ဒီဇင်ဘာ ၂၉ ရှီလာစံအိမ်တွင် New Year ပါတီကျင်းပရန်အတွက် အရေးပိုင်မင်းဂျော်နသန်အစစအရာရာစီစဥ်ကွက်ကဲသည်။
"နန်း New Year ဆိုတာဘာလဲဟင်"
"အနောက်တိုင်းလူမျိူးတွေရဲ့နှစ်သစ်ကူးကျင်းပတဲ့အချိန်ကိုပြောတာမမခင်"
"ဪ ဒါနဲ့ နန်းကမပျော်ဘူးလား ဘာတွေစိတ်ညစ်နေတာလဲဟင်"
"ပျော်စရာလားမမခင်ရယ် ၁၈၈၆ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ မျက်နှာဖြူအင်္ဂလိပ်တွေက နန်းတို့မြန််မာနိုင်ငံကို အင်္ဂလိပ်ပိုင်နယ်မြေအဖြစ် အိန္ဒိယဘုရင်ခံချုပ်လော့ဒပ်ဖရင်က ကြော်ငြာခဲ့တာလေ နန်းတို့သူ့ကျွန်ဘဝရောက်ခဲ့ကြရတာ ဒါကိုလူတွေကမေ့နေကြပြီး ပျော်ပွဲရွှင်ပွဲနေပဲကျင်းပနေကြတယ် အသည်းမနာတတ်လိုက်ကြတာ"
"အင်း မမခင်ကတော့ဒါတွေမသိပါဘူး နန်းရယ် နန်းနဲ့တူတူနေရမှ မမခင်ဥာဏ်အလင်းရခဲ့ရတာပါ"
"ဆိုင်သိမ်းပြီးပြန်ကြရအောင်လေမမခင်"
"ဟုတ်"
ကိုထွန်းမော်ရောက်လာပြီး နန်းယဥ်ခမ်း၏အနားနားကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
"ကောင်းပြီ နန်းကတော့တက်နိုင်တဲ့ဘက်ကကူညီပေးမှာပါလို့ ငွေလိုလည်းပြောပါလို့ ကိုထွန်းမော်"
"ဟုတ်မမလေးနန်း"
"မမခင် ပစ္စည်းတွေသိမ်းပြီးရင်ပြန်ကြရအောင်လေ"
နန်းယဥ်ခမ်းနှင့် ခင်ခင်တို့ဆိုင်သိမ်းဆည်းပြီးသော ရှီလာသို့ပြန်လာကြသည်။
၁၉၂၉ ဒီဇင်ဘာနောက်ဆုံးရက် အရေးပိုင်မင်းဂျော်နသန်၏ ရှီလာစံအိမ်ကြီးသည် မီးများဖိတ်ဖိတ်တောက်ထိန်လင်နေသည်။
"welcome မစ္စတာအိုရင်"
"မစ္စတာဂျော်နသန်ရဲ့ဇနီးချောလေးရော"
ဂျော်နသန် နန်းယဥ်ခမ်း၏ပခုံးအားဖက်ကာ
"ဒါကျွန်တော်ဇနီးလေးနန်းယဥ်ခမ်းပါ"
"Oh she is so beautiful "
"ကျေးဇူးပါ မစ္စတာအိုရင် ကိုဂျော်နသန် ရှင်တို့စားသောက်ကြမှာမှတ်လား နန်းအခန်းထဲပြန်နားတော့မယ်"
ŞİMDİ OKUDUĞUN
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romantizmနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...