"ဗိုက်ဆာနေပြီလား မမလေးနန်း"
"မဆာသေးပါဘူး ဌေးဌေး ဒါနဲ့မမခင်ရော"
"မမခင် ခုနကမှအိမ်တန်းလျားဘက်ခဏပြန်သွားတာပါ "
"ဪ"
"မနက်စာပြင်ဆင်ထားပေးရတော့မလားမမလေးနန်း"
"ပြင်ထားလိုက်ပါဌေးဌေး နန်းကိုဂျော်နသန်ကိုခေါ်ပြီးဆင်းလာခဲ့မယ်"
နံနက်အာရုံစောစော နန်းယဥ်ခမ်းဘုရားဝတ်ပြုပြီးသော ခင်ပွန်းသည်ဂျော်နသန်အားအိပ်ယာမှနှိုး၏
"ထပြီ ဟန်နီ ထပြီ ပြီးတော့ဟိုနေ့ကကိစ္စအတွက်ကိုယ်တောင်းပန်ပါတယ် ဟန်နီ ကိုယ့်ဘက်ကလွန်သွားတယ်"
"မလိုပါဘူးကိုဂျော်နသန် လင်နဲ့မယားကြားမှာဒီလိုပြဿနာလေးတွေရှိတတ်ပါတယ် ထားသင့်တယ်နားလည်မှုနှစ်ဦးနှစ်ဖက်လေးစားမှုလေးတော့ထားကြတာပေါ့"
"ok ပါဟန်နီ ကယ် ကိုယ်ရေချိူးလိုက်အုံးမယ်"
ဇနီးမောင်နှံနှစ်ဦးအိမ်လှေကားကြီးမှတူတူဆင်းလာချိန် ခင်ခင်အိမ်ရှေ့တံခါးဝကြီး၏အဝင်မှ ငေးမောကြည့်နေ၏။ဂျော်နသန် နန်းယဥ်ခမ်း၏လက်ကိုကိုင်ထားသည်။
စိတ်တွေဘာများဖြစ်ကုန်ရတာလဲ ကိုယ်ကိုတိုင်နားမလည်တော့ပေ။ဒီလိုခံစားချက်မျိူးဖြစ်ပြန်ချေပြီ။ဘာကိုအလိုမကျ၍ဘာကိုမုန်းတီးရမည်နည်း။မိမိမသိတော့ပါ။နန်းယဥ်ခမ်းအနားရှိသောသူမှာ မိမိမှလွဲ၍မည်သူမှမဖြစ်စေချင်။
ဘာစိတ်တွေများဖောက်ပြန်ထွေပြားနေမှန်းလည်းမသိတော့ပါ။ခေါင်းစဥ်လား အကြောင်းပြချက်လား ဆင်ခြင်လား မည်သည့်အရာကိုရည်ညွှန်းရမည်နည်းမသိပေ။နားလည်ရခက်နေသော စိတ်ခံစားမှုတစ်ခုပင်။
"ကိုယ်ဒီနေ့ည အိမ်ကိုမစ္စတာအယ်ဘတ်လာမယ် အဲ့တော့အသီးအနှံစားသောက်စရာဖွယ်ဖွယ်ရာရာလုပ်ထားပေးပါ ကြီးမြ"
"ဟုတ်အရေးပိုင်မင်း "
မစ္စတာအယ်ဘတ်အား နန်းယဥ်ခမ်းသဘောမကျ။ခင်ခင်အားမျက်စိကျနေသော ထိုအနောက်တိုင်းသား နန်းယဥ်ခမ်းအနည်းငယ်မျှပင်ကြည့်မရ။
YOU ARE READING
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...