နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ16

6.5K 666 41
                                    

နန်းယဥ်ခမ်းနှင့်ခင်ခင်တို့နှစ်ဦးဆိုင်တွင်လိုအပ်သည်များပြင်ဆင်ပြီးသော ရွှေတိဂုံစေတီကြီးအားသွားရောက်ဖူးမျှော်ကြသည်။

"နန်းတို့နဲ့တူတူဘုရားလိုက်ဖူးပါလား ကိုထွန်းမော်"

"ဟို ကျွန်တော်မမလေးနန်းတို့နှစ်ယောက်ရဲ့နောက်ကပဲလိုက်စောင့်ရှောက်ပေးပါ့မယ်ဗျ"

"ဪ သဘောပါရှင်"

နန်းယဥ်ခမ်း ကိုထွန်းမော်အား မိမိအခကြေးငွေပေးခိုင်းရသေယအလုပ်သမားတစ်ယောက်ကဲ့သို့မဆက်ဆံ။ကိုထွန်းမော်သည်လည်း မိမိအပေါ်ကောင်းသော နန်းယဥ်ခမ်း၏ဆက်ဆံပေးမှုအားစောဒဂမတက်။

"အရှေ့ဘက်မုဒ်ကပဲတက်ကြမယ်လေမမခင်"

"ဟုတ် နန်း"

ကျယ်ပြန့်လှသော ရွှေတိဂုံဘုရားကြီး၏ရင်ပြင့ပေါ်တွင် စေတီများတွင်ချိတ်ဆွဲထားသော ဆည်းလည်းသံကလေးများမှာ သာယာညိမ့်ညောင်းလှသည်။ဘုရားကြီးအားဖူးမျှော်ပြီးသော နန်းယဥ်ခမ်းနှင့်ခင်ခင်တို့အရိပ်ကောင်းကောင်းရသော နေရာတစ်ခုတွင်ထိုင်ကြ၏။

"စိတ်ထဲမှာအေးချမ်းလိုက်တာမမခင်ရယ်"

"လောကမှာအေးချမ်းဆုံးကမိဘရင်ခွင်နဲ့ဘုရားရိပ်တရားရိပ်တဲ့နန်းရဲ့"

"ခုလိုအေးချမ်းတဲ့ဘုရားရင်ပြင်တော်ပေါ်မှာမမခင်နဲ့တူတူရှိရလို့ နန်းကပိုပြီးစိတ်အေးချမ်းတယ်"

နန်းယဥ်ခမ်းနှင့်ခင်ခင်တို့အနားသို့ တက္ကသိုလ်ကျောင်းနေအရွယ်မိန်းမလေးသုံးဦးလမ်းဖြတ်လျှောက်လာရင်း

"ဟိုမှာထိုင်နေတာမျက်နှာဖြူတွေရဲ့ကျွန်အရေးပိုင်မင်းရဲ့မိန်းမမှတ်လား"

"ဟုတ်တယ်ဟေ့ဟုတ်တယ်"

"အသားထဲကလောက်ထွက်ဆိုတာဒါမျိူးနေမှာပေါ့ "

ထိုမိန်းမလေးသုံးဦး၏စကားသားများအား ခင်ခင်ပြတ်ပြတ်သားသားကြရသည်။သူမ အခြားသူများ နန်းယဥ်ခမ်းအားပြောဆိုသည်ကိုမကြိုက်။ထိုင်နေရာမှချက်ချင်းထလိုက်သည်မှာ နန်းယဥ်ခမ်းပင်တား၍မမှီ

"ဒီကညီမတို့ကအရေးပိုင်မင်းဂျော်နသန်ရဲ့ဇနီးအကြောင်းကိုဘာသိလို့ခုလိုပါးစပ်ဖွာနေတာလဲ"

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)Where stories live. Discover now