ညနေငါးနာရီကျော်တွင် နန်းယဥ်ခမ်းနှင့်ခင်ခင်တို့ဆိုင်မှပြန်လာကြသည်။
"မမလေးနန်းပြန်လာပြီလား"
ထွေးမာရေခွက်လေးအဆင်သင့်နှင့် နန်းယဥ်ခမ်းအားကြို၏
"ကိုဂျော်နသန် ပြန်မရောက်သေးဘူးမှတ်လား"
"ဟုတ်ပြန်မရောက်သေးပါဘူးမမလေးနန်း"
"ခင်ခင်ကားထဲကပိတ်စတွေသယ်ပြီးအပေါ်လိုက်ခဲ့"
"ဟုတ်မမလေးနန်း"
ထွေးမာမျက်လုံးအပြူးသားဖြင့်။အကြောင်းမှာ စံအိမ်၏အပေါ်ထပ်သို့ဂျော်နသန်မခေါ်မချင်းမည်သူတစ်ဦးတစ်ယောက်မှ အပေါ်တက်ခွင့်မရှိပေ။ယခုနန်းယဥ်ခမ်းသည်ခင်ခင်အားအပေါ်ထပ်သို့ခေါ်သွားလေသည်။ထွေးမာသည်ပင် အိမ်အပေါ်ထပ်သို့တစ်ခါမျှမရောက်ဖူး။
"ပိတ်တွေဒီခုံပေါ်ချလိုက်"
"ဟုတ်မမလေးနန်း"
ခင်ခင်အပေါ်ထပ်သို့တက်လာသောအချိန်တွင် သူမလက်ထဲတွင်ပိတ်ထားသော ပိတ်စများကိုသာဂရုစိုက်နေခဲ့ရသောကြောင့် ဘေးပတ်ဝန်းကျင်အားသေချာမကြည့်ခဲ့မိ။အိမ်လှေကားတက်တက်ချင်းနေရာရှေ့တွင် ကျွန်းသစ်သားများဖြင့် ပြုလုပ်ထားသောအကောင်းစား စားပွဲခုံနှင့်ကုလားထိုင်များတွေ့ရပြီ နောက်နံရံတွင်လည်း ဘုရင်ခံချုပ်ကြီး၏ပုံအားချိတ်ဆွဲထားသေးသည်။
"ဟဲ့ခင်ခင်ဘာတွေငေးနေတာလည်း"
"ရှင်မမလေးနန်း"
"ရေသွားချိူးတော့လို့ငါလိုရင်လှမ်းခေါ်လိုက်မယ်"
"ဟုတ်ကဲ့မမလေးနန်း"
နန်းယဥ်ခမ်းလည်းရေမိုးချိုးအနားယူ၏
"ပြောစမ်းပါအုံးခင်ခင် မမလေးနန်းနဲ့စျေးလိုက်သွားရတာဘယ်လိုလည်း"
"အမယ်လေးမမလေးနန်းကသဘောကောင်းပါတယ်ကြီးမြရယ် ထွေးမာနဲ့ဌေးဌေးကလျှောက်ပြောနေကြတာ"
"ဟုတ်လား"
"ဟုတ်ပါ့တော် အရင်ဆုံးလေဦးလေးကြီးတစ်ယောက်ကသူ့သမီးလေးကိုရင်ဖုံးအင်္ကျီလေးဝယ်ပေးချင်လို့တဲ့မမလေးနန်းကလေပြုံးပြီးကိုချိုချိုသာသာနဲ့"
ŞİMDİ OKUDUĞUN
နန်းယဥ်ခမ်းကိုချစ်သနားလှည့်ပါ(Completed)(Uni+ZG)
Romantizmနန်းကိုဆိုလူတွေကသိပ်မုန်းကြတယ်နန်းယဥ်ခမ်းကသိပ်အတ္တကြီးတဲ့မိန်းမတဲ့မမခင်ရောအဲ့လိုထင်လား မမခင်ကသခင်မလေးရဲ့ကျွန်ပါကြောက်ကြောက်မကြောက်ကြောက်ချစ်ချစ်မချစ်ချစ်ကျွန်ဆိုတာသခင်အနားသေသည်အထိနေရမှာပါ ဤဇာတ်လမ်းတွင်းအမည်နာမများနှင့်ဇာတ်လမ်းသည်စိတ်ကူးယဥ်သက်သက်မျှသ...