Chapter (6) ဒိုင်ယာရီတစ်အုပ်ရဲ့ ပထမဆုံးစာမျက်နှာ ...

4.6K 31 0
                                    


ဒိုင်ယာရီတစ်အုပ်ရဲ့ ပထမဆုံးစာမျက်နှာ ...


@@@@@@@@@@@@@@@@@@@@

ဒီနေရာကို ကျွန်တော် မရောက်ဖြစ်တာ နှစ်အတော် ကြာခဲ့ပြီ။ အရင်တုန်းကဆို ဒီလမ်းတွေကို ချောင်းပေါက်မတတ် ကျွန်တော် လာနေကြပေါ့။ နှင်းက နိုင်ငံခြားမပြန်ခင် ကျွန်တော့်ကို ဖုန်းဆက်ပြီး တွေ့ရအောင် ချိန်းသည်။ အရင်တုန်းကလို သူ့အိမ်လမ်းထိပ်မှာ ကျွန်တော့်ကို လာခေါ်ခိုင်းသည်။

နှင်း နဲ့ ချစ်သူဖြစ်ခဲ့တုန်းက ကျွန်တော် အမြဲတမ်း သူ့ကို ဒီနေရာမှာ လာခေါ်နေကြဖြစ်သည်။ အခုတော့ ပတ်ဝန်းကျင်က ဘာမှ မပြောင်းလဲပေမယ့် ကျွန်တော် နဲ့ နှင်းရဲ့ အခြေနေတွေက အပြောင်းလဲကြီး ပြောင်းလဲသွားပြီ။ မရောက်တာကြာပြီဖြစ်တဲ့ နှင်းတို့ ရပ်ကွက်ထဲသို့ စိတ်တွေ လေးလံစွာဖြင့်
ကျွန်တော် ရောက်ခဲ့လေပြီ။ နှင်းက ကျွန်တော်နဲ့ဆုံနေကြ လမ်းထိပ် တမာပင်အောက်မှာ အရင်တုန်းကလို စောင့်နေသည်။

အတိတ်က အဖြစ်ပျက်လေးတစ်ခု ကျွန်တော် ပြန်ခံစားရပြန်ပြီ။

" နှင်း .. စောင့်နေတာ ကြာပြီလား .. "

" မကြာသေးပါဘူး "

နှင်းက ကျွန်တော့် ကားပေါ် တက်လိုက်သည်။ လက်ထဲမှာ စာအုပ်လေးတစ်အုပ် ကိုင်ထားသည်ကို သတိထားမိသည်။

" နှင်းတို့ ရပ်ကွက်က အရင်လိုပဲ ဘာမှ မပြောင်းလဲဘူးနော် "

" ဟုတ်တယ် .. အရင်အတိုင်းပဲ။ နှင်း ဟိုမှာ ရှိနေချိန်ဆို ဒီရပ်ကွက်လေးကို အရမ်းလွမ်းတာ။
အိမ်ပြန်ချင်စိတ်တွေ မနည်း ထိန်းထားရတယ် "

" ဟုတ်မှာပေါ့ .. ဒါနဲ့ ဟိန်းတို့ ဘယ်သွားကြမလဲ "

" ကန်ဘောင်မှာ ရှမ်းခေါက်ဆွဲ သွားစားမယ် "

ကျွန်တော် တစ်ခုခုကို ရိပ်မိလိုက်သည်။ ပထမ .. လာခေါ်နေကြ လမ်းထိပ်မှာ ချိန်းတယ်။ နောက်တော့ စားနေကြ ကန်ဘောင်က ရှမ်းခေါက်ဆွဲဆိုင်။ ကျွန်တော် မှတ်မိပါတယ်။ နှင်း နဲ့ ကျွန်တော် ချစ်သူတွေဖြစ်ပြီး ပထမဆုံး ချိန်းတွေ့တုန်းက အခုအတိုင်းပင် ဖြစ်သည်။ နှင်း ဘာသဘောနဲ့ အခုလို ပြန်လုပ်တာလဲ။ နှင်း လက်ထဲက စာအုပ်ကို သေချာကြည့်လိုက်တော့ ဒိုင်ယာရီ စာအုပ်လေး ဖြစ်နိုင်သည်။ ကျွန်တော် နှင်းကို ဘာမှ မပြောတော့ပဲ ကန်ဘောင်ဘက်သို့ မောင်းလာခဲ့သည်။ လမ်းမှာ နှင်း နဲ့ ကျွန်တော် စကားမပြောဖြစ်ပဲ တိတ်ဆိတ်နေခဲ့သည်။ ကန်ဘောင်ကို ရောက်တော့ ထိုင်နေကြ ရှမ်းခေါက်ဆွဲ ဆိုင်လေးသို့ ထွက်လာခဲ့သည်။ ဆိုင်ပုံစံကလဲ အရင်အတိုင်း ဘာမှ မပြောင်းလဲ။

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Donde viven las historias. Descúbrelo ahora