၂၂ (Unicode)

56 11 0
                                    


သည်နေ့ လူတွေအပြုံလိုက်ကြီး ကျောင်းအတူလာကြသည်။

နှစ်ရယ် နှင်းရယ် ပန်းပွင့်လေးရယ် လင်းယံရယ် လင်းယံသူငယ်ချင်းတွေရယ်ဆိုတော့ လူတွေအများကြီးဖြစ်သည်။ ပန်းပွင့်လေးကိုလည်း နှင်းနှင့် တစ်ခါတည်းမိတ်ဆက်ပေးခဲ့ပြီးပြီဖြစ်သည်။

နဂိုကတည်းက အဖော်မင်သည့် ပန်းပွင့်လေးသည် နှစ်တို့နှစ်ယောက်၏ နောက်ကြောင်းများသိရတော့ အံသြဘနန်းနှင့် နှင်းလိုပင် နှင်းကိုလည်း သူငယ်ချင်းအရင်းကြီးလို သဘောထားပါ၏။

လမ်းတစ်ဝက်မှာပင် လင်းယံက သူ့သူငယ်ချင်းများနှင့် လမ်းခွဲလိုက်သည်။
ထို့နောက် လေးယောက်တည်းသာ ကျန်သည်။

နှစ်တို့နှစ်ယောက် ပြန်အဆင်ပြေသွားကြတော့
လင်းယံလည်းတကယ်ပျော်ပါသည်။ နှင်းကိုလည်း ချီးကျူးမိသည်။ သူတကယ်လုပ်နိုင်ခဲ့သည်လေ။ နှစ်လိုတစွတ်ထိုးလေးကို ရအောင်ဖြောင့်နိုင်ခဲ့သည့် နှင်းလည်း ပျော်နေလေသည်။

လင်းယံကတော့ ချစ်တဲ့သူတွေကို မကွဲကွာစေချင်။ သူကိုယ်တိုင်လည်း သူချစ်ရတဲ့ မိသားစုနဲ့မခွဲချင်။ မိသားစုဆိုသည့်အထဲ ဦးနေနှင့်တီလေးပါ ပါသည်။
အရင်နေ့က အမေရင်းဆိုသူကို ကြည့်လေ။ လင်းယံမှာ စိတ်နားကြည်းခွင်တောင်မရှိတော့ဘူးလား။ အမေအရင်းဖြစ်နေလို့ဆိုတိုင်း ကောက်ကောက်ပါအောင် ပြန်လိုက်သွားရမှာတဲ့လား။
အမေရင်းဆိုပေသိ သူမှမချစ်တာဘဲ။ သွေးအရင်းကြီးဖြစ်နေတာနဲ့ပဲ ကိုယ်ချစိတဲ့သူတွေကို ခွာသွားရလောက်အောင် မိဘမေတ္တာငတ်မနေခဲ့ပါ။ ငတ်ခဲ့သည့်အချိန်တွေ ကျော်လွန်ခဲ့ပြီလေ။

ကြည့်ပါဦး ကြည်လင်နေလိုက်တဲ့ နှစ်မျက်နှာလေး။ ဒီနေ့မှဝေဆာနေလိုက်တဲ့ အပြုံးလှလှလေးတွေဆိုတာ သူ့နှလုံးသားထဲ ပွတ်သီးပွတ်သတ် တိုးဝင်နေပါသည်။ တဖြည်းဖြည်းနှင့် ကိုယ့်နှလုံးသားတစ်စုံ၏ တိမ်းစောင်းမှုကို
လင်းယံ သေချာမြင်လာခဲ့သည်။ ချိန်ခွင်တို့မည်သည် အလေးချိန်စီးသည့် တစ်ဖက်တည်းသို့သာ ညွတ်ကျရိုးရှိပါသည်။ သို့သော် ခြွင်းချက်အခြေအနေတစ်ခုရှိသည်။ ချိန်ခွင်တန်းသည် မာကျောတောင့်တင်းလှသည့် သံတန်းတော့ဖြစ်ရပါမည်။ နှီးပြားချိန်ခွင်တွင် အလေးနှစ်ခုတင်ကြည့်ပါက မည်သည့်ဘက်ကိုမှတိမ်းစောင်းမည်မဟုတ်ဘဲ ဝန်မနိုင်သည့် နှီးပြားသည် နှစ်ဘက်စလုံးသို့ ကွေးကျနေမည်သာ။

Two & SnowDonde viven las historias. Descúbrelo ahora