"မသွားပါနဲ့အရီးနန်းရယ် မိုးတွေရွာနေတာလေ"
"သွားရမယ်တူမကြီးရယ်။မမခင်များတစ်ခုခုဖြစ်နေပြီလားမသိဘူး "
နန်းယဥ်ခမ်းနေမကောင်းသောလည်း မိုးရွာကြီးထဲမြစ်ဆိပ်သွားရန်အတင်းထနေတော့သည်။
ထိုစဥ်မိုးမှာတဖြည်းဖြည်းချင်း ရပ်တန့်သွား၏။
နန်းယဥ်ခမ်း အတင်းထကာအိပ်ရာထဲမှထွက်လာခဲ့သည်။ကိုယ်လက်များကိုက်ခဲနေသောလည်း သူမ မမူနိုင်တော့ပေ။အတင်းအားသုံးကာမတ်တပ်ထရပ်ပြီး အိမ်ရှေ့သို့အလျှောက်"နန်း...ဘာလို့ထနေတာလဲ"
ကြားလိုက်ရသောအသံတစ်ခုကြောင့် မိမိရင်ထဲပူဆွေးနေသမျှအရာအားလုံးအေးချမ်းသွားလိုက်ရသည်။ရေအနည်းငယ်စိုရွဲနေသော မမခင်အား နန်းယဥ်ခမ်းအားရပါးရပွေ့ဖက်လိုက်ပြီး
"မမခင်ဘာမှမဖြစ်ဘူးနော်"
"မမခင်ဘာမှမဖြစ်ပါဘူးနန်းရဲ့ ဟောဘာဖြစ်လို့ငိုနေတာလဲနန်း...မမခင်ကမိုးရေတွေစိုနေတာမဖက်နဲ့တော့နော်"
"နောက်ဆို...နောက်ဆိုမြစ်ကိုတစ်ယောက်ထဲမကူးပါနဲ့မမခင် နော် နန်းရင်တွေပူရလွန်းလို့ပါ"
"မမခင်ဘာမှမဖြစ်ပါဘူးနန်းရဲ့"
နန်းယဥ်ခမ်း၏ခေါင်းကလေးအားဖြည်းဖြည်းချင်း ပွတ်သပ်ပေးရင်းသူမစိတ်အေးစေရန်ချော့နေခဲ့သည်။
"ဟေ့ဟေ့ ဟိုလှေဆိပ်မှာအမျိူးသမီးကမိုးရွာနေတာကိုလှေပေါ်တက်နေတယ်။သွားတားကြစမ်း"
အဖိုးအိုတစ်ဦး၏စကားကြောင့် မြစ်ဆိပ်ရှိလူငယ်အချို့မိုးရေထဲချက်ချင်းပြေးဆင်းကာ လှေပေါ်တက်နေသောထိုအမျိူးသမီးအားဝိုင်းဆွဲကာ တားလိုက်ကြသည်။
"အရီးမိုးတွေရွာနေတယ်လေ။ဘယ်လိုလုပ်လှေပေါ်တက်နေတာလဲ"
"အရီးရဲ့အမျိူးသမီးလေးနေမကောင်းဖြစ်နေလို့ပါ"
"ဒါဆိုအရီးကဟိုဘက်ကမ်းကိုခုပြန်ဖို့ပြင်နေတာလား။မပြန်ပါနဲ့အုံးအရီးရယ် မိုးတွေရွာနေတာကိုလှိုင်းခတ်မှာပေါ့"
"အရီးပြန်ရမယ်။မဟုတ်ရင်နန်းစိတ်ပူနေမှာ ပြီးတော့ဆေးလည်းမြန်မြန်သက်သာအောင်တိုက်ရမယ်"
YOU ARE READING
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romanceနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...