နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ18

6K 591 13
                                    

၁၉၂၂ ဇွန်လ ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော GCBC အထူးကွန်ဖရင့်က ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ကျောင်းသားများ စတင်သပိတ်မှောက်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ကို အမျိူးသားနေ့အဖြစ်ရွေးချယ်သတ်မှတ်ခဲ့ကြသည်။

"နန်း ဘာတွေစဥ်းစားနေတာလဲ"

"ဘာမှမစဥ်းစားပါဘူး မမခင်"

"နေရာကောင်းရဲ့လားဟင်"

"ကောင်းပါတယ်မမခင် ဪ မေ့တော့မလို"

နန်းယဥ်ခမ်း ဆိုင်ရှေ့မှထကာ စတိုခန်းဘက်သို့ဝင်သွား၏။

"ဒီမှာမမခင် ရှင်မတောင်သနပ်ခါးတုံး"

"ဟော့တော် နန်းဒါတွေကိုဘယ်အချိန်ကဝယ်လိုက်တာလဲ"

"ကိုထွန်းမော်ကိုရှာဝယ်ခိုင်းထားတာ မမခင် ကြိုက်ရဲ့လား"

"မကြိုက်ပဲနေပါ့မလား နန်းရယ် "

"နန်းလည်းတစ်တုံးယူထားတယ် အိမ်မှာနေရင် လိမ်းရအောင်လို့"

"မမခင်လေး ငယ်ငယ်ကသိပ်ကြိုက်တဲ့ ရကန်တစ်ပုဒ်ကို နန်းအတွက်ရေးထားတယ်"

"ဟုတ်လား မမခင်"

"အစကတော့ မမခင်ကစာမတတ်ဖူးလေ အဲ့တော့ရွာဦးကျောင်းကကပ္ပိယကြီးရွတ်ဆိုပြတာကိုပဲနားယဥ်ပြီး သဘောကျခဲ့တာ ခုအဲ့ရကန်ထဲကသဇင်ဟာ မမခင်အတွက်အပြင်မှာတကယ်တွေ့ခဲ့ရပြီလေ"

"မမခင်ပိုပါပြီ နန်းတောင်သဇင်ကိုဂျော်နသန်နဲ့မင်္ဂလာဆောင်တုန်းကပဲပန်ခဲ့တာ သဇင်ကအရမ်းရှားတယ်လေ "

"မမခင်အတွက်ရော မြန်မာအမျိူးသမီးတွေအတွက်ပါ နန်းကလည်းရှားပါးတဲ့သဇင်ပဲလေ"

နန်းယဥ်ခမ်း ခင်ခင်၏ချီးမွမ်းပြောဆိုသော စကားကြောင့် အနည်းငယ်ရှက်သွေးလေးများဖြာသွား၏။

"အဲ့ရကန်ကဘယ်သူရေးခဲ့တာလဲ မမခင်"

"စာဆိုဦးတိုးရေးခဲ့တာတဲ့ နန်း တကယ်လို့နန်းကြားချင်ရင်  မမခင်ရွတ်ပြမယ်လေ"

"ဟုတ် မမခင် နန်းနားထောင်ချင်တယ်"

ခင်ခင်လေယူလေသိမ်းပြောင်းကာ နန်းယဥ်ခမ်း၏မျက်ဝန်းများအား စေ့စေ့ကြည့်ရင်း

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)Donde viven las historias. Descúbrelo ahora