21

8.9K 979 57
                                    

ရထား စရွေ့တဲ့အခါ လီဆာပြတင်းပေါက်နားက ခုံမှာ ထိုင်ချမိလိုက်သည်။ နှုတ်ခမ်းဆီက ပူနွေးနွေးအသိက အခုထိ ခံစားလို့ရနေတုန်းပဲ။

ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့အခါ အနမ်းတစ်ဝက်ကို ဆက်ဆက်လာပေးပါတဲ့။ ဒါဟာ ကင်က လီဆာ့ကို စောင့်နေပါ့မယ်လို့ ဆိုလိုခြင်းမလား။ စိတ်တွေက ထုံကျဥ်နေတာပါပဲ။ တကိုယ်လုံး လေပေါ်မှာ လွင့်မျောနေသလို ခံစားချက်နဲ့။

ကင့်အဝေးကို ခြေမလှမ်းနိုင်မှာစိုးလို့ ကင့်ကိုတားဆီးခဲ့ပေမယ့် ကင်က သိပ်လည်တဲ့မိန်းမ။ ချစ်တယ်ဆိုတဲ့စကားနဲ့မဟုတ်ဘဲ အပြုအမူတွေနဲ့ တင်းတင်းချည်လွှတ်လိုက်တာ။

မရုန်းနိုင်၊ မရုန်းချင်တဲ့ လူကိုမှ .. ။

ပြတင်းပေါက်ကတစ်ဆင့်မြင်ရတဲ့ မြင်ကွင်းတွေကလည်း လီဆာ့အာရုံထဲ ရွေ့လျားလို့နေတယ်။ မြို့အထွက်မှာ နေကြာခင်းကိုလှမ်းမြင်ရတော့ ကင့်ဆီက ထွက်လာခဲ့တာကို နောင်တ မရတော့သလိုပါ။ ဒီလောက်လှတဲ့ နေကြာတွေကို လီဆာ အကျည်းမတန်စေချင်ဘူးလေ။ ဒီနေကြာခင်းကို ကောင်းတဲ့အမှတ်တရအနေနဲ့ပဲ မှတ်ဥာဏ်ထဲသိမ်းထားချင်တာ။ ဆိုးရွားတဲ့အဖြစ်အပျက်တွေကို မဖန်တီးပစ်ချင်။

နေကြာခင်းကို ရထားက ကျော်ဖြတ်လာပြီးတဲ့နောက်မှာ မြို့ဆီက နာရီသံကို ခပ်ဝါးဝါး ကြားလိုက်ရတယ်။ ကင်လည်း အဲ့ဒီ့နာရီသံကို နားထောင်နေလောက်မယ်။ မနက် ခုနှစ်နာရီ အချက်ပေးသံဖြစ်နိုင်ရဲ့။ လီ​ဆာကတော့ ခုနှစ်ချက်ပြည့်အောင် မကြားရပါဘူး။ ရထားက မြို့နဲ့အတော်အလှမ်းဝေးလာတာမို့ပါ။

မိနစ်အနည်းငယ်ကြာတဲ့အခါ ပြတင်းပေါက်ကတစ်ဆင့် မျက်နှာကိုလာရိုက်ခတ်တဲ့ လေနုအေးအေးက အနည်းငယ်ကြမ်းလာတယ်။ ရထားအရှိန်ရလာသလို လေထုကလည်း ရထားဆီကထွက်လာတဲ့ မီးခိုးငွေ့တို့သာပါလာတော့ရဲ့။ သေချာပေါက် လီဆာ မြို့နယ်နိမိတ်ထဲက ထွက်လာခဲ့ပါပြီ။ မနက်ခင်းရဲ့ ကြည်လင်နေတဲ့ကောင်းကင်အောက်မှာ ဂွမ်ကျုံးက အေးအေးချမ်းချမ်းပဲ ဆက်လက်တည်ရှိရင်း ကျန်နေရစ်ခဲ့ပြီ။

ကင်လည်း ဒီအချိန်ဆို အိမ်ကိုပြန်ရောက်လောက်ရောပေါ့။ အခန်းထဲက ကုတင်ပေါ်မှာထိုင်ရင်း လီဆာ့အကြောင်းကို စဥ်းစားနေမလား။ ဒါမှမဟုတ် ရှေ့ဆက်လုပ်မယ့်အရာတွေအတွက် ဂျွန်ဆိုတဲ့လူနဲ့များ အစီအစဥ်တွေ ဆွဲနေမလား။

Daisy ; Blooms in 1960Hikayelerin yaşadığı yer. Şimdi keşfedin