နန်းယဥ်ခမ်း Extra

5.9K 454 22
                                    

မြစ်ဆိပ်မှ သစ်သီးတောင်းအားရွတ်ကာမြေတာရိုးတစ်လျှောက် တဖြည်းဖြည်းချင်းလမ်းလျှောက်လာသောသူမှာ မမခင်ပင်။

ကြီးမြထားပေးခဲ့သောခြံအတွင်း သစ်ပင်များလည်းပေါပေါသီသီစိုက်ပျိူးထားသကဲ့သို့ နန်းယဥ်ခမ်းအမြဲပန်တတ်သော သဇင်အားလည်းပျိုးထားသေးသည်။နွေရာသီဆိုလျှင် ရွာ၌အလွန်တရာပေါသောအသီးတစ်မျိူးမှာ မရမ်းသီးပင်။ အိမ်တိုင်းနီးပါး၌လည်းမရမ်းပင်ရှိ၏။

"ကြီးခင် ဟိုဘက်ရွာကပြန်လာတာလား"

"ဟုတ်တယ်တူမကြီးရေ"

"ကြီးခင်သွားနေတုန်းလေ ကြီးနန်းခြံပြင်ထွက်လာသေးတယ်"

"ဟင်ဟုတ်လား။နန်းကလည်းအပြင်မထွက်ပါနဲ့ဆိုတာကို"

"ဘာမှမဖြစ်ပါဘူးကြီးခင်ရဲ့ ကြီးနန်းလည်းတစ်ခါတစ်လေအပြင်တော့ထွက်ချင်မှာပေါ့"

"တူမကြီးရယ် နန်းကခြေထောက်တစ်ဖက်မကောင်းဘူးလေ"

"မစိုးရိမ်ပါနဲ့ကြီးခင်ရယ်။ခုဆိုရွာထဲကလူတွေလည်း ကြီးနန်းကိုကောင်းကောင်းသိနေကြပါပြီ တစ်ခုခုဖြစ်ရင်တောင်ဝိုင်းကူညီကြမှာပါ"

"အေးပါကွယ်။ခုတော့ ကြီးခင်အိမ်မြန်မြန်ပြန်လိုက်အုံးမယ်နော်"

"ဟုတ်ဟုတ်ကြီးခင်"

ခပ်မြန်မြန်ခြေလှမ်းများနှင့် မမခင်အိမ်သို့ပြန်လာခဲ့သည်။ ခြံထဲရှိလှပစွာပွင့်ဖူးနေသော ကံ့ကော်ပင်ကြီးဘေးရှိ ဝါးခင်းထားသောခုံကလေးပေါ်တွင် နန်းယဥ်ခမ်းငြိမ်သက်စွာထိုင်နေ၏။

"မမခင်ပြန်လာပြီလား"

နန်းယဥ်ခမ်းဘေးတွင်ချထားသော တုတ်ကောက်ကလေးအားကိုင်ကာ မတ်တပ်ထရပ်လိုက်သည်။မမခင်ခေါင်းပေါ်တွင်ရွတ်ထားသော သစ်သီးခြင်းကလေးအားအမြန်ချကာ

"ထိုင်နေပါ နန်းရယ်။ဒီနေ့ခြံအပြင်ထွက်သေးတယ်ဆို"

မမခင် နန်းယဥ်ခမ်း၏တုတ်ကောက်ကာယူပြီးဘေးတွင်ပြန်ချထားလိုက်သည်။ဝါးခင်းထားသော ခုံလေးပေါ်တူတူထိုင်ပြီး

"မမခင်ပြန်လာပြီလားလို့ ထွက်ကြည့်တာပါ"

"နန်းရယ် မမခင်အသီးဝယ်ပြီးရင်မြန်မြန်ပြန်လာမှာပေါ့။နန်းစားချင်တဲ့ မန်ကျည်းရွက်နုလေးတွေတောင်ခူးလာသေးတယ်။ဒီနေ့ မန်ကျည်းရွက်သုတ်နဲ့ဝက်သားပုန်းရည်ကြီးပေါ့"

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)Où les histoires vivent. Découvrez maintenant