက် ပိုစစ်တယ်။ ဒါကြောင့် မမဖြူအတွက် ကျွန်တော် ယူလာတာ "

" အေး ကျေးဇူးပါကွယ်။ လိမ်းဆေးကတော့ ဒီမှာ အဆင်သင့်ပဲ။ ဒီတစ်ခါတော့ သိပ်အကြာကြီး မနှိပ်ပါနဲ့တော့။ မင်းကို အားနာလို့ပါ။ မမဖြူလဲ မင်းနှိပ်ပြီးကတည်းက ခုချိန်ထိ နေလို့ကောင်းသွားလိုက်တာ။
အိပ်လို့လဲ ကောင်းမှကောင်း။ မင်းကို နေ့တိုင်း ကျေးဇူးတင်နေမိတာ .. "

" ဝမ်းသာပါတယ်ဗျာ။ ကျွန်တော်လဲ တတ်သလောက်လေး ကူညီပေးတာပါ။
ကဲ .. အချိန်လဲ သိပ်မရတော့ ကျွန်တော် နှိပ်ပေးတော့မယ်နော် .. လှဲလိုက်ပါဦး "

အမှန်က မှောက်လိုက်ပါဦးလို့ပြောချင်တာ။ တင်ဆုံကြီးကို လွမ်းလှပြီ။ မမဖြူက ဆိုဖာပေါ် အသာလှဲလိုက်ပြီး သူ့ထဘီစကို ဒူးအထက်လောက် မတင်ပေးလိုက်သည်။ ကျွန်တော်လဲ မမဖြူနားမှာ ခုံတစ်ခု ယူထိုင်လိုက်ပြီး လက်ဝါးထဲ မုံညှင်းဆီ ရွှဲရွှဲပွတ်ကာ ဒူးခေါင်းနေရာကနေ အောက်ကို ဖိချပြီး လိမ်းပေးလိုက်သည်။ နောက်တစ်ကြိမ် နှိပ်ပေးဖို့ အခွင့်ရေးပေးတာမို့ အရင်ကလောက် စိတ်ထဲမှာ နေရခက်မနေတော့ပေ။
မမဖြူ ကို ရင်းရင်းနှီးနှီး စကားတွေ ပြောလိုက်မိသည်။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Donde viven las historias. Descúbrelo ahora