၂၆ (Uni + Zaw Gyi)

74 9 0
                                    

ဒဿမတန်း (က)

အထက်တန်းကျောင်းသားဘဝ၏ နောက်ဆုံးနှစ်ဖြစ်တာကြောင့် အတန်းထဲတွင် အချိန်ပြည့် စာလုပ်နေသူများ ရှိနေကြသည်။

ရှေ့လျှောက်လှမ်းရတော့မည့် ဘဝပင်လယ်ကြီးထဲတွင် ဖင်တစ်ထိုင်စာနေရာတစ်ခုအတွက် ရာခိုင်နှုန်းသုံးဆယ်လောက် အာမခံချက်ပေးနိုင်သည့် တက္ကသိုလ်ဝင်တန်းဆိုတော့လည်း
အားလုဲး၏စိတ်ထဲ ပျော်၏မပျော်၏ လက်လျော့၏ ကြိုးစား၏ဆိုတာထက် "စာ"ဆိုသည်က ကိုယ်စိကိုယ်စီတွင်တော့ ကြီးစိုးနေကြပါသည်။

​ပျိုကောင်ဝင်​ကြသည့်အရွယ်တူတွေဆိုတော့ အလိုလိုငြိမ်လျက်။ အိန္ဒြေရရ နေကြသူကများသည်။ အစုစုလိုက် ကိုယ့်အစုနှင့်ကိုယ် နေကြသည်။ စကားပြောလည်း တီးတိုး တစ်ခုခုလုပ်လည်း တီးတိုးနှင့် ကြီးကောင်ဝင်စများအတန်းသည် မူလတန်းလို့မဟုတ်။ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

ထိုနေ့က နှင်းလည်း သင်္ချာတွက်နေခဲ့သည်။
ရှစ်တန်းပြီးကတည်းက အရာရာကို နှင်း ကိုယ့်ဘာသာဖြတ်ကျော်ရသည်။ နှစ်ယောက်အတူလုပ်လေ့ရှိသည့်အရာများကို တစ်ယောက်တည်းလုပ်ကြည့်ရသည်။ တစ်ယောက်တည်းလုပ်သည့်အကျင့်ကို ကျင့်ယူခဲ့ရသည်။ အပေါင်းအသင်းမထားဖြစ်တော့သည့်တိုင် ဝေလျှံဆိုသည့် ကောင်လေးတစ်ယောက်နှင့်တော့ ခင်သွားခဲ့သေးသည်။

စာမရှင်းလျှင် သူ့ကိုမေးရသည်။ ခုလည်း နားမလည်သည့်နေရာ မေးမလို့ကြည့်မိတော့ ဝေလျှံက စာရေးနေလေသည်။

ခုလည်း အတန်းထဲ နှင်းနှင့်ဝေလျှံသာ ထိုးထိုးထောင်ထောင်ပင်။ ပထမနှစ်ဝက် စာမေးပွဲနားနီးပြီးဆိုတော့ နေ့မနားညမနား စာလုပ်ကြ၍ထင်သည် ခုံပေါ်မှောက်အိပ်ကြသူကများသည်။

"အမယ် ဝေလျှံ ရည်းစားစာတွေရေးနေပါ့လား"

"ဟင်"

ဘယ်အချိန်ကရောက်နေမှန်းမသိသော ဆရာမက စာအုပ်လေးကိုဆွဲယူသွားလေတော့ ဝေလျှံခမျာ မျက်လုံးပြူးကျန်ရစ်ခဲ့သည်။
"သွားပြီ သွားပြီ"ဟူ၍ ရှုံ့တွနေသော ဝေလျှံကို စာလုပ်နေသည်ဟုထင်မိသည့် နှင်းပင်ရယ်မိသွားလေသည်။ ဆရာမအသံကြားသည်နှင့် တရေးတမောအိပ်ပျော်နေကြသည့် ခေါင်းလေးတွေလည်းဆတ်ခနဲထောင်လာကြလေသည်။

Two & SnowWhere stories live. Discover now