နန်းယဥ်ခမ်းအားချော့မြူသိပ်ရင်း ခင်ခင်တစ်ယောက်ပါတစ်ရေးတစ်မော အိပ်ပျော်သွားတော့သည်။
"ကြီးမြ ထွေးမာဘာဝိုင်းကူရအုံးမလဲ"
"ကြီးမြကိုကြက်သွန်နီလေးအခွံခွာပြီးထောင်းပေးပါလားကွယ်"
"ဟုတ် ကြီးမြ"
ကြီးမြတစ်ယောက် ညနေချက်ပြုတ်နေချိန် ထွေးမာသည်လည်းအနားတွင်ကူပေး၏။
"နိုးလာပြီလား နန်း"
"မမခင်ကမအိပ်ဘူးလား"
"မမခင်လည်းခုမှနိုးတာ ကယ် နိုးပြီဆိုထရေချိူးလိုက်နော် မမခင်လည်းအဝတ်ပြန်လဲလိုက်အုံးမယ်"
"ဟုတ် မမခင်"
သိပ်ကိုနွေးထွေးအေးဆေးသော ညနေခင်းလေးပင်။တူတူစကားများပြောရင်း ရယ်မောကြရင်း နန်းယဥ်ခမ်း အိမ်သာများနှင့်တူတူ ထမင်းတူတူစားသည်။
နန်းယဥ်ခမ်းအပေါ် ထွေးမာနှင့်ဌေးဌေးသည်လည်း အမြင်ပြောင်းလဲသွားတော့သည်။"ဒါနဲ့ ကိုဘသောင်းကဘယ်ဇာတိလဲ"
"မကွေးဇာတိပါမမလေးနန်း"
"ဪ "
"ဟို မမလေးနန်း ထွေးမာလေး မမလေးနန်း ကိုတစ်ခုလောက်မေးလို့ရမလားရှင့်"
"ရပါတယ်ထွေးမာမေးလေ"
"ဟို မမလေးနန်းသာ အရေးပိုင်မင်းနဲ့တူတူမနေဖြစ်တော့ရင် ထွေးမာတို့ကိုထားခဲ့မှာလားဟင်"
နန်းယဥ်ခမ်း ခတ္တစဥ်းစာလိုက်ပြီး
"နန်း ရဲ့နောက်ကိုလိုက်ချင်ရင် နန်းကခေါ်သွားမှာပါ ထွေးမာမှမဟုတ်ဘူး အကုန်လုံးလိုက်ချင်ရင်အကုန်ခေါ်သွားမှာ"
နှစ်ပေါင်းများစွာတူတူနေလာကြသောလည်း ယခုကဲ့သို့တစ်ခါမျှစကားပွင့်ပွင့်လင်းလင်းမပြောခဲ့ဖူးကြပေ။ညစာစားပြီးသော ကြီးမြတို့ထိုင်နေကျ ကွပ်ပျစ်ပေါ်တွင် နန်းယဥ်ခမ်းပါထိုင်ပြီး စကားများဝိုင်းဖွဲ့ပြောကြသည်။
~~~~~~
"နန်းရေ နန်း "
ခင်ခင် အခန်းတံခါးခေါက်ကာ ခေါ်နေသောလည်း နန်းယဥ်ခမ်း အသံမပေး။
ခင်ခင် အခန်းတံခါးဖွင့်ကာ မိမိဘာသာအခန်းထဲဝင်သွားသည်။
![](https://img.wattpad.com/cover/286593979-288-k596464.jpg)
YOU ARE READING
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...