သည်ဘက်တွင် နှစ်ယောက်တည်း လက်ပိုက်လျက်သားမတ်တပ်ရပ်ကာ ကလေးသုံးယောက် စကားပြောနေတာကိုကြည့်ပြီး ရင်ထဲလွမ်းသလိုနာသလို့ဖြစ်မိပါသည်။"ငါတို့ ဒီကိုမရောက်တာ ဘယ်လောက်ကြာပြီလဲ"
"အင် လင်းယံကိုမွေးစားပြီးကတည်းက ဆိုပါတော့"
"အတော်ကြာပြီပဲ။ ကြည့်ပါဉီး တစ်ခေါက်လာတိုင်း ထူးဆန်းတာတစ်ခါကြုံရတယ်။ ငါတို့ငယ်ငယ်ကတွေ့ခဲ့တဲ့ ကလေးမပေါက်စလေးက ခုအပျိုကြီးဖားဖားကိုဖြစ်လို့။ ကောင်းကောင်းကြီးပြင်းခဲ့တာပဲ"
"နင်ကလည်း လင်းယံကိုကြည့်လေ။ ဘယ်လောက်တောင်အရွယ်ရောက်လာခဲ့လဲ"
"လင်းယံက ကလေးစိတ်ဟ။ လူတွေကို ပတ်ချွဲနှပ်ချွဲလုပ်ဖို့လောက်သိတာ"
"မချွဲပါဘူး သဒ္ဓါရယ်။ ငါတို့ရှေ့မို့လို့ပါ။ နင့်တူက ရင်ခုန်တတ်နေပြီ။ ကောင်မလေးရှေ့ဆိုရင်
တကယ့်ရင့်ကျက်သူကြီးပဲ။ မိန်းကလေးနှစ်ယောက်မှာ ဘယ်တစ်ယောက်ကိုရင်ခုန်သလဲဆိုတာသာ သူ့ဟာသူ မသိတာ သူ့စိတ်တွေကပေါ်နေတာ အသိသာကြီး""ဘယ်သူလဲ နှစ်ကိုလား"
ဟုတ်တယ်လည်းမဟုတ် မဟုတ်ဘူးလည်းမဟုတ် မျက်ခုံးပင့်ပြလေသည်။
"နင်ရောသဘောတူလား"
"လင်းယံတကယ်ချစ်တဲ့သူဆိုရင်တော့ သဘောမတူစရာမရှိပါဘူး"
"ငါက လင်းယံနဲ့အနေဝေးတော့ နင့်ကိုပဲအကူအညီတောင်းရမှာပဲ။ လင်းယံကို စောင့်ရှောက်ပေးပါဟယ်။ သူ့ကိုမြင်နေရရင် သူ့နာမည်ကိုခေါ်နေရရင် ငါအလွမ်းပြေပြီးနေသာလို့ပါ"
သဒ္ဓါက လင်းယံကိုလှမ်းကြည့်ကာ ဆိုလေသည်။
"ပြောနေစရာတောင်မလိုဘူးဆိုတာ နင်လည်း သိတယ်မလား။ သူ့ကိုချစ်တဲ့သူတွေ ကာကွယ်ပေး
မယ့်တဲ့သူတွေ အများကြီးရှိနေတာ လင်းယံကံကောင်းပါတယ်""နင်ကတော့ အကြီးမားဆုံးတံတိုင်းပေါ့"
သဒ္ဓါ့စကားက သူ့ကိုမာန်တက်သွားစေသည်။ သူကာကွယ်ပေးခဲ့တာတွေက တခြားသူတြွေမင်သာသည်အထိ ကြီးမာသည်ဆိုတာ သဒ္ဓါ့စကားက သက်သေပြနေသည်လေ။