ဘယ်လောက်များနာကျင်လိုက်မလဲ။ဂျော်နသန် မိန်းမသားတစ်ယောက်ကို ဒီလိုနှိပ်စက်လိမ့်မယ်လို့ နန်းယဥ်ခမ်း လုံးဝမထင်ခဲ့ဘူး။
"ဒဏ်ရာတွေကြောင့်ရယ် အရင်ထဲကလူနာကအနည်းငယ်အားနည်းနေတာကြောင့်ပါ အရမ်းမစိုးရိမ်ပါနဲ့ အညှော်လုံးဝမခံမိစေပါနဲ့"
"ဟုတ်ကဲ့ဆရာ"
နန်းယဥ်ခမ်း ခင်ခင်၏ကျောပေါ်မှဒဏ်ရာများအား ကိုယ်တိုင်ကိုယ်ကျ ဆေးလိမ်းပေးသည်။
"ကြီးမြ"
"ကြီးမြ ရှိပါတယ်တူမကြီးနန်း"
"ကိုဂျော်နသန်နဲ့နန်းစကားပြောစရာရှိလို့ အိမ်ကလူတွေအကုန်လုံး အိမ်တန်းလျားမှာပဲလာနေကြပါလို့ပြောပေးပါ"
"ကောင်းပါပြီ တူမကြီးနန်း"
ခင်ခင်ယခုထိပင် သတိမရသေးချေ။နန်းယဥ်ခမ်း ခင်ခင်၏ကျောပြင်အားကြည့်ရင်းကြည့်ရင်း ဒေါသမီးများမှာ စိတ်မထိန်းနိုင်လောက်အောင်ပင် တဟုန်းဟုန်းဖြင့်။
"တူမကြီးနန်း ကြီးမြအကုန်ခေါ်ထားပြီးပါပြီ"
"ဪ ဟုတ်ကြီးမြ မမခင်ကိုလည်းဂရုစိုက်လိုက်ပါအုံးနော်"
"ခင်ခင်ကိုကြီးမြသေချာဂရုစိုက်ပေးလိုက်ပါမယ်"
နန်းယဥ်ခမ်း ရှီလာစံအိမ်ကြီးအပေါ်ထပ်သို့ အားနှင့်မာန်နှင့် တက်သွားလိုက်သည်။ဂျော်နသန်တစ်ယောက် ရေမိုးချိုးအဝတ်အစားလဲနေ၏။
"မနက်စာစားပြီးပြီလား ဟန်နီ"
နန်းယဥ်ခမ်း ဘာတစ်ခွန်းမျှမပြောမဆို ကုတင်ပေါ်တင်ထားသော ဂျော်နသန်၏ခါးပတ်အားကောက်ကိုင်ကာ ဂျော်နသန်၏အဝတ်ဗလာကျောပေါ်သို့ ဖြန်းခနဲမြည်အောင် တစ်ချက်လွှဲရိုက်လိုက်သည်။
"ဘာလုပ်တာလဲ ဟန်နီ နာတယ်လေ"
နန်းယဥ်ခမ်းသည် စကားအော်ကြီးဟယ်ကျယ်ပြောတတ်သော မိန်းမသားတစ်ယောက်မဟုတ် အမြဲခပ်တည်တည်တံ့တံ့ဖြင့် အရာရာကိုဖြေရှင်းသော မိန်းမသားဖြစ်သည်။သို့သော် ယခုအခါ နန်းယဥ်ခမ်းလွန်စွာ ဒေါသဖြစ်နေလေပြီ။သူမလက်များလည်း ဒေါသမီးကြောင့် တုန်ရီနေသည်။
နန်းယဥ်ခမ်း ကုတင်ပေါ်သို့ထိုင်လိုက်ကာ
YOU ARE READING
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...