နန်းယဥ်ခမ်း Extra 2

4.5K 422 14
                                    

သင်္ကြန်အကြိုနေ့ပင်။အတာအိုးများအိမ်ကိုယ်စီထိုးထားကြသည်မှာတော့ သိကြားမင်းအားကြိုဆိုကြသောဓလေ့ထုံးစံတစ်ခု။

"အမယ်လေးအေးလိုက်တာ"

"မင်္ဂလာနှစ်သစ်မှာ မမခင်ကိုဦးဦးဖျားဖျား ရွှင်လန်းချမ်းမြေ့အောင်သင်္ကြန်ရေနဲ့ပတ်ဖြန်းလိုက်တာ"

နန်းယဥ်ခမ်း မမခင်အားမနက်စောစောပခုံးပေါ်မှရေအေးအေးတစ်ခွက်လောင်းချလိုက်သည်။

"မမခင်ကိုနန်းကအစောကြီးရေလောင်းတယ်ပေါ့လေ။ဟုတ်ပြီဒါဆိုလည်း မမခင်ကလည်းပြန်လောင်းရမှာပေါ့"

ထွေးမာနှင့်ဌေးဌေးတို့နှစ်ဦးမှာတော့ အိမ်ရှေ့တွင်ကလေးတစ်သိုက်နှင့်ရေကစားကြရန် ရေခွက်များဆွဲကိုင်လျက်ပင်။

"မမလေးနန်း ထွေးမာတို့ကလေးတွေနဲ့ရေသွားကစားလိုက်အုံးမယ်နော်"

"အေးအေး"

ရွာသင်္ကြန်ရယ်မို့ မြို့ပြကြီးလိုတော့ဆူဆူညံညံသံရယ်သိပ်မရှိလှ။အုန်းလက်များနှင့်ပြုလုပ်ထားသော ရေကစားမဏ္ဍပ်လေးများတော့ အစီအရီနှင့်ရှိ၏။

"မမခင် အဝတ်လဲပြီးပြီလား"

"ပြီးပြီ နန်းရော"

"နန်းကပြီးတာကြာပေါ့...ကိုဘသောင်းရေနန်းနဲ့မမခင်ဘုန်းကြီးကျောင်းသွားလိုက်အုံးမယ်။ကလေးတွေနောက်တစ်ချက်လောက်လိုက်ကြည့်လိုက်ပါအုံး"

"ဟုတ် မမလေးနန်း"

နွားလှည်းမယူဘဲ မမခင်လက်အားတွဲကာ နန်းယဥ်ခမ်းဘုန်းကြီးကျောင်းဆီသို့လျှောက်လာခဲ့တော့သည်။

"နန်းသတိထားလျှောက်နော် "

"ဟုတ်ကဲ့ပါမမခင်"

ရေကစားနေကြသောကလေးငယ်များမှာလည်း ဘုန်းကြီးကျောင်းသွားကြမည့် ဥပုသ်သည်များလာလျှင် ရေကစားခြင်းအားရပ်ပေးတတ်ကြသည်မှာ ချစ်စရာယဥ်ကျေးမှုတစ်ခုပင်။

"ဟာ ကြီးခင်တို့တောင်ရောက်လာပြီလား"

"အင်းတူမကြီး"

"တရားမနာခင်ရေနွေးကြမ်းနဲ့မုန့်လေးစားပါအုံး ကြီးနန်း"

"ကျေးဇူးပါကွယ်"

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)Where stories live. Discover now