နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ3

8.7K 899 9
                                    

နန်းယဥ်ခမ်းထမင်းစားသောက်ပြီးသော မိမိဆိုင်သို့သွားရန်ပြင်ဆင်၏နန်းယဥ်ခမ်းဆိုင်တွင်ကူညီမည့်သူတစ်ဦးမရှိ နန်းယဥ်ခမ်းသည်လည်းငွေပေးခိုင်းရသောသူများအားမထား။သူမတစ်ဦးထဲသာစီမံသည်။

သို့သော်ယနေ့သူမခင်ခင့်အား သူမဆိုင်သို့လိုက်ခဲ့ရန်ခေါ်၏။ခင်ခင်သည်မိမိစာတစ်လုံးမျှမတတ်ကြောင်း ငွေကြေးများလည်းလွန်စွာနားမလည်ကြောင်းပြောသည်။နန်းယဥ်ခမ်း

"ခင်ခင့်ကိုခေါ်တာစာသင်ခိုင်းဖို့ခေါ်နေတာလည်းမဟုတ်ဘူးငွေတွေကိုင်ခိုင်းဖို့ခေါ်နေတာလည်းမဟုတ်ဘူးအလုပ်လုပ်ဖို့ခေါ်နေတာနန်းဆင်ခြေတွေမကြိုက်ဘူးခင်ခင်"

နန်းယဥ်ခမ်းစကားအားပြတ်ပြတ်သားသားပြောသည်။ခင်ခင်လည်းကြောက်ကြောက်နှင့်လိုက်ရတော့သည်။
နန်းယဥ်ခမ်းအားဆိုင်သွားလျှင်လိုက်ပို့ပေးရန် ဂျစ်ကားတစ်စီးနှင့်ကားဆရာဘသောင်းအား ဂျော်နသန်စီစဥ်ပေးထားသေး၏။

"မမလေးနန်းဆိုင်သွားတော့မလို့လား"

"အင်း တက်ခင်ခင်"

ထိုစဥ်ခင်ခင်တစ်ယောက်မိမိစီးထားသော ဖိနပ်ကလေးအားကားပေါ်မတက်မှီချွတ်လိုက်သည်။

"ဟဲ့ခင်ခင်ဘာလို့ဖိနပ်ချွတ်နေတာလဲ"

"ဟိုဒီဟာကြီးပေါ်တက်မလို့ပါမမလေးနန်း"

"ဖိနပ်ပြန်စီးစမ်းရူးကြောင်ကြောင်နဲ့"

ဘသောင်းတစ်ယောက်ခင်ခင့်အားကြည့်ကား ခိုးရယ်နေ၏။ခင်ခင်သည်လည်းအူကြောင်ကြောင်လေးပင် ဖိနပ်အားပြန်စီး နန်းယဥ်ခမ်းတက်သလိုတက်ကာ သူမဘေးနားတွင်ဝင်ထိုင်သည်။သိပ်မကျယ်လှသောကြောင့် နန်းယဥ်ခမ်းနှင့်ခင်ခင်မှာ နီးကပ်နေ၏။ဂျစ်ကား၏ကားတံခါးမှတိုက်လာသောလေအားရှူရှိုက်နေရင်း အလွန်မွေးသောရနံ့ နန်းယဥ်ခမ်း၏နှာခေါင်းဝသို့ရောက်လာသည်။

သနပ်ခါးနံ့ပင်။မိမိသည်လည်းသနပ်ခါးလိမ်းမထားပေ ဘေးသို့ကြည့်လိုက်သော် ခင်ခင်၏မျက်နှာတွင် သနပ်ခါးအဖွေးသား နန်းယဥ်ခမ်းယခုမှသတိထားမိသည်။ခင်ခင် သနပ်ခါးခြေဆုံးခေါင်းဆုံးလိမ်းထား၏။သူမအသားသိပ်မဖြူ။သို့သော်လည်း ဝါညက်ညက်သနပ်ခါးများလိမ်းထားသောကြောင့် သူမအသားအရည်မှာဝါဝင်းစိုပြေနေသည်။
ဘသောင်းကားအားရပ်လိုက်ကာ

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)Where stories live. Discover now