ထိုအထိအတွေ့ဟာသိပ်ကိုလက်တွေ့ဆန်လွန်းခဲ့သည်။နန်းယဥ်ခမ်းသည်လည်းမိမိဘဝတွင် တစ်ခါမျှမထိတွေ့ဖူးသော အထိအတွေ့တစ်ခုအားခံစားလိုက်ရသည်။
ခင်ခင်ပြန်အိပ်ပျော်သွားသည်။နန်းယဥ်ခမ်းလက်အားခင်ခင်မလွှတ်ပေ။
"မမခင်လက်တွေကပူလို့ပါလား ဆရာဝန်ပင့်မှထင်တယ်"
နန်းယဥ်ခမ်း ခင်ခင်၏လက်အားဖယ်ကာ ဆရာဝန်ပင့်ရန် ဘသောင်းအားလွှတ်လိုက်သည်။
"ဆရာဆေးတစ်လုံးထိုးထားပေးခဲ့တယ် လူနာကိုသက်သက်သာသာထားပါ လောလောဆယ်လက်ကိုအားပြုပြီးလုပ်မခိုင်းပါနဲ့"
"ဟုတ် ဆရာကျေးဇူးပါ ကိုဘသောင်းဆရာကိုလိုက်ပို့ပေးလိုက်ပါအုံး"
နန်းယဥ်ခမ်း ခင်ခင့်အားကိုယ်တိုင်ကိုယ်ကျလုပ်ပေးနေသည်။
"မမလေးနန်းကြီးမြလုပ်ပေးလိုက်ပါမယ်အားနာစရာတွေ"
"မလိုပါဘူးကြီးမြနန်းဖျားတုန်းကလည်းမမခင်ကပဲလုပ်ပေးခဲ့တာပါ"
နန်းယဥ်ခမ်းနေ့လည်စာစားသောက်ပြီးသော ခင်ခင်အခန်းသို့ပြန်လာ၏။ခင်ခင်နိုးနေလေပြီ။မိမိအားခင်ခင်နမ်းလိုက်သည်မှာ သူမအသိစိတ်မှမမှတ်မိနိုင်ဟု နန်းယဥ်ခမ်းယုံသည်။သို့ကြောင့် နန်းယဥ်ခမ်းသည်လည်း မည်သည့်မေးခွန်းမျှမမေးပေ။
"မမလေးနန်းပါလား"
"နိုးလာပြီလားမမခင်သက်သာရဲ့လား"
"ဟုတ်သက်သာပါတယ် မမလေးနန်းဒီကိုလာတာအားနာလိုက်တာ"
"မလိုပါဘူးမမခင််ရယ်"
စကားများပြောရင်း အနာအားဆေးထည့်ပေးရင်း ညနေရောက်သောနန်းယဥ်ခမ်း စံအိမ်သို့ပြန်လာကာ ရေမိုးချိူးသည်။
"ခင်ခင်သက်သာရဲ့လား"
"သက်သာပါတယ်ကြီးမြ ကြီးမြကိုဒုက္ခပေးသလိုဖြစ်သွားရင်ခင်ခင်တောင်းပန်ပါတယ်"
"မဟုတ်တာခင်ခင်ရယ် ပြီးတော့ညည်းကိုမမလေးနန်းကလာပြုစုပေးသွားတာ"
"ဟင် မမလေးနန်းကလေ"
"ဟယ် မမှတ်မိဘူးလားခင်ခင် မမလေးနန်းမနက်ထဲကညည်းကိုပြုစုပေးနေတာလေ"
YOU ARE READING
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...