ဂျော်နသန်တစ်ယောက် အင်္ဂလန်မှပြန်လာပြီးသည့်အချိန်မှစ ရှီလာသို့ပြန်မအိပ်သည့်ညများမှာမရေတွက်နိုင်အောင်ပင်များလာခဲ့သည်။နန်းယဥ်ခမ်းသည်လည်း ဂျော်နသန်အား တစ်စုံတစ်ရာမျှမေးမြန်းပြောဆိုခြင်းမရှိ။
"Morning ဟန်နီ"
"နိုးပြီလားကိုဂျော်နသန်"
"ဟန်နီ မနက်စာစားပြီးပြီလား"
"စားပြီးပြီကိုဂျော်နသန်"
"ကြီးမြ ကျွန်တော်ဒီနေ့ညအိမ်ပြန်မလာဖြစ်လောက်ဘူးညစာပိုချက်မထားနဲ့နော်"
"ဟုတ်အရေးပိုင်မင်း"
"ဒီနေ့ညကိုယ်မွေးနေ့ပါတီပွဲတစ်ခုတက်စရာရှိတယ် အဲ့တာဟိုမှာနည်းနည်းသောက်စားကြမှာဆိုတော့ အိမ်ပြန်မလာဖြစ်လောက်ဘူးဟန်နီ"
"ဟုတ် ကိုဂျော်နသန် "
ဂျော်နသန်မနက်စာစားပြီး ဂျစ်ကားအားကိုယ်တိုင်မောင်းကာ ထွက်သွားတော့သည်။
"ကြီးမြ မမခင်ရော"
"နောက်ဖေးခြံထဲမှာ သုံးယောက်လုံး ခရေပင်စိုက်နေကြတယ် တူမကြီးနန်း"
နန်းယဥ်ခမ်း ခြံနောက်သို့လိုက်သွား၏။
"မမလေးနန်းဘာများခိုင်းစရာရှိလို့လဲ"
"ဘာမှမရှိပါဘူး ဘာများလုပ်နေကြတာလဲလို့လာကြည့်တာ"
"ခရေပင်စိုက်နေတာမမလေးနန်း"
"ဪ "
"ထွေးမာနဲ့ဌေးဌေးတို့ ဆိုင်သွားလိုက်နော် "
"မမလေးနန်းတကယ်ပြောတာလား"
"ထွေးမာလည်းဆိုင်ကိုသေချာဦးစီးနိုင်နေပြီပဲ နန်းယုံပါတယ်"
ထွေးမာနှင့်ဌေးဌေးတို့အား ဆိုင်နှင့်ပိုမိုရင်းနှီးလာစေရန် နန်းယဥ်ခမ်းဆိုင်ကိုအမြဲတစေလွှတ်ခဲ့သည်။
"မမခင် လာ နန်းပြစရာရှိတယ်"
နန်းယဥ်ခမ်း ခင်ခင်အား သိပ်လှပလွန်းသော ပန်းနုရောင်ပုတီးလေးအားသည်။
"လှလားမမခင်"
"လှတာပေါ့ နန်းရဲ့ဖြူဖွေးနေတဲ့ရွှေလည်တိုင်လေးနဲ့ဆိုသိပ်လိုက်မှာ"
ESTÁS LEYENDO
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...