နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ14

6.8K 683 26
                                    

သနပ်ခါးတုံးအား အားရပါးရလက်နှစ်ဖြင့်ကိုင်ကာ ခင်ခင်တစ်ယောက်ကျောက်ပြင်ကြီးပေါ်တွင် သနပ်ခါးသွေးနေ၏။

"​အင်္ကျီဝတ်ပြီးပြီလား နန်း လာ မမခင်သနပ်ခါးသွေးပေးထားတယ်"

နန်းယဥ်ခမ်း သူမဝတ်နေကျ ပုလဲပုတီးမဆွဲထားပေ ချိတ်ထဘီအကောင်းစားအစား ဖျင်ပင်နီယောထဘီလေးသာဝတ်ဆင်ထားသည်။

"ဟင် နန်း ဘာလို့ချိတ်ထဘီမဝတ်တာလဲ"

"နန်းမမခင်တို့လိုပဲဝတ်စားချင်လို့ပါ တစ်ယောက်ထဲကြီးထင်ထင်ရှား နန်း မဝတ်ချင်လို့ပါ"

"ဟုတ်ပါပြီ သနပ်ခါးလိမ်းမှာမှတ်လား"

"ဟို မမခင်နန်းသနပ်ခါးပါးကွက်မလိမ်းတတ်ဘူး"

ငယ်စဥ်ခါကမိခင်ဖြစ်သူသနပ်ခါးပါးကွက်လေးအမြဲလိမ်းပေးခဲ့သော်လည်း မိခင်မရှိစဥ်ကပင်နန်းယဥ်ခမ်းမျက်နှာပြောင်သာနေလာခဲ့သည်။မမခင်၏ရွာအားရောက်ရောက်ချင်းမြင်ရသည်မှာ အချို့အမျိူးသားများပင်မြန်မာသနပ်ခါးအားလိမ်းထားကြသည်။သျှောင်ပေစူးစည်းကလေးများနှင့် ငလေးငယ်များမှာလည်း သနပ်ခါးအဖွေးသား။
အပျိူလေးများဆိုလျှင် မမခင်ကဲ့သို့သနပ်ခါးခြေဆုံးခေါင်းဆုံးပင်။နန်းယဥ်ခမ်းမိမိသည်လည်း သနပ်ခါးလိမ်းခြယ်ချင်သည်။သို့သော်လည်း ပါးကွက်လှလှကလေးမကွက်တတ်ပေ။

"ဒါဆိုမမခင်လိမ်းပေးရမလား"

"ဟုတ်"

နန်းယဥ်ခမ်းမေးကလေးအားမော့ကာ ခင်ခင်သနပ်ခါးလိမ်းပေးရန် နန်းယဥ်ခမ်း၏မျက်နှာလေးအား မိမိလက်ဖြင့်ကိုင်ထာလိုက်သည်။

"ဪ မမလေးနန်း အယ်ဘွတေးမှားလို့ တူမလေးနန်းတောင်ရေချိူးပြီးပြီလား"

"အင်းကြီးမြဒီမှာနန်းကသနပ်ခါးလိမ်းချင်တယ်ဆိုလို့ခင်ခင်လိမ်းပေးနေတာ"

"ဪ အေးအေး ခဏနေနေ့လည်စာကိုသူကြီးနဲ့အပျိူအချို့လာပို့ပေးလိမ့်မယ်နော် ကြီးမြကတော့ရွာဦးကျောင်းမှာဆွမ်းကျန်တာတွေနဲ့စားခဲ့ပြီးပြီ ကြီးမြတစ်ရေလောက်အိပ်လိုက်အုံးမယ်"

"ဟုတ် ကြီးမြ"

တစ်ခန်းထဲရှိသောအိပ်ခန်းလေးအား နန်းယဥ်ခမ်းသုံးရန်အတွက် ကြီးမြထားထားပေးသည်။အိမ်ရှေ့ဘုရားစင်ဒေါင့်နားတွင်သင်ဖြူးဖျာကလေးခင်းကာ တစ်ရေးတစ်မောအိပ်တော့သည်။

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)Where stories live. Discover now