၁၁ (Unicode)

53 8 2
                                    


နတ်တော်လပြည့်နေ့ ၁၅ ရက်

ညနေရီတရော နေနီညိုရောင်က ကောင်းကင်ယံတွင် ဆေးနီနီများ ဖိတ်ကျထားသလို နီမြန်းနေပါသည်။ ​
ပေတရာလမ်း​မကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ပေါက်နေသည့် သစ်ပင်များကို တရိပ်ရိပ်နှင့်ကျော်လာတိုင်း သူနှင့်တွေ့ရဖို့ ပိုပိုနီးလာပြီဟု ဦးနှောက်က နှစ်ကိုသတိပေးနေပါသည်။
မမသဒ္ဓါကလည်း သူ့တူနှင့် တွေ့ဖို့ မေမေကလည်း နှစ်ကြောင့် သူ့ကိုလေ့လာဖို့ ပြီးတော့ နှစ်ကိုယ်တိုင်ကလည်း သူ့ကိုတွေ့ချင်မိနေလို့ဆိုတော့ နှစ်တို့က ပွဲတော်ကိုသာဦးတည်နေကြပေမဲ့ စိတ်တို့ကတော့ အမျိုးသားတစ်ဦးဆီသို့ တည်နေသည့်ပုံစံပင်ဖြစ်နေသည်။

မရောက်တာကြာပြီဖြစ်သည့် ကိုယ့်ဇာတိမြို့ကို တစ်ခေါက်ပြန်လာရတော့ ရင်ထဲပျော်လှပါသည်။ သီချင်းသံတွေ ဒိုးဒိုးဒန့်ဒန့်နှင့် လူများကြိတ်တိုးနေသော ပွဲစျေးကြီးကို မြင်ယောင်နေမိပါသည်။

မေမေနှင့် မမသဒ္ဓါနှင့်က တစ်စီး နှစ်က တစ်စီးဖြစ်သည်။ ပေါင်လည်လောက်ထိရှည်သော ဖလံသားကျွန်းသစ်ရောင်လက်ရှည်လည်အလုံနှင့် ဂျင်းရောင်အဖျော့ဘောင်းဘီအရှည်ကိုဝတ်ဆင်​ထားတော့ ခေတ်မီသော မိန်းကလေးတစ်ယောက် ဖြစ်နေတော့သည်။

မမသဒ္ဓါနောက်လိုက်လာရင်းက အိမ်တစ်အိမ်သို့ချိုးဝင်လိုက်လေသည်။ အိမ်ကလေးသည် နှစ်ထပ်တိုက်အိမ်လေးပင်ဖြစ်သည်။ ခမ်းနားလှအောင် မမြင့်မားသော်လည်း ကြည့်ရဆိုးစွာတော့ ပုမနေပါ။ ချစ်စရာပင်ကောင်းလှသည်။ မာကျူရီနီယွန်မီးတွေ အိမ်တံစက်​မြိတ်တွင် စီတန်းကာအလှဆင်ထားသည်။ ညနေမှောင်ရီရီမို့ အိမ်အရောင်အပြာရောင်က သိပ်မပေါ်လွင်ချင်ပေ။

"အန်တီရေ အန်တီ မဆု မဆု မိုးထက် မိုးထက်"

မမသဒ္ဓါက နာမည်တွေကိုစုံနေအောင် ခေါ်ပေမယ့် အိမ်ထဲက လူအရိပ်တောင်မမြင်ရ။

ထိုစဥ်မှာပင် လှေကားတွင် ခြေတစ်စုံကိုမြင်လိုက်ရသည်။ လူတစ်ယောက် ​ဆင်းလာနေတာဖြစ်ပါသည်။

"ဟယ် လင်းယံ လင်းယံ"

ဒါလင်းယံတို့အိမ်ကိုး။

Two & SnowWhere stories live. Discover now