နန်းယဥ်ခမ်း ရှီလာစံအိမ်ကြီး၏အနောက်ဘက်တွင် ထိုင်နေစဥ် နန်းယဥ်ခမ်း၏လက်အား ခရစ်စတယ်လ်ကိုင်လိုက်ပြီး
"ကြီးကြီး"
နန်းယဥ်ခမ်း ကလေးအားစိုက်ကြည့်လိုက်သည်။
"သမီးမေမေရော"
"ဖေဖေ မေမေသွား"
အသက်၃နှစ်သာကျော်လာသော်လည်း ကလေးငယ်သည် စကားအား လိုရင်းတိုရှင်းသာပြောတတ်သည်။
"ကလေးကိုထားခဲ့ပြီးနှစ်ယောက်သား ဘယ်သွားကြပြန်တာလဲမသိဘူး"
"မီးမီးဗိုက်ဆာတယ်"
နန်းယဥ်ခမ်း ကလေးအားပွေ့ချီကာ မီးဖိုခန်းထဲသို့ ဝင်လာသည်။
"မချောခင် "
"ဟုတ် မမလေးနန်း"
"ကလေးစားလို့ရမဲ့မုန့်တွေဘာတွေမရှိဘူးလား"
"ဟုတ် ရှိပါတယ်အရေးပိုင်မင်း သခင်မလေးအတွက်ဝယ်ပေးထားတဲ့ ဘီစကွက်မုန့်တွေရှိပါတယ်"
"ပေးပါအုံး ဒီမှာကလေးကဗိုက်ဆာလို့တဲ့"
ခင်ခင် ရောက်လာသည်။
"ဘာလုပ်နေတာလဲ နန်း"
"ဒီမှာလေ ကလေးကဗိုက်ဆာလို့တဲ့ နန်းကိုလာပြောနေလို့"
"ကလေးကိုထားပြီ အမေကဘယ်သွားပြန်ပြီလဲမသိဘူး"
"မသိပါဘူးမမခင်ရယ် ကလေးကိုတာဝန်အရမွေးထားရတဲ့လူလိုပဲ"
နန်းယဥ်ခမ်း ချောခင်ပေးသော နိုင်ငံခြားမှလာသည့် ဘီစကွက်အထုပ်အားကိုင်ကာ ခရစ်စတယ်လ်အားချီရင်း အိမ်အပေါ်ထပ်သို့တက်သွားသည်။
ခရစ်စတယ်လ် နန်းယဥ်ခမ်းထုတ်ကျွေးသော ဘီစကွက်မုန့်အား အားရပါးရစားသောက်နေ၏။"နန်း"
"အင်းမမခင်ပြော"
"ဘာလိုလိုနဲ့ နန်းနဲ့အတူတူ မမခင်အချိန်တွေကုန်ဆုံးခဲ့တာ ၁၇နှစ်ရှိပြီ"
"အချိန်တွေကသိပ်မြန်သလိုပဲနော် မမခင် မနေ့တနေ့ကမှ နန်းနဲ့မမခင်တွေ့ခဲ့ကြသလိုပဲ"
"သေချာကြည့်ပါအုံး နန်းရဲ့မမခင်ခုဆို အသက်၃၉နှစ်ရောက်နေပြီလေ အိုမင်းလာပြီ"
BẠN ĐANG ĐỌC
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Lãng mạnနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...