ယဿနုဘာဝတော ယက္ခာ၊
နေဝ ဒေဿန္တိ ဘီသနံ။
ယဥိ့ စေဝါနုယုဥ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္တိတော။မနက်စောစောရှီလာစံအိမ်ကြီးမှ မေတ္တာသုတ်ရွတ်ဖတ်ပူဇော်နေသော အသံပင်ဖြစ်သည်။နန်းယဥ်ခမ်း ဘုရားဝတ်ပြုနေ၏။နေ့စဥ်နံနက်တိုင်း ဘုရားဝတ်ပြုတတ်သော မြန်မာမိန်းမလေးတို့၏ကျက်သရေရှိလှသော ဘာသာတရားကိုင်းရှိုင်းလှသော အလေ့အထပင်ဖြစ်လေသည်။
"ခင်ခင်စျေးကပြန်ရောက်ထဲက မျက်နှာကဘာဖြစ်နေတာလဲ"
"ဘာမှမဖြစ်ပါဘူးကြီးမြရယ်"
"အမယ်လေးပြန်ရောက်ထဲကညည်းရုပ်မှိုင်မှိုင်ထွေထွေနဲ့တစ်ခုခုဖြစ်လာပါတယ် ဘာဖြစ်လာတာလဲ"
"ဟို ဒီနေ့စျေးထဲမှာလေ ကိုဖိုးညိုက ခင်ခင့်ကိုလာနူတ်ဆက်တယ်"
"အင်း"
"အဲ့တာမမလေးနန်းက ခင်ခင့်ကိုစိတ်ဆိုးသွားတဲ့ပုံပဲ ကိုဖိုးညိုနဲ့လည်းစကားပြောရော ချက်ချင်းပြန်ကြမယ်တဲ့"
"ဪ အင်းပေါ့ မမလေးနန်းကအစထဲက ယောကျာ်းတွေနဲ့ပတ်သတ်ရင်ကြိုက်တာမဟုတ်ဘူး ခုခင်ခင်ကသူပါရဲ့သားနဲ့ယောကျာ်းတစ်ယောက်နဲ့စကားပြောနေတယ်ဆိုတော့ စိတ်ဆိုးမှာပေါ့"
"ခင်ခင်ဘာလုပ်ရမလဲ ဟင်ကြီးမြ"
"ငါလည်းမသိဘူးလေဟယ် "
နန်းယဥ်ခမ်း စိတ်ဆိုးနေသည်မှာအမှန်။သို့သော်လည်း သူမအားမိမိမည်သို့မည်ပုံပြန်လည် စိတ်ပြေလျော့အောင်ပြောရမည်မှန်း ခင်ခင်မသိ။
"ကြီးမြရေ မုန့်စိမ်းပေါင်းတွေကောင်းရဲ့လား"
"ကောင်းပါတယ်မမလေးနန်း အများကြီးဝယ်လာတော့ပိုတောင်ပိုနေသေးတယ်"
"ဟုတ်လား ဒါနဲ့ မမခင်ရော"
"ခုနကပဲဒီမှာငရုတ်သီးထိုင်ထောင်းနေတာ ဘယ်ထသွားလည်းမသိဘူး"
"ဪ ဟုတ်ဟုတ်"
စံအိမ်၏နောက်ဘက်တွင် မြက်များသစ်ပင်လေးများထူထပ်စွာပေါက်ရောက်နေသဖြင့် ဂျော်နသန် အိမ်မှအစေခံများအား ခြံရှင်းခိုင်းနေသည်။
ESTÁS LEYENDO
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...