၆ (Unicode)

79 15 0
                                    


"ဟယ်လို လင်းယံ မင်းမလာသေးဘူးလား"

"လာနေပါပြီ။ ရောက်တော့မယ်"

"မင်းကို စောင့်နေတဲ့သူရှိတယ်။ ပြီးတော့ ရှင်းစရာကိစ္စလည်းရှိတယ်"

"ဟေ အေးအေး ငါလာနေပြီ"

ယနေ့တော့ ဦးနေမပါတော့ပါ။ အလုပ်မရှုပ်စေချင်တာကြောင့် တစ်ကိုယ်တော် ကျောင်းလာနေစဥ်မှာပင် ဘော်ဒါတွေ၏ဖုန်းဝင်လာလေသည်။ နေမကောင်းရင်တော့ ဖုန်းဆက်မေးဖော်မရသည့်လူတွေက ကျောင်းမလာသေးလို့ မျှော်နေတာတော့မဖြစ်နိုင်။

သူ့ကိုစောင့်နေသည့်သူဆိုတာကရော ဘယ်သူလဲပါလိမ့်။ ရှင်းစရာကိစ္စလည်းရှိတယ် ဆိုတာကရော ဘာလဲမသိ။

နဂိုအမြန်ထက် နည်းနည်းတိုးပြီးမောင်းတော့ ဆယ်မိနစ်အတွင်း ကျောင်းသို့ရောက်လေသည်။ ခါတိုင်းစုနေကျ ကန်ဘောင်ဘေးလမ်းလျှောက်ပလက်ဖောင်းပေါ်တွင် သုံးယောက်သားရပ်နေကြတာကို အဝေးကလှမ်းမြင်နိုင်သည်။

အနားရောက်မှ သုံးယောက်စလုံးက မှုံကုပ်ကုပ်မျက်နှာတွေကိုယ်စီနဲ့မို့ ကိစ္စကြီးတစ်ခုခုတော့ ရှိနေပြီဟုထင်ရသည်။

"ကဲပြော ဘာတွေအရေးကြီး"

"ငါတို့ကို ဟိုကောင်မလေးလာရှာတယ်ကွ"

"ဘယ်ကောင်မလေးလဲ"

"ဘယ်ကောင်မလေးကမလဲ။ မင်းပိုက်ဆံချေးထားတဲ့ ကောင်မလေးလေ ကယ်တင်ရှင်ကြီးရဲ့"

"သြော်"

လင်းယံ "နှင်း" အကြောင်းကြားမိသည်နှင့် မျက်လုံးတွေအရောင်လက်လာလေသည်။

"သူ လာသွားတာလား။ ဘာတွေပြောသေး"

"ဘာပြောရမလဲ။ မင်းနဲ့တွေ့ချင်လို့တဲ့။ မရောက်သေးဘူးပြောလို့ ခဏနေမှပြန်လာမယ်တဲ့"

"မင်း ဘာတွေလုပ်ထားတာလဲကွာ။ သူ့ပိုက်ဆံငါတို့ယူထားတာကို သူ့ကိုသွားပြောထားတာလား။ ငါတို့ကိုလာရှာတော့ လန့်သွားတာပဲ"

"အေး မင်း အဲကိစ္စရှင်း"

မကျေနပ်သံများ စွက်နေကြသည့် လူသုံးယောက်၏ မေးခွန်းများက တရစပ်သူ့ကိုတိုက်ခိုက်နေကြလေသည်။

Two & SnowOnde histórias criam vida. Descubra agora