၁၀ (Unicode)

59 10 0
                                    


နတ်တော်လဆန်း တစ်ဆယ့်လေးရက်

"ရွှေတောင်မြို့ ရွှေမျက်မှန် ချမ်းသာကြီး ရွှေပြောင်ပြောင်ဘုရားသုံးဆူ၏ ဗုဒ္ဓပူဇနိယျာဘုရားပွဲတော်"

ရွှေတောင်မြို့တွင် လမ်းသွယ်လမ်းခွဲများ ပေါများလှပါသည်။ သို့သော် ဆေးရုံတန်းလမ်းတစ်လျှောက်လုံးသည် ညဘက်တွင်ပင် တစ်မြို့လုံး၌ မီးအလင်းဆုံးဖြစ်နေသည်။

အနွေးထည်အိတ်ထဲ လက်ကိုယ်စီထည့်ကာ ဘေးချင်းကပ်လျှောက်နေကြသော အမျိုးသားနှစ်ဦးသည် ရှေ့တွင် ကြိတ်တိုးနေသောလူအုပ်ကြီးထဲ တိုးဝင်ရတော့ပေမည်။ တစ်မျှော်တစ်ခေါ်ထိ လှမ်းကြည့်လျှင်တောင် ကြက်တစ်ခုန်စာ နေရာအလွတ်မတွေ့။ လင်းယံစိတ်ညစ်သွားသည်။ လူမတိုးချင်ပေ။ သို့သော် ဘေးတွင် ဦးနေရှိသည်လေ။

"အစ်ကို"

ရုတ်တရက်ခေါ်သံကြောင့် ရောင်ဝါနေ၏ ခြေလှမ်းတွေရပ်သွားသည်။ သူ့ဆီက တစ်ခုခုလိုချင်ပြီဆိုလျှင် လင်းယံက အစ်ကို ဟုခေါ်တတ်သည်။ ထိုသိူ့အခေါ်ခံရတိုင်း ရင်ထဲပျော်သွားတာတော့ အမြဲပါ။ သူများအမြင်တွင် ကိုယ်တွေနှစ်ယောက်၏ ဆက်ဆံရေးကို ဘယ်လိုတွေပဲထင်ထင် တကယ်တမ်းကျ ကရုဏာတွေထုံမွှမ်းလွန်းထားသော ဆက်ဆံရေးဆိုတာတော့ နှစ်ကိုယ်ကြားသာသိနိုင်ပါသည်။

ဘာပြောမလဲဆိုသည့်ပုံနှင့် လင်းယံကိုကြည့်လိုက်သည်။

"အင်း ပြော"

"ကျွန်တော် လူမတိုးနိုင်ဘူး"

"အဲ့တော့"

"ကူတိုးပေး"

"အင်း လာ"

လင်းယံ၏ လက်ဖဝါးကို ကိုင်လိုက်သည်။

ထို့နောက် မသင့်တော်ဘူးထင်၍ လက်ကောက်ဝတ်သို့ပြောင်းကိုင်လိုက်သည်။

လက်ကောက်ဝတ်ကို မြဲမြဲကိုင်ထားရင်း ရောင်ဝါနေကဦးဆောင်၍ တိုးလေသည်။ ကိုင်ထားတာမြဲလွန်း၍ လက်ကောက်ဝတ်ပင် နာချင်ချင်ဖြစ်လာသည်။ သို့သော် လူမကွဲသွားဖို့က အရေးကြီးသည်။ ထို့ကြောင့် ဦးနေ၏လက်မောင်းကို နောက်ပြန်ဆွဲလိုက်ပြီး တစ်ဖက်က ခါးကိုမြဲမြဲကိုင်ကာ ကိုယ်နှစ်ခုကိုကပ်၍ လိုက်လာခဲ့သည်။

Two & Snowحيث تعيش القصص. اكتشف الآن