Chapter (23) ပြစ်ဒဏ် ...

3.1K 17 0
                                    


ပြစ်ဒဏ် ...


@@@@@@

ယွန်းရဲ့ စကားလုံးတိုင်းက ကျွန်တော့် နှလုံးသားကို ဓါးနဲ့တစ်ချက်ချင်း ထိုင်မွှန်းနေသလိုပဲ။ သူ ဒီစကားတွေ ကျွန်တော့်ကိုပြောဖို့ အတော်လေး အားယူခဲ့ရမှာ။ ယွန်းက အပြင်မှာ တက်ကြွတဲ့မိန်းကလေးလို့ထင်ရပေမယ့် သူ့နှလုံးသားက အရမ်းနုတယ်ဆိုတာ ကျွန်တော် အသိဆုံးပါ။ သနားကြင်နာစိတ် အပြည့်ရှိသူ။ ကျွန်တော်နဲ့ လျှောက်လည်တိုင်း လမ်းမှာ ပိုက်ဆံတောင်းစားတဲ့သူ တွေ့ရင် အမြဲတမ်း ပေးလေ့ရှိတယ်။ ခိုကလေးတွေတွေ့ရင် အစာကျွေးချင်တယ်။ လမ်းဘေး ခွေးလေးတွေတွေ့ရင် လက်ဖြောက်တီးပြီး ခေါ်တယ်။

အခုတော့ နုညံ့တဲ့ နှလုံးသား ပိုင်ရှင်လေးက သူ့နဲ့ မလိုက်ဖက်စွာ ပြင်းရှခက်ထန်တဲ့ စကားလုံးတွေ ပြောနေရပြီ။ မောနေပြီလား ယွန်းရယ်။ အားလုံးကို အသေးစိတ် ပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။ ကို မင်းကို မအံ့သြတော့ပါဘူး။ မင်းလို မိန်းကလေးမျိုးကို ဖုံးကွယ်ထားနိုင်မယ်လို့ ထင်နေတဲ့ ကိုယ့်ကိုကိုယ်ပဲ အံ့သြမိပါတယ်။ ပါရာဒိုက်မှာ Bill ရှင်းတုန်းက Bill စာရွက်လေးကို လွန်းက အမှတ်တရအဖြစ် ကျွန်တော် မသိအောင် ယူသွားတာဖြစ်မယ်။ အားလုံးကို ကျွန်တော် နားလည်လိုက်ပါပြီ။

" ကို .. သိပါပြီ ယွန်း။ မပြောသင့်ပေမယ့် အရမ်းပြောချင်နေလို့ ပြောပါရစေ။
ကို တောင်းပန်ပါတယ်။ ကို မင်းအပေါ် မှားခဲ့ပါတယ်ကွာ။ ကို့မှာ ဒါပဲ ပြောစရာရှိတယ် "

" ကျွန်မလဲ ရှင့်ကို ဘာမှ ထပ်ရှင်းပြစရာမရှိတော့ဘူး။ ကျွန်မ အားလုံး ပြောလိုက်ပြီ။
ဒီလို စကားတွေ ရှင့်ကို ပြောရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး "

" ကောင်းပါပြီ ယွန်း။ ဒီတော့ ယွန်း အခု ဘာဖြစ်ချင်လဲ .. အရှင်းဆုံးသာ ပြောပါ "

" ရှင့်ကို မေ့လိုက်ချင်တယ်။ ရှင့်တစ်ယောက်တည်းကိုပဲ မေ့သွားနိုင်မယ့် ဆေးရှိရင် အခုချက်ချင်း သောက်လိုက်ချင်တယ်။ ရှင့်ကို မေ့သွားပြီး ရှင်နဲ့လွန်း ချစ်နေတာကို ဘေးကနေ ညီမတစ်ယောက်အနေနဲ့ ကြည့်နေချင်တယ် "

ရင်ဝှက်ကဗျာ ( Yin Wat Kabyar )Opowieści tętniące życiem. Odkryj je teraz