၃ (Zaw gyi)

70 8 0
                                    


(၂)လ ကြာပြီးနောက်

"ပန်းပွင့်လေး အစောကြီးပါလား။ သမီးက နိုးတောင်နိုးသေးမှာမဟုတ်ဘူး။ သူ့စောင့်နေရင်ကြာသွားလိမ့်မယ်။ ကိုယ့်ဘာသာသွားနှင့်ပါလား"

"ဟုတ် ရတယ် အန်တီ သမီးတက်ခေါ်လိုက်မယ်"

"မနိုးသေးရင် သွားနှိုးမနေနဲ့။ ညက သူအိပ်ရေးပျက်ထားတာ"

ပန်းပွင့် နှစ်အမေပြောသည့်စကားများကို မကြားချင်ယောင်ဆောင်ကာ ​အုတ်ခဲရောင်ကျွန်းသားပြားနီနီ​တွေခင်းထားသည့် ကြောင်လိမ်လှေကားကနေ "နှစ်"အခန်းဆီသို့တက်လာခဲ့သည်။

အခန်းတံခါးဖွင့်လိုက်တော့ မှန်တင်ခုံရှေ့အလြှပင်နေသော နှစ်ကိုတွေ့ရလေသည်။

"အမယ်လေး မယ်မင်းကြီးမ အန်တီကတော့ နင်မနိုးသေးဘူးတဲ့"

"နင်တို့ပြောနေတာ ငါကြားသားပဲ"

"ကြားရဲ့သားနဲ့ ထွက်တောင်မလာဘူး။ ငါ့တော့လှည့်ပြန်ရတော့မလို့"

"အလြှပင်တဲ့ဆီ စိတ်နှစ်ထားလို့ပါ။ အာရုံများသွားရင် မလှပဲနေမယ်"

နှစ်စကားကြောင့် ပန်းပွင့်မျက်စောင်းထိုးလိုက်သည်။

"နှစ်ရယ် နင့်ရုပ်ကလေးက ဘာမြှပင်မထားရင်တောင် လှပြီးသား။ နင်ဘာမှမပြင်ဘဲ မျက်နှာပြောင်နဲ့သွားတောင် နင့်မျက်နှာလေးကထင်းနေမှာ။ ငါသာနင့်နေရာဆို အလြှပင်မဲ့အချိန်ကို တခြားနေရာမှာသုံးမှာ"

ပန်းပွင့်လေး၏စကားကြောင့် နှစ်ရင်ထဲ ဘဝင်
မြင့်ချင်သွားသည်။ လူတိုင်းက နှစ်ကို သိပ်လှသည်လို့ပြောတတ်ပါသည်။ နှစ်လှတာလည်း နှစ်ကိုယ်တိုင်သိသည်။ ဒါပေမဲ့ နှစ်က ကျိုးကြောင်းဆီလျော်တတ်သည့် မိနိးကလေးဖြစ်သည်။ လှနေလို့ဆိုပြီး မိုးထိုးနေအောင် မာနကြီးသူမဟုတ်။ လှတယ်ဆိုပြီးလည်း ကိုယ့်အလှကို တမင်ဂုဏ်မောက်ပြနေရတာကို မကြိုက်ပေ။ ငါလှတယ် ငါသာအလှဆုံး ငါ့လောက်ဘယ်သူမှမလှ ဆိုပြီး လှတာတစ်ခုတည်းနှင့် ကိုယ်သာအမြင့်မြတ်ဆုံးပုံစံဖမ်းရတာကို မုန်းသည်။ ထားသင့်သည့် မာနလောက်သာထားသည်။ ကိုယ့်ကို ထင်ဟပ်နေမည့် မာနမျိုးတော့ဖြစ်ရပေမည်။

Two & SnowWhere stories live. Discover now