၂ (Unicode)

182 18 1
                                    


             လူတစ်ယောက်ရပ်နေတာတော့ သေချာပါသည်။ နှင်းထုလား မြူတွေလား မီးခိုးတွေလားဆိုတာလည်း မသည်းကွဲ။ ပတ်ဝန်းကျင်တစ်ခုလုံးက ဖြူလင်းနေသည်။ သေချာကြည့်မိမှ ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နှင့်လူဖြစ်သည်။

ဂျက်ကင်အင်္ကျီနဲ့ ဘောင်းဘီရှည်ဝတ်ထားသည်ဆိုတာတော့ ခန့်မှန်း၍ရပါသည်။ သူက ဘယ်သူလဲ။

"လင်းယံ"

သူ့နာမည်ကြရတော့ အသွေးထဲအသားထဲထိကို သိပ်ပျော်သွားသည်။ ဘာလို့လဲဆို သူသိပ်လွမ်းနေခဲ့သည့် အသံတစ်သံမို့လို့ပါ။ မကြားရတာကြာပြီဖြစ်သည့် အသံပေမယ့် ထိုအသံလေးကို ရင်းနှီးနေသည်။

"လင်းယံ"

"လေးလေး လေးလေးမလားဟင်"

ထိုလူက သူ့ဆီ တဖြည်းဖြည်း လျှောက်လာလေသည်။ ပိုပိုနီးလာလေလေ သူဝတ်ဆင်ထားတဲ့ အဖြူရောင်ကိုယ်ထည်ကို မြင်လာသည်။

အနားရောက်လာသည့်အခါ အဖြူရောင်ဂွမ်းထည်လက်ရှည်နှင့် တစ်ဆက်တည်း ခေါင်းစွပ်အဖြူကိုနောက်သို့ ချွတ်ချလိုက်တော့ သူသိပ်လွမ်းနေခဲ့သည့် မျက်နှာလေးကို တွေ့ရသည်။

မျက်နှာလေးက နုဖက်နေပြီး နည်းနည်းလေးမှ
အိုမသွား။ စိတ်ဒဏ်ရာတွေမရှိတော့သလို အေးချမ်းနေတဲ့ မျက်နှာထားလေးနဲ့ ပြုံးယောင်ယောင်လေး ပြုံးနေသည်။ ကောင်းရာမွန်ရာမှာ ရှိနေဟန်တူသည် အရောင်အဝါတွေလည်း တောက်ပလို့။

"လေးလေး ဟင်း လေးလေးပဲ သားလေးလေးကို လွမ်းနေတာဗျ"

လင်းယံ လွမ်းနေခဲ့သည့် သူ့ကို ရင်ခွင်ထဲဆွဲသွင်းပြီး ဖက်လိုက်သည်။ လေးလေးက ပိန်ပိန်ကလေးဆိုတော့ ဖက်ရတာ မဝ။ ဟိုးအရင်က သူက ကလေးသာသာဆိုတော့ သူ့ကိုယ်သေးသေးကို လေးလေးကအင့်နေအောင်ဖက်ခဲ့သည်။ အခု သူသည် အထက်တန်းအောင်ပြီး တက္ကသိုလ်တက်ရတော့မည့် လူပျိုဖော်ဝင်စအရွယ်တောင်ရောက်ခဲ့ပြီ။ ခုတော့ လေးလေးကိုယ်သေးသေးလေးကို သူကအရင်တဝကြီး ဖက်ပစ်လိုက်သည်။

"လေးလေးကို သိပ်လွမ်းနေခဲ့တာ။ ဘယ်တွေရောက်နေလဲဟင်"

"ကောင်းတဲ့တစ်နေရာပေါ့"

Two & SnowWhere stories live. Discover now