ကလေးငယ်အားရှီလာစံအိမ်ပေါ်သို့ပွေ့ချီသွားသည်။
"ကလေးဆိုတော့ဖြစ်တတ်ပါတယ် စိုးရိမ်စရာတော့မရှိပါဘူး"
"ကျေးဇူးပါဆရာ "
"ရပါတယ်ဗျာ ဒါဆိုကျွန်တော်ပြန်လိုက်ပါအုံးမယ်"
"ကောင်းပါပြီဆရာ"
ဆရာဝန်အား ကိုထွန်းမော် ပြန်လိုက်ပို့ပေး၏။
"ကလေးကဘာဖြစ်တာလဲ နန်း"
"လန့်ဖျားတာနေထင်တယ် မမခင် ဆရာဝန်ကတော့ စိုးရိမ်စရာမရှိပါဘူးတဲ့"
"အင်း ကလေးအတွက် မမခင် ကြက်သားဆန်ပြုတ်လေးပြုတ်လိုက်မယ်လေ"
"မဟုတ်တာ မမခင် မချောခင်လုပ်ပါလိမ့်မယ်ထားလိုက်ပါ"
"ဟုတ်ပါပြီဒါဆိုမလုပ်တော့ဘူး"
ညနေ အချိန်နေဝင်ရီသယောတွင် ရိုစီပြန်ရောက်လာသည်။
"ဌေးဌေးသမီးလေးရော"
"သခင်မလေးနေမကောင်းဖြစ်လို့ မမလေးနန်းရှီလာထဲကိုခေါ်သွားပါတယ်"
"သမီးလေးကဘာဖြစ်တာလဲ"
"ဖျားတာ"
ရိုစီ ရှီလာစံအိမ်ကြီးဘက်သို့လျှောက်သွားလိုက်သည်။အိမ်ရှေ့ခန်းတွင် အော်ကြီးဟစ်ကျယ်ဖြင့်
"သမီးလေးရေ သမီးခရစ်စတယ်လ်"
ဆိုးရွားလွန်းသော ရိုစီ၏အော်သံအားကြားသော် နန်းယဥ်ခမ်း အိပ်ခန်းထဲမှထွက်လာပြီး လှေကားထိပ်တွင် မတ်တပ်ရပ်ကာ
"မိန်းမတစ်ယောက်ဖြစ်ပြီး ရုပ်ပျက်ဆင်းပျက်အော်နေတာမသင့်တော်ဘူးနော် ရိုစီ ပြီးတော့ နန်းရဲ့စံအိမ်ထဲကိုလာအော်နေတာ"
"နန်းယဥ်ခမ်း ငါ့သမီးဘယ်မှာလဲ"
"ကလေးကိုရိုက်တုန်းကရိုက် ပစ်ထားတုန်းကပစ်ထားပြီး ခုမှလာပြီး သမီးဇောတက်ပြမနေပါနဲ့ရိုစီ"
"ငါ့ကိုအပိုစကားမှာတမ်းတွေလာချွေမနေနဲ့ငါ့သမီးဘယ်မှာလည်း"
"ကလေးအိပ်နေတယ် နန်းမခေါ်ပေးနိုင်ဘူး ကလေးအနားယူပါစေ"
ရိုစီကျယ်လောင်သော ခြေသံများဖြင့်နင်းလျှောက်ပြီး လှေကားနားအရောက် လှေကားပေါ်သို့ခြေတစ်လှမ်းတင်လိုက်ချိန်
BẠN ĐANG ĐỌC
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Lãng mạnနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...