မြစ်ရေတက်ချိန်မို့ လှေများလည်းသိပ်မထွက်ကြပေ။သာမာန်မြစ်ကူးစျေးသည်များလည်းအလာကျဲ၏။ မိုးရာသီပေမို့ ရွာတွင်ဖျားနာသူမှာလည်းခပ်များများပင်။
"အဟွတ်...အဟွတ်"
လက်ကိုင်ပဝါလေးအားနူတ်ခမ်းဝအုပ်ကာ ချောင်းဆိုးနေသူမှာနန်းယဥ်ခမ်းပင်...
"ချောင်းဆိုးတာလည်းမသက်ပါလား။ဆရာမလေးကလည်းဒီဘက်ကူမလားဘူး ခက်ပါတယ်"
ပြောရင်း မမခင် နန်းယဥ်ခမ်း၏နဖူးအားကိုယ်ပူစမ်းကြည့်လိုက်သည်။
"ကိုယ်တွေလည်းနွေးချင်သလိုဖြစ်နေပါလား။နန်းရယ်အဲ့တာကြောင့် မမခင်ကနန်းကိုမိုးရေမချိုးစေချင်တာပေါ့ နေမကောင်းဖြစ်ရင်ဘယ်လိုလုပ်မလဲ"
"ဘာမှမဖြစ်ပါဘူးမမခင်ရဲ့ဗမာဆေးလေးနည်းနည်းသောက်လိုက်ရင်သက်သာသွားမှာပါ"
သို့သော်... နူတ်ခမ်းမှာလည်းဖြူဖက်ဖြူရော်ပင် စကားသံမှာလည်းသိပ်၍အားရှိပုံမရ
"ခနနေကြက်သားစွပ်ပြုတ်လေးမမခင်လုပ်ပေးမယ်နော်...ပြီးတော့နန်းဘာစားချင်သေးလဲ"
"ကြက်သားစွပ်ပြုတ်လေးပဲရပါတယ်မမခင်ရယ်"
ရွာထဲသို့အမြန်သွားကာ ကြက်တစ်ကောင်အသင့်ကိုင်ခိုင်းလာပြီး အိမ်ပြန်ရောက်သောမမခင် ကြက်သားစွပ်ပြုတ်အားချက်တော့သည်။
တလောတကြီးနဲ့လုပ်နေသောကြောင့် လက်တစ်ဖက်အပူလောင်သောလည်း မမခင်ပူ၍ပူမှန်းပင်မသိလိုက်..."နန်းဒီမှာကြက်သားစွပ်ပြုတ်လေးရပြီ အရည်လေးလည်းသောက်နော်ဂျင်းလေးနဲ့ဆိုတော့မွှေးတယ်။ဒီပေါင်လေးလည်းစားဗမာကြက်ကအသားသေးပေမဲ့ အားဖြစ်တယ်"
ကြက်သားစွပ်ပြုတ်ပန်းကန်ကိုင်ထားသော မမခင်၏ညာဘက်လက်အနည်းငယ်နီရဲနေသည်ကို နန်းယဥ်ခမ်းသတိထားမိလိုက်၏
"လက်ကဘာဖြစ်တာလဲမမခင်"
နန်းယဥ်ခမ်းမေးလေတော့ မမခင်လက်အားနောက်ပို့လိုက်ပြီး
"ဘာမှမဖြစ်ပါဘူးနန်းရဲ့ ဟိုအိမ်မှာကြက်ကိုင်ခိုင်းတုန်း ကောင်လေးကရေနွေးအိုးမကိုင်တတ်တော့မမခင်ကိုလာစင်သွားတာပါ"
![](https://img.wattpad.com/cover/286593979-288-k596464.jpg)
YOU ARE READING
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...