အာရုံတက်ချိန် အမြဲစောစောနိုးတတ်သော ခင်ခင်အရင်နိုးလာသည်။သူမ၏လက်ထဲတွင်နှစ်ခြိုက်စွာအိပ်ပျော်နေသော နန်းယဥ်ခမ်းအားကြည့်ကာ
"ခင်ခင်အရမ်းပျော်နေသလိုခံစားရတယ်မမလေးနန်း ခင်ခင်မမလေးနန်းနဲ့ခုလိုနီးနီးကပ်ကပ်နေနေရတာကိုသဘောကျနေမိတယ် ဘာကြောင့်များပါလိမ့် "
ခင်ခင် နန်းယဥ်ခမ်းမနိုးခင် အိပ်ယာမှဖြည်းဖြည်းထကာ အောက်သို့ဆင်းသွား၏
"ခင်ခင်ညကအခန်းပြန်မအိပ်ဘူးလား"
"ဟုတ်တယ် ကြီးမြမမလေးနန်းက နေမကောင်းချင်သလိုလိုဖြစ်နေတာအဲ့တာခင်ခင်စောင့်ကြည့်နေခဲ့ပေးတာ"
"အေးပါကွယ် စောစောထလာတာတော်သေးတာပေါ့ တော်ကြာမြို့အုပ်မင်းလေးမြင်ရင်မသင့်တော်ဘူးလေ"
"ဟုတ်ကြီးမြ"
"အေးပါ မျက်နှာသွားသစ်လိုက်အုံး"
နန်းယဥ်ခမ်းအိပ်ယာမှနိုးလာသည်။သူမကိုယ်မပူတော့ပေ။ညကစားထားသောဆန်ပြုတ်ပန်းကန်လည်းမရှိတော့။
"ညကမမခင်ငါ့ဘေးနားမှာအိပ်သွားတာများလားဒါမှမဟုတ်ငါအိမ်မက်ပဲမက်နေတာများလား"
နန်းယဥ်ခမ်းဝေခွဲမရ။သူမလည်းအဖျားကျပြီမို့ ကိုယ်လက်သန့်စင်ပြီးအောက်ဆင်းလာတော့သည်။
"မမလေးနန်းနိုးလာပြီလား"
"အင်းထွေးမာဒါနဲ့ကြီးမြရော"
"ကြီးမြနဲ့မမခင်ကစျေးသွားကြတယ်မမလေးနန်း"
မမခင်တဲ့လားဒါဆိုထွေးမာတို့ဌေးဌေးတို့သည်လည်း ခင်ခင်အား မမခင်ဟုခေါ်မှာပေါ့။နန်းယဥ်ခမ်းစိတ်ထဲဘဝင်မကျတော့။မမခင်ဟုမိမိတစ်ယောက်ထဲသာခေါ်ချင်နေ၏။သူမအတွေးအားပြန်ရုတ်သိမ်းလိုက်သည်။သူမဘာတွေဖြစ်နေမှန်း မိမိကိုယ်ကိုနားမလည်နိုင်။ခင်ခင်မိမိပေးသည့် အဝတ်များအားမယူဘူးငြင်းစဥ်ကလည်း စိတ်ဆိုးသေး၏။ယခု ခင်ခင့်အား မမခင်ဟုအခြားသူများခေါ်သည်ကိုကြားသော မိမိစိတ်ဆိုးနေပြန်သည်။
"ဟို မမလေးနန်း မမလေးနန်း"
ထွေးမာခေါ်နေသည်အားကြားသောလည်း နန်းယဥ်ခမ်းမထူး ထွေးမာအားကြည့်ကာ
![](https://img.wattpad.com/cover/286593979-288-k596464.jpg)
YOU ARE READING
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...