နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ15

6.7K 686 18
                                    

ဧရာဝတီတိုင်း အောက်စုရွာလေး၏ ရွာဦးကျောင်းတွင် အပျိုလေးများ ကြက်သွန်ခွာသူကခွာ ဟင်းချက်သူကချက် မနက်အာရုံတက်၄နာရီတွင်ကိုယ်စီအလုပ်ရူပ်နေကြသည်။

"ကြီးမြတို့မြို့ကပါလာတဲ့ဧည့်သည်ကသိပ်လှသတဲ့တော့"

"ဟုတ်လားကျုပ်တို့တော့မမြင်ဘူးပေါင်"

"ဟိုတစ်နေ့ကကျုပ်ကွမ်းခြံလာသွားတာ အမယ်လေးကျက်သရေရှိပြီးလှလိုက်တာတော် မြို့သူတွေအဲ့လိုလှမှန်းထင်ကိုမထင်ခဲ့"

"ဟိုမှာကြီးမြလာပြီတော့"

အပျိုဝိုင်းတစ်သိုက်ကြီးမြအား လက်ယမ်းခေါ်နူတ်ဆက်ကြသည်။

"ကြီးမြဧည့်သည်ရောမပါဘူးလား"

"ထွေးညို ကြီးမြဧည့်သည်ကအလှူရှင်လေ ပြီးတော့တူမကြီးနန်းကဒါမျိူးတွေသိပ်လုပ်တာမဟုတ်ဘူး မတော်တဆဓားတွေဘာတွေထိသွားရင် မကောင်းဘူးလေ"

"ခင်ခင်ကတော့ဧည့်သည်လေးကိုတော်တော်ဂရုစိုက်တဲ့ပုံပဲနော် ဟိုနေ့ကကွမ်းခြံထဲလာတုန်းဧည့်သည်ခြေချော်မှာစိုးလို့တဲ့ အမယ်လေးသူတစ်ယောက်ထဲဖြစ်နေတာ"

ကြီးမြ ဓားသေးသေးတစ်ချောင်းအားကောက်ကိုင်ရင်း ကြက်သွန်ဥများခွာရင်း

"ခင်ခင်ကတူမကြီးကိုသိပ်သံယောဇဥ်ရှိရှာတာ တူမကြီးနန်းကခင်ခင်ကိုစာရေးတတ်ဖတ်တတ်အောင်လည်းသင်ပေးတယ်လေ"

"ဟယ်ဒါဆိုခင်ခင်ကစာတောင်ဖတ်တတ်နေပြီပေါ့"

"ဟုတ်ပါ့တော် "

"ခင်ခင်ကံကောင်းတာပေါ့"

"နှစ်ယောက်လုံးကတစ်ယောက်ကိုတစ်ယောက်တွေ့ကြရလို့ကံကောင်းကြတာ ထွေးညိုရဲ့ တူမကြီးနန်းကိုလည်းခင်ခင်ကညီမလေးတစ်ယောက်လိုသိပ်ဂရုစိုက်ပေးတာ သွေးသားရင်းမရှိမောင်နှမမရှိတဲ့ မိန်းမလေးနှစ်ယောက်ဟာတစ်ယောက်ကိုတစ်ယောက်ဖေးမရင်းသံယောဇဥ်တွေတိုးကြတာပေါ့"

"တူမကြီးနန်းဆိုတဲ့ကောင်မလေးမှာအိမ်ထောင်ရှိတယ်မှတ်လားကြီးမြ"

"အေးရှိတယ်လေမြို့အုပ်မင်းဂျော်နသန်လေ"

ထွေးမာတစ်ယောက်မနက်စောစော ဌေးဌေးနှင့်စျေးသွားပြီး အိမ်သန့်ရှင်းရေးများလုပ်ကိုင်နေ၏

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)Donde viven las historias. Descúbrelo ahora