၁၉ (Unicode)

48 12 0
                                    


သည်နေ့ နှင်းရင်တွေ ခုန်နေလွန်းသည်။ စိတ်လည်းလှုပ်ရှားသည်။ အများအမြင်မှာတော့
သူတို့မြင်လိုက်သည့်အပေါ်ယံကိုပင် ပြီးရောပြီးရောနှင့် အမှန်ထင်သွားကြပေမယ့် နှင်းရင်ထဲမှာကျမသိုးမသန့် ကျန်ရစ်ခဲ့သည့် အဖြစ်တစ်ခုကို ချည်လုံးတစ်လုံးအစဆွဲထုတ်သလို ဖြည်ချဖို့ ဆုံးဖြတ်လိုက်သည်။

တည်စေ့နှင့်ရစ်ပြီးလုံးသည့် ချည်ထွေးလား ဝါစေ့နှင့်ရစ်လုံးသည့် ချည်ထွေးလား သိရမှဖြစ်မည်။

​ကိုနေ့အကူအညီဖြင့် စည်သူ့ကို အလွယ်တကူပင် ပြန်ရှာတွေ့ခဲ့သည်။ အင်တာနက်ခေတ်ဆိုတော့လည်း မြန်ဆန်လွယ်ကူသား။
စည်သူ့ကိုဆက်သွယ်ကြည့်တော့ စည်သူကလည်း နှင်းကိုမှတ်မိပြီး ပြန်ဆက်သွယ်လာသည်။ သူလည်း ပြည်တက္ကသိုလ်မှာပဲတဲ့။ နှင်းနှင့်
မေဂျာလည်းတူသည်။ မေဂျာတူ နှစ်တူတာတောင် ကျောင်းတက်တာ တစ်လပြည့်ခါနီးပြီ ခုထိမဆုံပါ။

စည်သူဆိုတာကလည်း တစ်ချိန်က နှင်းကို ရည်းစားစကားပြောဖူးသည်။ သိပ်အဆိုးကြီးမဟုတ်ပေမယ့် နှစ်နဲ့နှစ်ယောက်တည်းထားခဲ့ကြသည့် "ရည်းစားမထားကြေး"ဆိုသည့် ကတိကြောင့် ငြင်းခဲ့သည်။
နောက်ပိုင်း နှစ်ကလည်းကျောင်းပြောင်းသွားသလို စည်သူကလည်း နှင်းနှင့်အနေတန်းသွားသည်။ တက္ကသိုလ်ဝင်တန်းအထိ တစ်ခန်းတည်းပင်ဖြစ်သော်လည်း တစ်ပတ်နေလို့မှ စကားတစ်လုံးမပြောမိပေ။

ငြင်းထားသည်ဆိုတော့လည်း မခေါ်ရဲမပြောရဲ ရှိန်နေ၍ဟုနှင်းကထင်မိသော်လည်း ဟုတ်ချင်မှလည်းဟုတ်မှာပါ။

"ကျောင်းပြန်ဖွင့်သည့်တစ်ရက် တွေ့ပြီးစကားပြောပါရစေ"ဟုဆိုတော့ စည်သူက ငြင်းတောင်မငြင်းဘဲ လက်ခံပါသည်။ ခုထိ အချစ်တွေမကုန်သေးလို့များလားဟု နှင်းပင်တွေးပြီး ပြုံးမိသေးသည်။

ကိုနေနှင့်က ခါတိုင်းလို မနက်စောစောတွေ့စရာမလိုတော့ပေ။ တစ်ထောင်ဆီဆပ်လို့ ရက်နှစ်ဆယ်ပြည့်သွားပါပြီကော။ တွေ့ချင်သည့်စိတ်ရှိပေမယ့် ကိုယ်တွေကသက်ဆိုင်သူမှမဟုတ်ကြတာဘဲ။ နောက်ကို အကြောင်းရယ်လို့ရှိမှတွေ့ဖြစ်ကြရတော့မှာ။ သူပြောသလို ပိုက်ဆံထပ်ချေးလိုက်ရင်တော်လေသားဟု ကလေးကလားပင်တွေးမိပါသေးသည်။

Two & SnowTempat cerita menjadi hidup. Temukan sekarang