2

11.8K 1.1K 26
                                    

" ကြည့်လှချည်လား.. "

" ငါစောစောက နင့်ကိုစိတ်ကူးနဲ့ပဲနားလည်ခဲ့တာ .. အခု ကိုယ်တိုင်နားလည်ပြီထင်တယ် .. "

လီဆာက ဖြစ်တည်မှုတစ်ခုကိုသဘောကျတဲ့ခံစားချက်ဖြစ်နေတာ။ မကြုံဖူးပေမယ့် ဒါဟာ အချစ်လို့ထင်တယ်။ ဒီအမျိုးသမီး ဒီနေရာမှာ ပေါ်လာခြင်းအတွက် လီဆာက ဘုရားသခင်ကို ကျေးဇူးတင်နေတဲ့ခံစားချက်လေ။

ယောကျ်ားသားတွေ၊ မိန်းမသားတွေအများကြီးနဲ့ ပြောဆိုဆက်ဆံဖူးပေမယ့် ထူးခြားတဲ့ခံစားမှုမဖြစ်ဖူးဘူး။ လီဆာ့ကိုလာချဥ်းကပ်တဲ့ ယောကျ်ားလေးတွေနဲ့မတော်တဆ အသားချင်းထိမိရင်တောင် တခြားမိန်းမငယ်တွေလို ရှက်ရွံ့တာမျိုးမရှိတာ။ ယောကျ်ားလေးတွေအပေါ်တင်လားဆိုတော့ မိန်းကလေးတွေအပေါ်မှာလည်း လီဆာ ထူးခြားတဲ့အာရုံစိုက်မှုမရှိခဲ့ပါ။ မြို့တော်ဝန်သမီးမို့ လီဆာကအမြဲ တခြားမိန်းကလေးတွေထက် ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံ၊ ရုပ်ရည်ကအစ အရာအားလုံး ကွဲထွက်သာလွန်နေခဲ့တာချည်း။ ထို့ကြောင့်လဲ သူတို့ကသာလီဆာ့အပေါ်မှာ အာရုံစိုက်ခဲ့ကြတာ။

အခုတော့ဖြင့် လီဆာဟာ ကိုယ်တိုင်မဟုတ်တဲ့ တခြားလူတစ်ယောက်ရဲ့ဖြစ်တည်မှုအတွက် ကျေးဇူးတင်နေမိပါတယ်။ အဲ့ဒီ့အမျိုးသမီးဟာ အားလုံးနဲ့မတူပဲ ထူးခြားတယ်။ ဘာမှမလုပ်ပဲ အဲ့ဒီ့အမျိုးသမီးကိုပဲ ထိုင်ကြည့်ရမယ်ဆိုရင်တောင် နာမ်တရားကြီး ခန္ဓာကိုယ်က ထွက်မသွားမချင်း လီဆာက ထိုင်ကြည့်နေနိုင်တယ်။

" ဟင်းး အဲ့တာဆိုရင်တော့ နင်ကငါ့ထက်ပိုခက်ပြီ .. "

" ဟင်.. "

" အဲ့ဒီ့အမျိုးသမီးက ဒီဘားပိုင်ရှင်ပဲ.. "

" ဒီဘားပိုင်ရှင်က ကောင်တာက အစ်မဆို.. "

" သူတို့က ညီအစ်မနှစ်ယောက်၊ နောက်ပြီး မစ်စ်ကင်ကအကြီး.. "

" မစ်စ်ကင်ဆိုတာ ဂျန်းနီကင်ကိုပြောတာလား.."

ဂျီဆူးက လေးဖင့်စွာခေါင်းငြိမ့်တယ်။

" မစ်စ်ကင်က အသက် 27 .. သူတို့ကညီအစ်မအရင်းတွေတော့မဟုတ်ဘူး လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ကျော်လောက်က အန်တီကြီးတစ်ယောက်နဲ့အတူ  ဒီမြို့ကိုရောက်လာတာတဲ့.. "

Daisy ; Blooms in 1960Where stories live. Discover now