နန်းယဥ်ခမ်း ခင်ခင် ကိုထွန်းမော်တို့ ယနေ့လည်း မြန်မာ့ပိုးဆိုင်လေးသို့ ပုံမှန်အတိုင်းလာခဲ့ကြသည်။
"မမလေးနန်း ကျွန်တော် မြို့ထဲခဏသွားလိုက်ပါအုံးမယ်"
"ဟုတ် ကိုထွန်းမော် "
နန်းယဥ်ခမ်း၏ ရွှေလဝန်းဝင်းဝင်းပမျက်နှာလေးသည် အနည်းငယ်ညှိုးနွမ်းဖျော့လျော့နေသည်။
"နန်း နေမကောင်းဘူးလား"
"ကောင်းပါတယ် မမခင်"
"နန်း မျက်နှာကြည့်ရတာ မမခင်အားမရှိလိုက်တာ"
"နည်းနည်းအိပ်ရေးမဝလို့ပါ မမခင်ရယ် နန်းဘာမှမဖြစ်ဘူးနော်"
"ဟုတ်ပါပြီ"
ပုံမှန်နေ့လေးတစ်ရက်ပင်။သို့သော် ခင်ခင်တစ်ယောက်မှာတော့ နန်းယဥ်ခမ်းမျက်နှာလေးတကြည့်ကြည့်ဖြင့် သူမနူတ်မှဖွင့်ဟပြောဆိုမည့်စကားအား ပြောသင့်မပြောသင့် သူမချင့်ချိန်နေရရှာသည်။
"မမခင်"
"ပြော နန်း နန်း ဘာလိုချင်လို့လဲ"
"တစ်နေ့နေ့မှ မမခင်ကိုနန်းမပါတဲ့ခရီးတစ်ခု နန်းသွားခိုင်းမယ်ဆိုရင် မမခင်သွားမလားဟင်"
"မမခင်ကဘယ်ကိုသွားရမှာလဲ မမခင်အတွက် နန်းရှိတဲ့နေရာကသာ တိုင်းပြည် နန်းနေထိုင်တဲ့အရပ်ကသာ ဘုံဗိမ္မာန် နန်းနဲ့တူတူနေရမှ မမခင်အတွက်အိမ်ဆိုတာဖြစ်တာလေ"
"မမခင် နန်းကိုကြည့်ပါအုံး"
နန်းယဥ်ခမ်း ခင်ခင်၏လက်ကလေးနှစ်ဖက်အား စုကာကိုင်လိုက်ပြီးသော်
"နန်းမပါတဲ့ခရီးတစ်ခုကို မမခင်သွားရမယ်ဆိုရင် မမခင်နောက်ပြန်မကြည့်ပဲသွားလိုက်ပါ မမခင်လုံးဝနောက်လှည့်မကြည့်ပါနဲ့ "
"နန်း မမခင်ကိုဘာတွေပြောနေတာလဲ"
"မမခင် ရွာပြန်ပါတော့နော်"
ခင်ခင် လက်ဖြင့်တို့ထိလိုက်သောကြောင့် ညှိုးနွမ်းသွားသော ထိကရုန်းလေးလိုပင်။သူမ ခေါင်းအားငုံထားလိုက်သည်။
"မမခင်ကို ဘာလို့ပြန်ခိုင်းတာလဲ နန်း"
မျက်ရည်လေးများဝဲနေသော ပုလဲဖြူဥမျက်ဝန်းအိမ်ကလေးနှင့် ခင်ခင် နန်းယဥ်ခမ်းအားမော့ကြည့်ကာ မေး၏
YOU ARE READING
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...