ဆွမ်းအုပ်နီနီ အမေရွတ်လို့ နက်ဖြန်မနက်ကျောင်းတတ်မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့ အမေသွားတော့ပျင်းလှတယ်ကြားဖူးမိသော ကဗျာလေးလိုပင် နန်းယဥ်ခမ်းဆွမ်းအုပ်နီနီလေးပိုက်ကာ ဘုန်းတော်ကြီးကျောင်းသို့ရောက်ခဲ့ပါပြီ။
နန်းယဥ်ခမ်း ဘုန်းဘုန်းအားဆွမ်းကပ်ပြီးသော ဘုန်းကြီးကျောင်းဝန်းထဲတွင် သူမတံမြက်စည်းလှည်း၏"ဟိုမမလေးနန်း ခင်ခင်လုပ်လိုက်ပါမယ်"
"ခင်ခင်ဒါကုသိုလ်ယူနေတာ နန်းဝတ်ကျေတန်းကျေလုပ်နေတာမဟုတ်ဘူး ခင်ခင်လည်းကုသိုလ်လိုချင်ရင် ဝိုင်းကူပါ"
ခင်ခင်တစ်ယောက် နန်းယဥ်ယမ်းလှည်းကျင်းသော အမှိုက်များအားလိုက်သိမ်းကာ အမှိုက်တောင်းထဲသို့ထည့်၏။ဘုန်းတော်ကြီးကျောင်းဝင်းတွင်ရှိ အလိုတော်ပြည့်စေတီလေးတွင်လည်း နန်းယဥ်ခမ်း ဆင်းတုတော်လေးများအားရေသပ္ပါယ် ရင်ပြင်ပေါ်တွင်တံမြက်စည်းလှည်း ။
"မမလေးနန်းကဒီလောက်နန်းဆန်ဆန်ကျက်သရေရှိအောင်လှတာလည်းမပြောနဲ့ကြည့်ပါအုံး သူ့ကြည့်ရတာအေးချမ်းလိုက်တာ ရှေးဘဝကကုသိုလ်ကံပါရမီကြောင့် ဒီဘဝမှာရုပ်အဆင်းနာမ်အဆင်းအကုန်ပြည့်စုံတာ ဒီဘဝလွန်ရင် မမလေးနန်းကနတ်ပြည်မှာတောင်နတ်စည်းစိမ်ခံစားရလောက်တယ်"
ခင်ခင်လက်ထဲတွင် စေတီအနားစိုက်ထားသော တရုတ်စကားပန်းကလေးများကိုင်ထားကာ နန်းယဥ်ခမ်းအားငေးနေသည်။
"ခင်ခင်ဘာတွေငေးနေပြန်ပြီလဲလာပြန်ကြရအောင်"
"ဟုတ် မမလေးနန်း"
"လက်ထဲကပန်းကဘာလုပ်တာလဲ"
"ခုနကကြွေကျနေတာမြင်လို့ကောက်ထားတာပါ ပန်းကလေးကမွှေးနေတာမမနန်းရဲ့"
"ခင်ခင်ကြိုက်လို့လား"
"မမနန်းယဥ်မိန်းမလေးပဲပန်းကြိုက်တာပေါ့"
နန်းယဥ်ခမ်းမိမိ၏ရှည်လျားသော လက်တံဖြင့် တရုတ်စကားပန်းတစ်ပွင့်အားခူးလိုက်ကာ
"ဟိုဘက်လှည့်ခင်ခင်"
"ရှင်"
"နန်းကိုကျောပေးပြီးဟိုဘက်လှည့်လို့ပြောတာ"
YOU ARE READING
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...