နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ29

5.4K 562 11
                                    

သူမ၏လက်ထဲတွင်လည်း သေနတ်တစ်လက်ကိုင်ထားသေးသည်။သူမ၏မျက်ဝန်းအိမ်များ စွန်ရဲတစ်ကောင်သည် သားကောင်အားစေ့စပ်စွာသေချာစိုက်ကြည့်နေသကဲ့သို့ ဂျော်နသန်အားကြည့်နေ၏။

ခင်ခင် အပေါ်ထပ်အရောက်လှေကားနားမှ နန်းယဥ်ခမ်းအား ရပ်ကြည့်နေရင်း

"မမခင် နန်းဘာမှမဖြစ်ပါဘူးနော် "

ခင်ခင် မိမိအားစိုးရိမ်နေသည်ကို နန်းယဥ်ခမ်းသိသည်။သူမအားစိတ်ဖြေလျော့စေရန် မိမိဘာမှမဖြစ်ကြောင်းပြော၏။

"သေနတ် ကိုယ့်ကိုပေး နန်း"

ဂျော်နသန်ရှေ့အနည်းငယ်တိုးကာ နန်းယဥ်ခမ်းလက်ထဲမှ သေနတ်အားချော့တောင်းသည်။ နန်းယဥ်ခမ်းသေနတ်အား ခုံပေါ်သို့တင်လိုက်ပြီး ခင်ခင်၏အနားသို့လျှောက်လှမ်းသွားကာ

"ပြန်နားလိုက်တော့နော် မမခင် နန်းဘာမှမဖြစ်ဘူး "

မျက်လူံးသူငယ်အိမ်ကလေးများ လူပ်လူပ်ရှားရှားပင် ခင်ခင်တစ်ယောက် နန်းယဥ်ခမ်း၏ မျက်ဝန်းများအားလိုက်ကြည့်နေ၏။

"နန်းတကယ်ဘာမှမဖြစ်ပါဘူးနော်"

"နန်းဘာမှမဖြစ်ပါဘူး ပြန်နားလိုက်တော့နော် မမခင်"

စိတ်မချပါသော်လည်း သူမအားအတွင်းဆွဲထားရန် မိမိတွင်အာဏာမရှိခဲ့ပါ။ဆွဲထားခွင့်မရှိခဲ့ပါ။စိုးရိမ်ပါသောလည်း အနားတွင်အချိန်ပြည့်ရှိမပေးနိုင်ခဲ့ပါ။ခင်ခင် နန်းယဥ်ခမ်းချော့မော့ပြောသော စကားများနားထောင်ပြီး မိမိအိမ်တန်းဘက်သို့ပြန်လာခဲ့တော့သည်။

"နန်းပင်ပန်းနေပြီ နားတော့မယ် ဘာမှဆက်မပြောကြတာအကောင်းဆုံးပါ ကိုဂျော်နသန်"

နန်းယဥ်ခမ်း ဦးစွာအိပ်ယာဝင်သွားခဲ့သည်။ဝီစကီခွက်အား ကိုင်ရင်း တစ်ကျိုက်ပြီးတစ်ကျိုက် မိမိဒေါသအားဖြေလျော့ရင်း ဂျော်နသန်ကုလားထိုင်ပေါ်တွင်သာ တစ်ညလုံးအချိန်ကုန်ဆုံးခဲ့လေတော့သည်။

~~~~~~

"ညကသေနတ်သံကြားလိုက်လား ထွေးမာ"

"ကြားတာပေါ့မမဌေးရယ် မမကြီးခင်ဆိုစံအိမ်ကြီးဆီချက်ချင်းပြေးသွားတာ ဖိနပ်တောင်မစီးဘူး ခုပုလင်းကွဲစူးမိပြီလေ"

နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)Nơi câu chuyện tồn tại. Hãy khám phá bây giờ