နန်းယဥ်ခမ်းအားချစ်သနားလှည့်ပါ13

6.9K 734 40
                                    

ဧရာဝတီမြစ်ကမ်းနံဘေးတွင်သာတည်ရှိနေသောအောက်စုဆိုသည့် ရွာကလေးအားရောက်လာခဲ့တော့သည်။

"ထွန်းသာရေကြီးမြတို့ကိုဒီအထုတ်တွေလိုက်ပို့ပေးစမ်းပါအုံးကွယ်"

"ဪ ဟုတ်ကြီးမြ ကြီးမြအိမ်ကိုပဲပို့ပေးရမလား "

"အေအေ"

ရွာမလာခင် ကြီးမြနှင့်ခင်ခင် နန်းယဥ်ခမ်းအားရွာလူကြီးအိမ်တွင်ထားရန်တိုင်ပင်ထားခဲ့ကြသည်။သို့သော်လည်း နန်းယဥ်ခမ်းကြီးမြအိမ်တွင်သာလိုက်နေချင်ကြောင်း။ခင်ခင်နဲ့အတူတူသုံးယောက်အေးဆေးနေချင်ကြောင်းပြော၏။

"ခင်ခင် မမလေးနန်းကိုဂရုစိုက်သေချာခေါ်ခဲ့ကြီးမြထွန်းသာနဲ့ရှေ့ကသွားနှင့်မယ်"

"ဟုတ်ကြီးမြ"

တောသူအရိုးခံပြီးပြီး ကြီးမြသည်လမ်းလျှောက်သိပ်မြန်၏။နန်းယဥ်ခမ်းသည်ကား ကြီးမြတို့လို ထဘီကိုမကာ လွှားခနဲလျှောက်တတ်သောမိန်းမ မဟုတ်ပေ။

"ရလားနန်းသတိထားလျှောက်နော် မြေလမ်းတွေဆိုတော့ ခြေထောက်ခေါက်လဲမယ်"

"ရပါတယ်မမခင်"

ခင်ခင်အလိုက်သိပ်သိတတ်သည်။နန်းယဥ်ခမ်းမိမိရွာသို့လိုက်လျှင် လမ်းလျှောက်ရမည်ကိုသိပြီး အညာနေပူထဲ နန်းယဥ်ခမ်းချွေးလေးများစိုစိုရွဲထွက်လာမည်ကို ခင်ခင်စိုး၏။နန်းယဥ်ခမ်းသုံးနေကျ မိုးပြာရောင်ပုသိမ်ထီးကလေးတစ်ချောင်းအား စံအိမ်ကြီးမှခင်ခင်ယူလာခဲ့သည်။သူမထီးအားဖွင့်ကာ နန်းယဥ်ခမ်းအားထီးမိုးပေးလိုက်သော်

"ဟင် မမခင်ကထီးယူလာတာလား"

"အင်း နန်းနေပူနေမှာစိုးလို့လေ"

"မမခင်ကတော့နန်းကိုခုလိုဂရုစိုက်ပေးတော့နန်းသိပ်ပျော်တာပဲ"

ပြောရင်း နန်းယဥ်ခမ်း ခင်ခင်လက်ထဲရှိပုသိမ်ထီးအားယူကာ

"မမခင်ကိုနန်းပြောထားတယ်လေ နန်းနဲ့မမခင်တို့နှစ်ယောက်ထဲရှိရင် နန်းကိုသခင်မတစ်ယောက်အနေနဲ့မဆက်ဆံပါနဲ့လို့နော်"

ခင်ခင်ခပ်ပါးပါးလေးပြုံးလိုက်ပြီး

"အင်းပါ မမခင်သိပါတယ်ကယ်ဒါဆိုလည်းလာ"

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)Where stories live. Discover now