ရှီလာစံအိမ်ကြီးတွင် ဂျော်နသန်ရဲ့မွေးနေ့ပါတီပွဲအတွက် အစစအရာရာပြင်ဆင်နေကြသည်။အနောက်တိုင်းပုံသိပ်ကြိုက်သော ဂျော်နသန်မိမိပါတီပွဲသို့ လေဒီကညာ(အနောက်တိုင်းပုံစံနေထိုင်သောမိန်းမလေး)များလည်းဖိတ်ကြားထားသေး၏။
ဂျော်နသန်၏ရုံးမှာ အင်္ဂလိပ်မျက်နှာဖြူလူမျိူးများအားလည်း ဖိတ်ကြားထားသေးသည်။"ဒီနေ့ညတော့ ဒီဂါဝန်လေးဝတ်လိုက်ပါဟန်နီရယ်"
"နန်းမဝတ်ချင်ဘူးလို့ကိုဂျော်နသန် နန်းဝတ်နေကျမြန်မာထိုင်မသိမ်း ချိတ် ဒါတွေပဲဝတ်မယ်"
"ပြောရခက်လိုက်တာ ဟန်နီရယ်ကိုယ့်အထက်ကလူကြီးတွေလာမှာမို့ လူလူသူသူလေးဝတ်ခိုင်းနေတာပါ"
"ဒါဆိုနန်းအရင်ကလူလိုသူလိုမဝတ်မစားပဲအလေအလွှင့်တစ်ယောက်လိုဝတ်စားနေခဲ့လို့လားကိုဂျော်နသန်"
ဂျော်နသန်နှင့်နန်းယဥ်ခမ်းတို့စကားအချေအတင်ဖြစ်ကြတော့သည်။ဂျော်နသန်မှာလည်းဇနီးသည်အား အနောက်တိုင်းဂါဝန်သိပ်ဝတ်စေချင်သလို နန်းယဥ်ခမ်းမှာလည်းမြန်မာဝတ်စုံကိုလုံးဝမချွတ်နိုင်သောသူ။
"ကြီးမြ မြို့အုပ်မင်းလေးနဲ့မမလေးနန်းစကားများနေကြတယ်ထင်တယ်"
"ဟင်ငါတော့ဘာမှမကြားပါဘူး"
"ဪ ကြီးမြကအသက်ကြီးပြီဆိုတော့နားဘယ်ကောင်းပါ့မလည်း ထွေးမာတို့ကလူငယ်လေကြားရတာပေါ့"
ခင်ခင်သည်လည်းနားစွန်နားဖျားအနည်းငယ်ကြားရသည်။နန်းယဥ်ခမ်းစိတ်များညစ်နေလေပြီလား ခင်ခင်စိုးရိမ်ပြန်ရှာလေပြီ။
"ကြီးမြ ကြီးမြ"
"ဟုတ်မမလေးနန်းဘာများခိုင်းစရာရှိလို့လည်း"
"နန်းညနေကိုဂျော်နသန်ရဲ့မွေးနေ့ပွဲမှာ နှင်းဆီအနီရောင်ပန်ချင်တယ် ခြံထဲကပန်းတွေကလည်း ဘုရားကပ်လိုက်တော့မရှိတော့ဘူး"
"ဪ ဒါဆိုကြီးမြစျေးမှာအမြန်သွားဝယ်ပေးမယ်လေ"
"ကြီးမြတို့အတွက်ပါဝယ်လာခဲ့ပါ ကြီးမြတို့လည်းပန်ရမယ်"
"ဟုတ်မမလေးနန်းကြီးမြဝယ်ခဲ့ပါ့မယ်"
ထိုနေ့ညနေအချိန်တွင် ကြီးမြတို့လည်းသပ်သပ်ရပ်ရပ်ဝတ်ကောင်းစားလှဖြင့်။ခင်ခင်သည်နန်းယဥ်ခမ်းပေးထားသော မြန်မာချိတ်ရွှေဝါနုရောင်လေးဝတ်ထားသည်။ဆံထုံးလေးများဆင်တူထုံးထားကြပြီး နီနီရဲနှင်းဆီတစ်ယောက်တစ်ပွင့်ပန်ထားကြ၏။
YOU ARE READING
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...