၂၁ (Unicode)

52 13 2
                                    


ကနေ့က နှင်းအတွက် ကံတရားကမျက်နှာသာပေးသည့် နေ့တစ်နေ့ဖြစ်လာခဲ့သည်။

လမ်းဆုံးသွားပြီဟု ထင်လိုက်သည့်အချိန် အလိုအလျောက် ပေါက်သွားသည့် လမ်းတစ်ခု ပေါ်လာခဲ့သည်။ ပန်းခင်းလမ်း ဖယောင်းလမ်း ကောဇောလမ်းတွေထက် ပိုခြေချချင်စရာကောင်းသည့် နှင်းအတွက် မြေနီလမ်းလေးပင်။

အကြောင်းမှာ နှင်းကို တစ်စုံတစ်ဦးက ဆက်သွယ်လာခဲ့သည်။ မည်သူဆိုသော် နှင်းတို့ကြား ခလောက်ဆန်အကောက်ကြံခဲ့သည့် တစ်စုံတစ်ဦးပင်။

ကောက်ရိုးပုံထဲအပ်ရှာရသည်က ခက်လှသည် ဆိုပေသိ နှင်းအဖြစ်က ဂုံနီအိတ်ချုပ်သည့်အရွယ်အစားအပ်ကို အပ်ရှိသည့်နေရာကိုမှ ရွေးရှာမိသည့်အဖြစ်ကဲ့သို့ နှင်းသည် ကံအကောင်းဆုံးလူသားတစ်ယောက်ဟုပင် ဆိုနိုင်ပါသည်။

တောနက်ကြီးထဲ ကိုယ့်ကိုချောက်တွန်းပြီး ထွက်ပြေးသွားသူတစ်ဦး တောမှောက်ပြီး ကိုယ့်ရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက်ပြန် ရောက်လာသလိုမျိုး "လူချင်းတွေ့ပြီး စကားလေးပြောပါရစေ"ဆိုပြီး ​​​ကောက်ခါငင်ခါပေါ်လာသည့် ဖူးရတီ။ နှင်း လည်း တစ်ခွန်းတည်းသာပြန်ပြောခဲ့သည်။
"ငါက တွေ့ချင်ခဲ့တာကြာပြီ"ဟူ၍။

ဘာအကြောင်းကြောင့် တွေ့ချင်ရသလဲ။ ဘာလို့ ရိုရိုကျိုးကျိုးလေးပြောသည်လဲ။ ဘာတွေ ပြောချင်နေသည်လဲ။ နှင်းဘက်ကသာ တွေ့ချင်သည့်အကြောင်းရှိသည်လေ ဖူးရတီဘက်​က စပြီးတွေ့ချင်စရာအကြောင်း ရှိလို့လား။

ကံတရားက နှင်းဘက်မှာရောက်နေခဲ့ပါပြီဟုထင်သည်။ သည်အခွင့်အရေးကို ဆုံးရှုံးခံ၍မဖြစ်။ နှစ်ခါပြန်မရနိုင်သည့် အခွင့်အရေးလည်းဖြစ်တာမို့ လွတ်ထွက်မသွားအောင် ဆုပ်ကိုင်ထားရပေမည်။

မှန်ထဲပေါ်နေသော ကိုယ့်မျက်နှာကိုစေ့စေ့ကြည့်ကာ တင်းမာနေစေမည့် အပြင်အဆင် လိမ်းလိုက်သည်။ လျော့ရဲနေလို့မဖြစ်။ သနားမိသွားလို့မဖြစ်။ ခွင့်လွှတ်လို့မဖြစ်။ ကိုယ်ကခံခဲ့ရသူမို့ ​ဒီတစ်ခါအထက်စီးမှ နေပြီးတော့ကို အပြစ်တွေပြောပစ်လိုက်ဦးမည်။

Two & SnowWhere stories live. Discover now