၈ (Zaw Gyi)

33 5 0
                                    


ဝင်းမွတ်နေသော အသားအရေပေါ်သို့ မိတ်ကပ်ပါးပါးလေးပုတ်၊ နဂိုနီးမြန်းပြီးသား နှုတ်ခမ်းလွှာအစုံကို အနည်းငယ်အရောင်တင်ရင်း နှလုံးသားတို့လှိုက်တုန်နေသည်။ နှစ် ဘဝတစ်လျှောက် မကြုံဖူးသေးသည့် ခံစားချက်တစ်ခုဆိုတာတော့ သေချာပါသည်။

လက်ကောက်ဝတ်အထိ အတိရှည်သော နီညိုရောင်ပိုးသားလက်ရှည်အိအိနှင့် နက်စိုနေသောထဘီကို ဝတ်ဆင်ထားတော့ ခါတိုင်းထက်ပိုလှနေသည့် ကိုယ့်အလှကို နှစ် ကျေနပ်နေမိသည်။ သို့သော် တစ်ခုလိုနေသည်။ ပူညံပူညံ ပန်းပွင့်လေးပင်ဖြစ်သည်။ ခါတိုင်းဆို နှစ်အလြှပင်မပြီးခင် အမြဲ​ကြိုရောက်တတ်သည့် ပန်းပွင့်လေးက ခုထိမရောက်သေး။ မေမေပြောတာတွေကြောင့်များ အိမ်ကိုအဝင်အထွက်​မလုပ်ရဲတော့တာလား မပြောတတ်ပေ​။ ဝရန်တာပြတင်းပေါက်မှ ပန်းပွင့်လေးတို့အိမ်ဘက်လှမ်းကြည့်ပြန်တော့လည်း အရိပ်အယောင်တောင်မတွေ့။

အချိန်တွေကပဲနှေးနေသည်လား နှစ်၏စိတ်တွေကပဲမြန်နေသည်လား။ အချိန်နောက်ကျနေသည့်
ပန်းပွင့်လေးကို စိတ်ထဲမတင်မကျနှင့်မို့ ချက်ချင်းပင်ဖုန်းကောက်ဆက်လိုက်တော့သည်။

"ဟယ် လို နှစ်"

အိပ်ချင်မူးတူးအသံအူတူးတူးနှင့် ပန်းပွင့်လေးကပြန်ဖြေလေသည်။

"ပန်းပွင့် နင်မနိုးသေးဘူးလား"

"အင်းဟာ ငါ နင်နဲ့ ဒီနေ့မလိုက်နိုင်တော့ဘူး။ ညကအဖျားပြန်တက်လာပြီး ခုမသက်သာလို့"

"ဟယ် ဟုတ်လား။ အေးပါဟာ ဒါဆိုလည်း ငါ့ဘာသာငါပဲ သွားတော့မယ်။ နင်လည်းနေကောင်းအောင်နေဉီး"

"အင်းပါ"

ဖုန်းချသွားတော့မှ ပန်းပွင့်လေးကို စိတ်တိုမိသည်။ နေကောင်းအောင်လုပ်ထားလို့ ပြောထားတာကို ပိုတောင်အဖျားပြင်းသွားသေးသည်တဲ့လေ။ ညကတောင် လန်းလို့။ အင်းလေ ကျန်းမာရေးဆိုတာ တားလို့ရတဲ့ အရာမှမဟုတ်တာပဲ။ ဒါကြောင့်လည်း "အာရောဂျံ ပရမံလာဘံ" "ကျန်းမာခြင်းသည်လာတ်တစ်ပါး"လို့ ပြောကြသည်ကိုး။

အခုလို ယောက်ျားလေးတစ်ယောက်နှင့် နှစ်ယောက်တည်းအတူတွေ့ရမည်မှာ ပထမဆုံးအကြိမ်မို့ အားရှိအောင်အဖော်ခေါ်ကာမှ "ရှေ့နေငှားမှ ထောင်လုံးလုံးကျဆိုသလို" ကိုယ့်တစ်ယောက်တည်း သွားရတော့မည့်ကိန်း ဖြစ်လာသည်။
နှစ်ဘဝမှာ ရည်းစားစာတွေအများကြီး အပေးခံရခဲ့ဖူးပေမဲ့ ရည်းစားတစ်ယောက်မှမထားခဲ့ဖူးဘူး။ တစ်ဉီးတစ်ယောက်ကိုမှ ရင်မခုန်ခဲ့သည့်အတွက် နှစ်ရဲ့နှလုံးသားဟာ အသစ်ကလေးတစ်ခုပင်။ သို့သော် ခုတလော တုန်ခါမှုသေးသေးလေးများ ဆက်တိုက်ဖြစ်ပေါ်နေတတ်သည်ကို နှစ်တစ်ယောက် သတိထားမိသလိုတော့ ရှိသည်။

Two & SnowDonde viven las historias. Descúbrelo ahora