မြန်မာ့ပိုး ပိုးထည်တိုက်တွင် အသစ်ရောက်သော ချည်ထည် ယက်ထည်များအဆက်မပြတ်ရောင်းကောင်းနေ၏။စျေးမှာလည်းအသင့်အတင့်ဖြစ်သောကြောင့် လူတန်းစားမရွေးဝယ်ဝတ်နိုင်ကြသည်။
"ပင်ပန်းနေပြီလားမမလေးနန်း"
"မပင်ပန်းပါဘူးမမခင်ဒါတွေဟာအရင်ထဲကနန်းတစ်ယောက်ထဲလုပ်လာတာပါ"
ခင်ခင် နန်းယဥ်ခမ်းအားရေတစ်ခွက်ခပ်ပေးလိုက်သည်။
"ဒါနဲ့ မမခင်ကိုအလွတ်ကျက်ခိုင်းထားတဲ့ အသတ်တွေနဲ့သရတွေအကုန်ရပြီမှတ်လား"
"မမခင်ကအကုန်ရလို့ မမလေးနန်းနာမည်တောင်ရေးတတ်သွားပြီ"
"ဟာ တကယ်"
"အင်း မမခင်ရေးပြရမလားဟင်"
"အင်း"
ခင်ခင်ကျောက်သင်ပုန်းလေးယူကာ ကျောက်တံဖြင့်ရေးရင်းနှုတ်မှ
"နငယ်နသတ် နန် ဝေ့စနှစ်လုံးပေါက် နန်း
ယကလက်ညလေးသတ် ယဥ် နန်းယဥ်
ခခွေးမသတ်ခမ် ဝေ့စနှစ်လုံးပေါက် ခမ်း
နန်းယဥ်ခမ်း ဟုတ်လားမမလေးနန်း""မမခင်ကတော်တယ်နော် စာသင်တာတောင်နှစ်လကျော်လောက်ပဲရှိအုံးမယ် နန်းရဲ့နာမည်တောင်ရေးတတ်နေပြီ"
"မမလေးနန်းကစိတ်ရှည်ရှည်နဲ့သင်ပေးခဲ့လို့ပါ"
"ဟို ဒါမြန်မာ့ပိုးဆိုင်လားရှင်"
နန်းယဥ်ခမ်းအရွယ် မိန်းမလေးနှစ်ယောက်ဆိုင်ရှေ့သို့ရောက်လာကာ မြန်မာ့ပိုးဆိုင်လားဟုမေးကြသည်။
ခင်ခင် ထိုမိန်းမလေးနှစ်ယောက်၏ ပုံကြည့်ပြီးမိမိကဲ့သို့ရွာမှတက်လာသော မိန်းမလေးများမှန်းတန်းသိ၏။"ဟုတ်ပါတယ်"
"ဟိုညီမတို့ရင်ဖုံးအင်္ကျီလက်ရှည်လေးနှစ်ထည်လောက်ကြည့်ချင်လို့ပါ"
"ဟုတ်ရပါတယ် လာပါဆိုင်ထဲဝင်ပြီးကိုယ်ကြိုက်မဲ့ဟာလေးကိုဝင်ရွေးကြည့်ပါ"
ထိုမိန်းမလေးနှစ်ဦးဖိနပ်လေးချွတ်ကာ နန်းယဥ်ခမ်းခေါ်သောနေရာသို့ ဝင်ကာအောက်တွင်ထိုင်လိုက်ကြသည်။
"ဟာ ညီမတို့အောက်မှာမထိုင်နဲ့လေ ထပါ ဒီခုံပေါ်ထိုင်ကြပါ ထပါ "
YOU ARE READING
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...