17

8.6K 963 106
                                    

ဖိနပ်ဝတ်ဆင်ထားခြင်းမရှိတဲ့ခြေထောက်တွေကို လီဆာပြန်ငုံ့ကြည့်လိုက်သည် ။ အနည်းငယ်ပွန်းပဲ့သွားပုံရတဲ့ဒူးမှဒဏ်ရာက မိုးရေနဲ့ထိတဲ့အခါ စပ်ဖျင်းဖျင်း ။ ရေစိုနေတဲ့အက်ျီအနားစကို ဆွဲယူညှစ်ရင်း ရထားလမ်းဘေးမှာကျနေတဲ့ ဖိနပ်ကိုပြန်ကောက်လိုက်သည် ။ လီဆာ ဘာတွေလုပ်ခဲ့မိလဲ လီဆာကိုယ်တိုင်လည်းမသိဘူး ။ ရွေ့နေတဲ့ရထားပေါ်က အရူးလိုပြေးဆင်းလာခဲ့ပြီးတဲ့နောက် အလဲလဲ အကွဲကွဲပုံစံနဲ့ ဘူတာရုံမှာ လီဆာသာကျန်နေခဲ့တာ ။

ခြေထောက်မှာဖိနပ်ပြန်စီးနေတဲ့အချိန် မြို့အုပ်အိမ်က နာရီသံကိုကြားရသည် ။
ဘူတာရုံခေါင်မိုးကိုရိုက်ခတ်နေတဲ့မိုးသံတွေက ကျယ်လောင်လွန်းလို့ နာရီသံဟာ ခုနှစ်ချက်လား ရှစ်ချက်လားတော့ လီဆာမသဲကွဲပါဘူး ။

ခေါင်းထဲမှာ အမေ့ပုံစံကိုပုံဖော်မိနေပြီး အမေ့ကိုသိချင်စိတ်တွေကြီးစိုးနေတယ် ။
နောက်ပြီး ဦးနှောက်ရဲ့မေ့မပစ်နိုင်တဲ့အစိတ်အပိုင်းပိုင်ရှင် မိန်းမကလည်း လီဆာ့ရဲ့တွေးခေါ်နိုင်စွမ်းတွေကို ဝေဝါးအောင်လုပ်ဆောင်နိုင်စွမ်းရဲ့ ။

ဒီမြို့က ပြန်ဖို့အဲ့သလောက်ခက်မှန်းသိခဲ့ရင် လီဆာ မလာဘဲနေခဲ့မိမှာ ။ ဒါမှမဟုတ် ရထားကပဲ ဘူတာမှာ အချိန်ခနလေး ရပ်ခဲ့လို့လား ။ ရထားမထွက်ခင် ရထားပေါ်မှာထိုင်နေတဲ့တစ်လျှောက်လုံး လီဆာ့စိတ်တွေက ချီတုံချတုံဖြစ်နေခဲ့ပေမယ့် နေခဲ့ဖို့လည်း လုံးဝ မတွေးမိပါဘူး ။ ရထားစ ရွေ့မှ လီဆာကိုယ်တိုင်တောင်မသိလိုက်ဘဲ ပြန်ပြေးဆင်းခဲ့မိတာ ။ ရထားသာ ဒီ့ထပ်ကြာကြာရပ်နေပေးရင် လီဆာက ကိုယ့်စိတ်ကိုယ်ထိန်းချုပ်ပြီး ဆိုးလ်ကိုပဲ ပြန်သွားလောက်ရဲ့ ။

လီဆာ့အဖြစ်က ဘဝကိုအစိုးမရခဲ့သမျှ ကင့်ကိုချစ်မိပြန်တော့ ကိုယ့်စိတ်ကိုယ်ပါ အစိုးမရတော့ဘူး ။

ဒီနေ့အတွက်နောက်ဆုံးရထားမို့ ဘူတာရုံထဲမှာ လီဆာကလွဲပြီး ဘယ်သူမှရှိမနေတော့ ။ သည်းသည်းမည်းမည်းရွာနေတဲ့မိုးကြောင့် ကောင်းကင်ကြီးဟာ ခါတိုင်းထက်ပိုမဲမှောင်နေသယောင် ။

Daisy ; Blooms in 1960Tahanan ng mga kuwento. Tumuklas ngayon