ဇာတ်သိမ်းပိုင်း (Uni)

324 15 9
                                    


လေးလ ကြာပြီးနောက်

"တီ တီ တီ တီ"

မနက် ၄နာရီ ထိုးပြီဟူသော တင်ဇာရီပေါ်က နှိုးစက်ဆီမှ အချက်ပေးသံထွက်လာလေသည်။

သို့သော် ကြင်စမောင်နှံနှစ်ယောက်စလုံးသည် နှိုးစက်ထက်အရင်စော၍ နိုးနေခဲ့သည်။
ခေါင်းရင်းပြတင်းပေါက်မှ အလင်းဖျော့ဖျော့ကလွဲ၍ မှောင်ပိန်းပိန်းအခန်းထဲတွင် မျက်နှာကျက်တည့်တည့်ကို စိုက်ကြည့်နေမိကြ သည့် လင်မယားနှစ်ယောက်စလုံးတွင် ယနေ့အတွက်ရင်ခုန်မှုများအပြည့်နှင့်။

ဟုတ်သည်။ ဘာလို့ရင်ခုန်သရလဲဆိုလျှင် သည်နေ့သည် သူတို့ဘွဲ့ယူရမည့်နေပင်ဖြစ်သည်။ ထို့ကြောင့်လည်း ဘွားသီတာလက်ဖွဲ့ထားသည့် အိမ်မှ ညက မေမေ့အိမ်သို့ပြောင်းအိပ်ကြသည်။

မေမေတို့နှင့်မခွဲချင်သော်လည်း အိမ်တစ်လုံးလုံးလက်ဖွဲ့ထားသည့် ဘွားသီတာစိတ်ကျေနပ်စေအောင်ရယ် အိမ်တစ်လုံးလုံး အလဟဿမဖြစ်အောင်ရယ် သူတို့ပြောင်းနေဖြစ်သည်။ နှစ်ထပ်တိုက်ပုဖြူဖြူလေးဖြစ်ပေမယ့် နှစ်ယောက်တည်းမို့ အတော်အတန်ကျယ်ဝန်းပါသည်။

"နှစ် နိုးနေတာလား"

"အင်း အိပ်ရာပြောင်းသွားလို့ အစောကြီးနိုးနေတာ မောင်ရောလား"

"အင်း မောင်ရော အိပ်ရာပြောင်းသွားလို့"

"ဟွန့် ဘာအိပ်ရာပြောင်းတာ။ သူ့အခန်းပဲကို အပိုတွေသိပ်ပြော"

"မောင့်အခန်းဆိုရင် စားပွဲပေါ်မှာဓာတ်ပုံတွေရှိရမယ်ကွာ။ စာအုပ်အမည်းတွေစီထားရမယ်ကွာ။ နံရံပေါ်ကသံချိတ်မှာလက်ကောက်လေးရှိရမယ်ကွာ။ ခု မရှိဘူးလေ။ အဲ့တော့မောင့်အခန်းမဟုတ်ဘူး"

"ခုတော့ ဒီလိုစကားပြောပြီပေါ့လေ။ မောင် အဲ့လောက်ကတ်သီးကတ်သတ်နိုင်မှန်းမသိဘူး။ အဲ့ပစ္စည်းတွေကို သွားလေရာသယ်လို့မှမရတာ မောင်ရဲ့။ ဒီမှာထားခဲ့ဆိုတော့လည်းမဟုတ်။ ဒီရောက်ပြန်တော့လည်း အဲ့တာတွေမရှိလို့တဲ့"

"အဟီး မောင်ကစတာပါကွာ။ သည်နေ့ ဘွဲ့ယူရမယ့်နေ့မို့လို့ ပျော်လို့အစောကြီးနိုးနေတာ"

Two & SnowDonde viven las historias. Descúbrelo ahora