" မမလေး ဒီနေ့မနက်စာအများကြီးစားတယ် "
ဆိုဟေးက ဝမ်းသာနေဟန်လှမ်းပြောရင်း လီဆာ့အား ရေခွက်ကမ်းပေးသည်။ ပြောရရင် လီဆာ ကင်နဲ့တွေ့ပြီးကတည်းက ကောင်းကောင်းအိပ်ပြီး ကောင်းကောင်းလည်းစားတယ်။ အကြောင်းပြချက်မရှိဘဲ တစ်ယောက်ထဲလဲ ခနခနပြုံးတတ်လာလို့ အိမ်ကလူတွေက လက်ထပ်ဖို့ပျော်နေတယ်လို့ ထင်နေကြပုံ။
တကယ်တမ်းလီဆာက ဘဝရဲ့စာမျက်နှာအသစ်မှာ ကင်ရှိနေမှာမို့ ပျော်နေယုံပါ။ ကင်အသက်ကြီးလာတာကိုစောင့်ကြည့်ရင်း၊ ကင်နဲ့အတူအသက်ကြီးရင်း၊ ဘဝထဲဘယ်အရာကိုမှထပ်ဝင်လာခွင့်မပြုဘဲ အဲ့ဒီ့မိန်းမတစ်ယောက်ထဲကိုဖက်တွယ်ထားရင်း နေတော့မယ်။ လီဆာတော့ ဒီလိုပဲတွေးထားတယ်။
" လီလီ သမီး "
ထမင်းစားခန်းထဲကထွက်လာရင်း ဧည့်ခန်းကိုအဖြတ်မှာ အဖေကလှမ်းခေါ်လာတာ။ ထူးထူးဆန်းဆန်း အဖေ့အနားမှာ ခါတိုင်းလိုခြေချင်းလိမ်နေတတ်တဲ့နိပွန်တွေရှိမနေ။ အဖေက စားပွဲပေါ်မှာဘရန်ဒီတစ်လုံးနဲ့ဖန်ခွက်အလွတ်တစ်လုံးတင်ထားပြီး၊ အဖေဖွင့်ထားပုံပေါ်တဲ့အဖြူအမဲတီဗီမှာ ဆောင်းရာသီဂျပန်သီချင်းတစ်ပုဒ်လာနေတယ်။ အမြဲအလုပ်ရှုပ်နေတတ်တဲ့အဖေ့ကို ဒီပုံစံနဲ့မြင်ရတာ လီဆာအသားမကျသလိုရှိပါတယ်။
" ပြောစရာရှိလို့လားအဖေ "
" အင်း ထိုင်ဦး "
လီဆာအဖေနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်ရင်း တီဗီအသံကိုအလိုက်တသိပဲတိုးလိုက်တယ်။ အဖေက ဘရန်ဒီတွေကို ဖန်ခွက်ထဲထည့်ရင်း တစ်ဝက်မျှမော့ချတယ်။ ပြီးကာမှ ..
" ဖူမီဟီတိုကို ဘာလို့လက်ထပ်ခိုင်းခဲ့လဲသိလား .. သမီးအတွက်ပဲ "
ကြားနေကျစကားပေမယ့် လီဆာ့အတွက်လို့ပါလာတာက အနည်းငယ်ထူးဆန်းတယ်ပြောရမယ်။ အဖေနဲ့မျက်နှာချင်းမဆိုင်ဖြစ်တဲ့တစ်လနီးပါးအတွင်း အဖေဘာတွေပြောင်းလဲခဲ့သလဲလီဆာမသိ။
" အဖေကဒီမှာကျန်ခဲ့ပြီး သေရလည်းကိစ္စမရှိဘူး "
အဖေ့ဆီက တစ်ခါမှမကြားဖူးခဲ့တဲ့စကားမျိုး။
အဖေ့မျက်ဝန်းမှာ မျက်ရည်တွေရစ်သိုင်းနေတာမြင်တော့ လီဆာရုတ်တရက်ကြီး ဝမ်းနည်းလာတယ်။

VOCÊ ESTÁ LENDO
Daisy ; Blooms in 1960
FanficA sunflower said she found love where she saw the brave daisy.